Connect with us

Hi, what are you looking for?

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ဒိုက်ဦးမြို့နယ် ခြေမြန်တပ်ရင်း (၄၄၀)အား (၄၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်းအတွင်းရှိ မြို့ပြ ပျောက်ကျားတပ်ဖွဲ့ဝင်များသည် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယခုထက်ပိုမိုတိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ​၏ အနီးနားမှ သွားလာနေထိုင်ခြင်းမပြုကြပါရန် တိုက် တွန်းထားသည်။

'နန်းထိုက်အောင်စစ်ဆင်ရေး'
'နန်းထိုက်အောင်စစ်ဆင်ရေး'

နန်းထိုက်အောင်စစ်ဆင်ရေး‘အဖြစ် ဒိုက်ဦးမြို့နယ် ခြေမြန်တပ်ရင်း အမှတ် (၄၄၀)အား (၄၀)မမဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၄ ရက်) ည ၇ နာရီခန့်က ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ခြေမြန်တပ်ရင်းအမှတ် (၄၄၀) ဂိတ်ကင်းပုန်းအား နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဗိုလ်မိုက်ခဲဦးဆောင်သည့် ကျောက်ကြီးမြို့ပြ ပျောက်ကျားအဖွဲ့မှ (၄၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

“ထိုပစ်ခတ်မှုတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရခဲ့ပြီး နောက်ဆက်တွဲ ထိ ခိုက်ဒဏ်ရာရရှိမှုအသေးစိတ်ကိုအတည်ပြုဆဲဖြစ်ပါ သည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း မြို့ပြပျောက်ကျားအဖွဲ့ဝင်များအနေဖြင့် ဘေးကင်းရာသို့ အောင်မြင်စွာပြန် လည်ဆုတ်ခွာနိုင်ခဲ့ပြီးဖြစ်ပါသည်”ဟု ရန်ကုန်စစ်ဒေသခွဲက ပြောသည်။

ပဲခူးတိုင်းအတွင်းရှိ မြို့ပြ ပျောက်ကျားတပ်ဖွဲ့ဝင်များသည် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယခုထက်ပိုမိုတိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ​၏ အနီးနားမှ သွားလာနေထိုင်ခြင်းမပြုကြပါရန် တိုက် တွန်းထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွက် စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ ကနဦး ထောက်ပံ့ကူညီငွေပေးအပ်ခဲ့ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရှည်လျားလှတဲ့ နိုင်ငံတကာ စစ်ဆင်ရေး ဖြန့်ကျက်မှုကာလ ပြီးဆုံးပြီးတဲ့နောက် အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Gerald R Fordဟာ မေလ ၁၆ ရက်နေ့မှာ နေရပ်နိုင်ငံဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။