Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် လေကြောင်းတိုက်ခိုက်မှုအပေါ် ထိုက်သင့်သည့်တုန့်ပြန်မှုပြုလုပ်မည်ဟု ချင်းတပ် (၁၈) ဖွဲ့ ပူးပေါင်းထားသည့် CJDC ကြေညာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် KIA တပ်မဟာ(၉)နယ်မြေ၌ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နေ့ အထိမ်းအမှတ်အကြို ဂီတပွဲလုပ်ဆောင်နေစဉ် အောက်တိုဘာ ၂၃ရက် ညပိုင်း၌ စစ်ကောင်စီတပ်က ပွဲတော်ကျင်းပရာနေရာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ပျက်စီးနေမှုမြင်ကွင်းအား တွေ့ရစဉ်)
(စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ပျက်စီးနေမှုမြင်ကွင်းအား တွေ့ရစဉ်)

အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ဒေသခံ ပြည်သူထုများ၊ အနုပညာရှင်များ၊ KIA အရာရှိ/ရဲဘော်များနှင့် ကချင်အဆိုတော်များ အစုလိုက် အပြုံလိုက် ထိခိုက်သေဆုံး ဒဏ်ရာရမှုနှင့်ပတ်သက်ပြီး ကချင်လူထု၊ ကျန်ရစ်သောမိသားစုများနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းကြောင်း ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ(CJDC)က ထုတ်ပြန်ကြေညာသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် KIA တပ်မဟာ(၉)နယ်မြေ၌ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နေ့ အထိမ်းအမှတ်အကြို ဂီတပွဲလုပ်ဆောင်နေစဉ် အောက်တိုဘာ ၂၃ရက် ညပိုင်း၌ စစ်ကောင်စီတပ်က ပွဲတော်ကျင်းပရာနေရာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ အပြစ်မဲ့အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု များ၊ လူမျိုးတုံးသတ်ဖြတ်မူများနှင့် စစ်ရာဇ၀တ်ကျူးလွန်ခြင်းအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချပြီး ဒဏ်ရာရှိသူများအတွက် အမြန်ဆုံးဆေးကုသမှုရေး ကူညီဆောင်ရွက်ရန် လေးနက်စွာတိုက်တွန်းကြောင်း CJDCက ထုတ်ပြန်သည်။

ယခု ဖြစ်ရပ်အတွက် ထိုက်သင့်သောတုန့်ပြန်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) များအပါအဝင် ချင်းလက်နက်ကိုင်တပ် (၁၈)ဖွဲ့ဖြင့် စုဖွဲ့ထားသည့် CJDCက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အရေးနိမ့်လာသော အကြမ်းဖက်စစ်ကောင်စီသည် လက်နက်အားကိုးပြီး သရဲဘောကြောင်လုပ်ရပ် ဖြင့် မြန်မာနိုင်ငံတဝန်းလုံးရှိ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်များ ဖျက်ဆီးခြင်း၊ ခိုးယူခြင်း၊ လုယက်သတ်ဖြတ်ခြင်း၊ ရွာလုံး ကျွတ်မီးရှို့ဖျက်ဆီးခြင်း၊ ဘာသာရေးအဆောက်အအုံများဖျက်ဆီးခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများစသော စစ်ရာဇသတ်မှုနှင့် အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်နေကြောင်းကို တွေ့နေရသည်ဟု CJDCက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်းထိုးစစ်မှာ အဓိက တာဝန်ယူတဲ့ စစ်တပ်ရဲ့ တပ်မ(၇၇)တပ်ဖွဲ့တွေကို ပြန်လည်ရုတ်သိမ်းကာ ရဲတပ်ရင်းတွေနဲ့ အစားထိုးနေရာချထားတယ်လို့ သတင်းရရှိထားကြောင်း ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးရ်က ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း