Connect with us

Hi, what are you looking for?

သတင်း

KNUထံလက်နက်ချ အလင်းဝင်သည့် စစ်ကောင်စီတပ်သား ၂၀၀ နီးပါးရှိလာ

KNU နယ်မြေများအနက် တပ်မဟာ(၆)နယ်မြေ၌ လက်နက်ချ အလင်းဝင်သည့် စစ်ကောင်စီတပ်သား ၉၀ကျော်ပြီဖြစ်ကြောင်း ၊ အဆိုပါအရေအတွက်သည် စစ်ကြောင်း တစ်ကြောင်းစာရှိကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

(KNLA တပ်ဖွဲ့ထံအလင်းဝင်​သောစစ်​ကောင်စီတပ်သားများနှင့် လက်နက်ချအညံ့ခံခဲ့ကြသော စစ်ကောင်စီတပ်သားများ၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း/​​ကော်ဘရာစစ်​ကြောင်း)
(KNLA တပ်ဖွဲ့ထံအလင်းဝင်​သောစစ်​ကောင်စီတပ်သားများနှင့် လက်နက်ချအညံ့ခံခဲ့ကြသော စစ်ကောင်စီတပ်သားများ၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း/​​ကော်ဘရာစစ်​ကြောင်း)

▪️တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်၌ပင်လက်နက်ချ၊ အလင်းဝင်သူ စစ်ကြောင်းတစ်ကြောင်းစာရှိ

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး(KNU) ထံလက်နက်ချ အလင်းဝင်သည့် စစ်ကောင်စီတပ်သား ၂၀၀ နီးပါးရှိလာပြီဖြစ်ကြောင်း KNU ဗဟိုမှ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

“တချို့ကျတော့ တိုက်ပွဲမှာပဲ မိတယ်။ တချို့ကျတော့ လာပြီးတော့ အလင်းဝင်တယ်”ဟု ၎င်းက ဆိုသည်။

KNUအုပ်ချုပ်ရေးနယ်မြေ ခရိုင် ၇ခု၊ တပ်မဟာ ၇ခုရှိရာ တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ(၁) သထုံခရိုင်တို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ချ အလင်းဝင်သူများ ရှိခဲ့သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

(KNLA တပ်ဖွဲ့ထံအလင်းဝင်​သောစစ်​ကောင်စီတပ်သားများနှင့် လက်နက်ချအညံ့ခံခဲ့ကြသော စစ်ကောင်စီတပ်သားများ၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း/​​ကော်ဘရာစစ်​ကြောင်း)
(KNLA တပ်ဖွဲ့ထံအလင်းဝင်​သောစစ်​ကောင်စီတပ်သားများနှင့် လက်နက်ချအညံ့ခံခဲ့ကြသော စစ်ကောင်စီတပ်သားများ၊ ဓာတ်ပုံ – နဂါးနီစစ်ကြောင်း/​​ကော်ဘရာစစ်​ကြောင်း)

“ကျွန်တော်တို့ KNU ခွင်ထဲမှာတော့ ၁၀၀ကျော် ၂၀၀နီးပါးလောက်ရှိပြီ။ တချို့တခြားနယ် မြေမှာလည်းရှိတယ်။ တိုင်းရင်းသားနယ်မြေမှာရော ပြည်သူ့ကာကွယ်ရေးနယ်မြေမှာလည်းရှိတာပဲလေ”ဟု ၎င်းက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

KNU နယ်မြေများအနက် တပ်မဟာ(၆)နယ်မြေ၌ လက်နက်ချ အလင်းဝင်သည့် စစ်ကောင်စီတပ်သား ၉၀ကျော်ပြီဖြစ်ကြောင်း ၊ အဆိုပါအရေအတွက်သည် စစ်ကြောင်း တစ်ကြောင်းစာရှိကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ယခုရက်ပိုင်းအတွင်း၌ပင် KNU တပ်မဟာ(၆) နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ် ကွီလုံတိုင် တပ်စခန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) မှ တပ်ဖွဲ့ဝင် ၃၂ဦးလက်နက်ချခဲ့သည်။

ယင်းစခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီနှင့် BGF ၈ဦးသေဆုံးပြီး ၃၂ဦးလက်နက်ချကာ လက်နက် မျိုးစုံ ၄၃လက်သိမ်းဆည်းရရှိခဲ့သည်ဟု နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။

လက်နက်ချ၊ အလင်းဝင်လာသူများကို နိုင်ငံတကာ ဥပဒေများနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားသကဲ့သို့ တစ်ဖက်တွင်လည်း လုံခြုံရေးသတိ၊ စစ်ရေးသတိဖြင့် ထားရှိကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

(KNLA တပ်ဖွဲ့ထံအလင်းဝင်​သောစစ်​ကောင်စီတပ်သားများနှင့် လက်နက်ချအညံ့ခံခဲ့ကြသော စစ်ကောင်စီတပ်သားများ၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း/​​ကော်ဘရာစစ်​ကြောင်း)
(KNLA တပ်ဖွဲ့ထံအလင်းဝင်​သောစစ်​ကောင်စီတပ်သားများနှင့် လက်နက်ချအညံ့ခံခဲ့ကြသော စစ်ကောင်စီတပ်သားများ၊ ဓာတ်ပုံ – နဂါးနီစစ်ကြောင်း/​​ကော်ဘရာစစ်​ကြောင်း)

“အမှန်မှန်က ဖြစ်ချင်တာက UN ဖြစ်ဖြစ် ICRC ပဲဖြစ်ဖြစ် ဒီကိစ္စ သူတို့ ကိုင်တွယ်ပေးနိုင်ရင်ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီလူတွေက သူတို့ တကယ်လို့ အဖွဲ့အစည်းတစ်ခုခုက တာဝန်ယူပြီး နေရာချထားပေးရင်ပိုကောင်းတာပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း အာဏာသိမ်းပြီးနောက် KNU နယ်မြေများ၌ တိုက်ပွဲကြီးငယ် ၆ထောင်ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့ကြောင်း၊ ဖမ်းဆီးရရှိသည့် စစ်ကောင်စီတပ်သားအရေအတွက်သည်လည်း မကြုံဖူးအောင်ပင် အလွန်များပြားခဲ့ကြောင်းPeople’s Springသို့ ပြောကြားထားသည်။

(KNLA တပ်ဖွဲ့ထံအလင်းဝင်​သောစစ်​ကောင်စီတပ်သားများနှင့် လက်နက်ချအညံ့ခံခဲ့ကြသော စစ်ကောင်စီတပ်သားများ၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း/​​ကော်ဘရာစစ်​ကြောင်း)
(KNLA တပ်ဖွဲ့ထံအလင်းဝင်​သောစစ်​ကောင်စီတပ်သားများနှင့် လက်နက်ချအညံ့ခံခဲ့ကြသော စစ်ကောင်စီတပ်သားများ၊ ဓာတ်ပုံ – နဂါးနီစစ်ကြောင်း/​​ကော်ဘရာစစ်​ကြောင်း)

ထိုသို့ လက်နက်ချအလင်းဝင်သူများပြားသကဲ့သို့ပင် စစ်ကောင်စီတပ်မှ ရုန်းထွက်ပြီး ပြည်သူလူထုဘက် ရပ်တည်ကာ CDM ပြုလုပ်လာသည့် တပ်မတော်သားနှင့် ရဲအများအပြား ရှိခဲ့ရာ KNUအပါအဝင်တော်လှန်ရေးအင်အားစုများ၊ CDM တပ်မတော်သား အစုအဖွဲ့များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူလူထုများတို့က ကူညီပံ့ပိုးမှုများ လုပ်ဆောင် ပေးလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။