Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ရှိKIA တပ်မဟာ၉တွင် KIO နှစ်ပတ်လည်အကြိုပွဲပြုလုပ်စဥ်စစ်​ကောင်စီတပ်က​လေယာဥ်ဖြင့် ဗုံးလာကြဲ

ကံစီးဒေသခံတစ်ဦးကလည်း “ပွဲကျင်းပနေတုန်း ဗုံးလာကြဲတာ။ ပွဲအပေါ်ကိုတည့်တည့်ကျတယ်လို့ သိရတယ်။ဝမ်းနည်းစရာကောင်းတယ်”ဟု ပြောသည်။

(စစ်​ကောင်စီတပ်မှ တိုက်​လေယာဥ် ၂စီး ၂၀၁၉ ခုနှစ်ကမိတ္ထီလာ​လေတပ်တွင် စစ်​ရေး​လေ့ကျင့်စဥ်။ ဓါတ်ပုံ-စစ်​တပ်)
(စစ်​ကောင်စီတပ်မှ တိုက်​လေယာဥ် ၂စီး ၂၀၁၉ ခုနှစ်ကမိတ္ထီလာ​လေတပ်တွင် စစ်​ရေး​လေ့ကျင့်စဥ်။ ဓါတ်ပုံ-စစ်​တပ်)

ကချင်အနုပညာရှင်အချို့အပါအဝင်ထိခိုက်ကျဆုံးမှုများဟု​ ဒေသခံအချို့​ပြော

ကေအိုင်အေ တပ်မဟာ ၉ တွင် KIO အထိမ်းအမှတ်နေ့ပွဲ အကြိုကျင်းပနေစဉ် စစ်ကောင်စီတပ်က လေကြောင်းမှ လာ​ရောက်တိုက်ခိုက်ခဲ့သဖြင့်ကချင်တိုင်းရင်းသားအနုပညာရှင်အချို့အပါအဝင်ပြည်သူများထိခိုက်​​သေဆုံးမှုမျာကြောင်း KIA နှင့် နီးစပ်သူအချို့ကPeople’s Springသို့ပြောသည်။

​အောက်တိုဘာ ၂၅ ရက်တွင်ကျ​ရောက်မည့် ၆၂ နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO )၏နှစ်ပါတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အကြိုပွဲကို KIA တပ်မဟာ ၉ အခြေစိုက်သည့် ဖားကန့်မြို့နယ် ကံစီးကျေးရွာအနီးတွင်ယမန်နေ့(အောက်တိုဘာ ၂၃ရက်)ညက ကျင်းပနေစဉ် စစ်ကောင်စီတပ်က ဂျက်တိုက်​လေယာဉ်သုံးစင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။​ ​သေဆုံးသူများတွင် ဝါရင့်ကချင်တေးသံရှင်အော်ရာလီ ပါဝင်ခဲ့ပြီးသေဆုံးဒဏ်ရာရသူအ​ရေအတွက်ကိုမူ People’s Spring ကအတည်မပြုနိုင်သေးပါ။

စစ်ကောင်စီတပ်က ဗုံးကြဲြဲက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ပြည်သူ ၃၀ ကျော်ရှိပြီးထိုထဲတွင် ကချင်အနုပညာရှင်အသင်းမှ ကချင်တေးသံရှင်ကြီး အော်ရာလီပါဝင်ခဲ့ပြီး ကချင်အနုပညာရှင်အသင်း ဥက္ကဋ္ဌ(ဟောင်း) ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဇော်ဒိန်လည်း ထိခိုက်ဒဏ်ရာရရှိထားသည်ဟု သိရကြောင်း ကချင်ပြည်နယ်အ‌ခြေစိုက်သတင်းဌာန Kachin News Group က ဖော်ပြထားသည်။

“တိုက်လေယာဉ်တွေက နမခကနေ လာတာလို့ သိရတယ်။ ဒါဟာ တမင်ကို ယုတ်ယုတ်ကမ်းကမ်း ပြုမူလိုက်တာပဲ။ သေဆုံးတဲ့အထဲမှာ ကချင်အနပညာရှင်အချို့ပါတယ်။ ကေအိုင်အေက အရာရှိအချို့ပါတယ်လို့ ‌ကြားပေမယ့် ဒီဟာကို အသေးစိတ်မပြောလိုပါဘူး”ဟု ထိခိုက်သေဆုံးသူအချို့၏ မိတ်ဆွေတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ကံစီးဒေသခံတစ်ဦးကလည်း “ပွဲကျင်းပနေတုန်း ဗုံးလာကြဲတာ။ ပွဲအပေါ်ကိုတည့်တည့်ကျတယ်လို့ သိရတယ်။ဝမ်းနည်းစရာကောင်းတယ်”ဟု ပြောသည်။

ကေအိုင်အေပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နော်ဘူအား ယနေ့ နံနက် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ် မရသေးပါ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။