▪️မူလတန်းမှ အထက်တန်းအထိ ကျောင်းသား၊ကျောင်းသူ ၆၀၀ခန့် ဖြေဆို
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ယနေ့ (ဇူလိုင် ၉)က အတန်းတင်စာမေးပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အတန်းတင်စာမေးပွဲကို မူလတန်းအဆင့်မှ အထက်တန်းအဆင့်အထိ ကျင်းပခဲ့ပြီး ကျောင်းသား၊ကျောင်းသူ ၆၀၀ခန့် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။




NUGပညာရေးဝန်ကြီးဌာန၏ ကြားကာလ ပညာသင်နှစ်ကို ဆရာ၊ ဆရာမ ၊ စေတနာ့ဝန်ထမ်း (Volunteer) စုစုပေါင်း ၅၅ဦး နှင့် CDM ဝန်ထမ်း ၁၈ဦးတို့က ဦးဆောင်ပြီး သင်ကြားပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ပထမပတ်ကလည်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်ရှိ ကျေးရွာတစ်ရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပညာရေးစုံညီပွဲတော်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် မိုးရာသီအားကစား ပွဲတော်တို့ကိုလည်း ကျင်းပပြုလုပ်ခဲ့ကြသည်။

Public Service Announcement
