Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ကနေ စခန်းစွန့်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့ ထပ်မံတိုက်ခိုက်ခံရ

နိုဝင်ဘာလ ၂၇ ရက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၅ ဦးထပ်မံသေဆုံးခဲ့ကြတာလို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

ဖာပွန်ကနေ စခန်းစွန့်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့ ထပ်မံတိုက်ခိုက်ခံရ
ဖာပွန်ကနေ စခန်းစွန့်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့ ထပ်မံတိုက်ခိုက်ခံရ

နိုင်ပကောင်း/People’s Spring

ဖာပွန်မြို့နယ်၊ မထောတပ်စခန်းကနေ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅) နဲ့ ပူးပေါင်းတပ် က နိုဝင်ဘာလ ၂၇ ရက်က ပိတ်ဆို့တိုက်ခိုက်ရာမှာ စစ်သား ၅ ဦး ထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။

မထောတပ်စခန်းက ဖာပွန်မြို့ နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိပြီး နိုဝင်ဘာလ ၂၂ ရက်က KNU နဲ့ ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မထောတပ်စခန်းရဲ့အောက်ဘက်မှာ ရှိတဲ့ တောင်သုံးလုံး တပ်စခန်းဆီ ဆုတ်ခွာသွားကြတာပါ။

စခန်းစွန့်ပြီးပြေးတဲ့ စစ်ကောင်စီတပ် ကို KNU တပ်မဟာ (၅) နဲ့ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်ရာ နိုဝင်ဘာလ ၂၃ ရက်မှာ စစ်သား ၁၀ ဦး သေဆုံးခဲ့သလို ခဲယမ်းအချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာလ ၂၇ ရက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၅ ဦးထပ်မံသေဆုံးခဲ့ကြတာလို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

တောင်သုံးလုံးတပ်စခန်းဟာ ဖာပွန်မြို့မှ မိုင်(၂၀)ကျော်အကွာ ဖာပွန်-ကတိုင်တိ-ကမမောင်းလမ်းမပေါ်တွင်တည်ရှိပြီး အဆိုပါတောင်သုံးလုံးတပ်စခန်းဆီ စစ်ကူပေးပို့နိုင်ဖို့ အတွက် စစ်ကောင်စီတပ်က ကမမောင်းဗျူဟာမှတ ဆင့် တပ်အင်အားတွေ ပို့ဆောင်နေပါတယ်။

အဲဒီစစ်ကူတပ်ကိုလည်း အဆင့်ဆင့် ပိတ်ဆို့တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ် ထိခိုက်ကျဆုံးမှုရှိပြီး လက်ရှိမှာတော့ ဘောကြိုလယ်ရွာအကျော်သို့ ရောက်ရှိနေပြီလို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

“တောင်သုံးလုံးကိုတော့ မရောက်ရှိသေးဘူး၊ တိုက်ပွဲဖြစ်တာတော့ ကြားတယ်” လို့ ဗိုလ်မှုးကြီး စောကလယ်ဒိုက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။