Connect with us

Hi, what are you looking for?

LuduNwayOo

News

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ရက်စေ့ဖြင့် ပြန်လွတ်လာ

စစ်တပ်က အာဏာမသိမ်းမီကတည်းက တပ်မတော်က တရားလိုပြုလုပ်တိုင်ကြားထားသည့် အသရေဖျက်မှုပုဒ်မ ၅၀၀ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တို့ဖြင့် ပြည်ကြီးတံခွန်မြို့နယ်တရားရုံး၌ အမှုဖွင့်ခံရခြင်းဖြစ်ပြီး အာဏာသိမ်းသည့်နေ့တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

စစ်တပ်ကအာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ရက်တွင် ဖမ်းဆီးခံရသော မန္တလေးမြို့ရှိ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်အရှင်အရိယာဝံသာဘိဝံသသည် ယနေ့တွင် ပြစ်ဒဏ်ရက်စေ့ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

စစ်တပ်က အာဏာမသိမ်းမီကတည်းက တပ်မတော်က တရားလိုပြုလုပ်တိုင်ကြားထားသည့် အသရေဖျက်မှုပုဒ်မ ၅၀၀ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တို့ဖြင့် ပြည်ကြီးတံခွန်မြို့နယ်တရားရုံး၌ အမှုဖွင့်ခံရခြင်းဖြစ်ပြီး အာဏာသိမ်းသည့်နေ့တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ထို့နောက် ဖေဖော်ဝါရီ၃ရက်တွင် လူဝတ်ရုံးထုတ်စစ်ဆေးပြီးနောက် ယင်းလတွင် ထောင်ဒဏ်ခြောက်လ အမိန့်ချမှတ်ခံရခြင်း ဖြစ်သည်။ ထို့ကြောင့် ဆရာတော်ပြန်လည်လွတ်မြောက်လာမှုမှာ ရက်စေ့ဖြင့် လွတ်မြောက် လာခြင်းဖြစ်ကြောင်း ဆရာတော်နှင့်နီးစပ်သူတစ်ဦးက အတည်ပြုသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး ဆရာတော်အရှင်အရိယာဝံသာဘိဝံသထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍မရ ပေ။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ထင်ရှားသည့်ဆရာတော်များဖြစ်သော မြဝတီမင်းကြီးဆရာတော်၊ ဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်)နှင့် ရွှေညဝါဆရာတော်တို့အပါအဝင် သံဃာတော် ၁၈ပါး ထက်မနည်းကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ဖမ်းဆီးထားသည်။