Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်

အင်းတော်မြို့နယ် အောင်းကုန်း၊ နန့်သာနှင့် အင်ပင် ကျေးရွာ တကြောသို့ ယနေ့ (အောက်တိုဘာ ၂၀ရက်) နေ့လည် ၁၂နာရီခွဲတွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု Indaw Revolution က ဖော်ပြထားသည်။

(အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့အား စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ - Indaw Revolution)
(အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့အား စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ - Indaw Revolution)

▪️ပိတ်မိနေသည့် စစ်ကောင်စီတပ် လမ်းကြောင်းရှင်းပေးခြင်းဖြစ်နိုင်ဟုဆို

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်က ယနေ့ နေ့လည်ပိုင်း၌ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့၍ နေအိမ်အချို့ထိခိုက်မှုရှိခဲ့ကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်တစ်ဦးက ပြောသည်။

အင်းတော်မြို့နယ် အောင်းကုန်း၊ နန့်သာနှင့် အင်ပင် ကျေးရွာ တကြောသို့ ယနေ့ (အောက်တိုဘာ ၂၀ရက်) နေ့လည် ၁၂နာရီခွဲတွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု Indaw Revolution က ဖော်ပြထားသည်။

“အခြေအနေက ရွာထဲတွေကို လူတွေက မဝင်သေးတော့ မသိရသေးဘူး။ အထိအခိုက်တော့ ရှိတယ်ပြောတယ် ။ အိမ်ဘယ်နှစ်လုံးထိခိုက်တယ် ဆိုတာ မသိရသေးဘူး။ သူတို့က ပိတ်မိနေတဲ့ အနေအထား ဖြစ်နေလို့ထင်တယ်။ လမ်းကြောင်းရှင်းတဲ့အနေနဲ့ အဲဒီလို ပစ်တာ”ဟု အင်းတော် PDF ရဲဘော်တစ်ဦးက ပြောသည်။

(အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့အား စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ - Indaw Revolution)
(အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့အား စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ – Indaw Revolution)

အင်းတော်မြို့နယ် အောင်းကုန်းရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာ ၁၈ရက် ညနေပိုင်း၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်ကျဆုံးများခဲ့ကြောင်း Indaw Revolution က ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုစဉ်ကလည်း စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အောင်းကုန်းရွာမှ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။

(အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့အား စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ - Indaw Revolution)
(အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့အား စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ – Indaw Revolution)

အဆိုပါ ကျေးရွာများရှိ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရာ ယနေ့အထိ ကျေးရွာတွင်း ပြန်လည် ဝင်ရောက်မှုမရှိသေးဟု ဆိုသည်။

ယနေ့ လေကြောင်း တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်သည် အောင်းကုန်းရွာမှ တာပေါရွာဘက် သို့ သွားနေသည်ဟုသိရကြောင်း အင်းတော် PDFက ပြောသည်။

(အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့အား စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ - Indaw Revolution)
(အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့အား စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ – Indaw Revolution)

အင်းတော်မြို့နယ်တွင် ယမန်နေ့(အောက်တိုဘာ ၁၉ရက်)ကလည်း မြို့အထွက် ရိက္ခာကုန်းတပ်အနီးရှိ စစ်ဆေးရေးဂိတ်ကို ပြောက်ကျားတပ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ် လက်ပါးစေ ရဲ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။