Connect with us

Hi, what are you looking for?

News

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ရက်စေ့ဖြင့် ပြန်လွတ်လာ

စစ်တပ်က အာဏာမသိမ်းမီကတည်းက တပ်မတော်က တရားလိုပြုလုပ်တိုင်ကြားထားသည့် အသရေဖျက်မှုပုဒ်မ ၅၀၀ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တို့ဖြင့် ပြည်ကြီးတံခွန်မြို့နယ်တရားရုံး၌ အမှုဖွင့်ခံရခြင်းဖြစ်ပြီး အာဏာသိမ်းသည့်နေ့တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

စစ်တပ်ကအာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ရက်တွင် ဖမ်းဆီးခံရသော မန္တလေးမြို့ရှိ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်အရှင်အရိယာဝံသာဘိဝံသသည် ယနေ့တွင် ပြစ်ဒဏ်ရက်စေ့ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

စစ်တပ်က အာဏာမသိမ်းမီကတည်းက တပ်မတော်က တရားလိုပြုလုပ်တိုင်ကြားထားသည့် အသရေဖျက်မှုပုဒ်မ ၅၀၀ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တို့ဖြင့် ပြည်ကြီးတံခွန်မြို့နယ်တရားရုံး၌ အမှုဖွင့်ခံရခြင်းဖြစ်ပြီး အာဏာသိမ်းသည့်နေ့တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ထို့နောက် ဖေဖော်ဝါရီ၃ရက်တွင် လူဝတ်ရုံးထုတ်စစ်ဆေးပြီးနောက် ယင်းလတွင် ထောင်ဒဏ်ခြောက်လ အမိန့်ချမှတ်ခံရခြင်း ဖြစ်သည်။ ထို့ကြောင့် ဆရာတော်ပြန်လည်လွတ်မြောက်လာမှုမှာ ရက်စေ့ဖြင့် လွတ်မြောက် လာခြင်းဖြစ်ကြောင်း ဆရာတော်နှင့်နီးစပ်သူတစ်ဦးက အတည်ပြုသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး ဆရာတော်အရှင်အရိယာဝံသာဘိဝံသထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍မရ ပေ။

Public Service Announcement

Public Service Announcement

စစ်တပ်ကအာဏာသိမ်းပြီးနောက် ထင်ရှားသည့်ဆရာတော်များဖြစ်သော မြဝတီမင်းကြီးဆရာတော်၊ ဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်)နှင့် ရွှေညဝါဆရာတော်တို့အပါအဝင် သံဃာတော် ၁၈ပါး ထက်မနည်းကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ဖမ်းဆီးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၃၀ရက် နံနက် ၄ နာရီတွင်လည်း စစ်ကောင်စီသည် ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ပအိုဝ်းဒေသ မောက်မယ်မြို့နယ် ဟိုနမ့်ဒေသရှိ ပအိုဝ်းကျေးရွာ နှစ်ရွာကို ဗုံး၁၄လုံးကြဲချတိုက်ခိုက်ခဲ့ဟု PNLAက အသိပေးသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်သည် ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီးအား ပစ်သတ်ပြီး ၄ရက်အကြာတွင် နောက်ထပ် ဆရာတော်တစ်ပါးကို ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

သံကလောင်ကျောင်းထိုင်ဆရာတော်သည် ယမန်နေ့ နေ့လယ်ပိုင်း၌ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဆရာတော်အား စစ်ကောင်စီက မည်သည့်အတွက်ကြောင့်ဖမ်းဆီးခဲ့သည်ကို မသိရသေးကြောင်း၊ ဆရာတော်သည် အာဏာသိမ်းကာလအစောပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများတွင် စိတ်အားထက်သန်ခဲ့သူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။