Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNUတပ်မဟာ(၆)နယ်မြေတွင် စစ်ကောင်စီတပ်သား ၃၀ ခန့်လက်နက်ခဲယမ်းအများအပြားဖြင့် KNUထံလက်နက်ချ

ကျိုက်ဒုံမြို့နယ်ခွဲရှိ ကွီးလုံတိုင် စခန်းကို အောက်တိုဘာ ၂၆ရက်က ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း Salween Press က ယနေ့ညနေပိုင်း၌ ဖော်ပြခဲ့သည်။

(KNU/KNLAကသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ- KNU တပ်မဟာ-၆)
(KNU/KNLAကသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ- KNU တပ်မဟာ-၆)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် ကြားအင်ဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့နယ်ခွဲတွင် စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင် ၃၀ခန့် လက်နက်များနှင့်အတူ လာရောက်ပူးပေါင်းခဲ့ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ကျိုက်ဒုံမြို့နယ်ခွဲရှိ ကွီးလုံတိုင် စခန်းကို အောက်တိုဘာ ၂၆ရက်က ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း Salween Press က ယနေ့ညနေပိုင်း၌ ဖော်ပြခဲ့သည်။

(KNU/KNLAကသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ- KNU တပ်မဟာ-၆)
(KNU/KNLAကသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ- KNU တပ်မဟာ-၆)

ယင်းနှင့်ပတ်သက်ပြီး KNU သတင်းရင်းမြစ်က “သိမ်းတာမဟုတ်ပါဘူး။ သူတို့ဘာသာသူတို့ လက်နက်လာချတာပဲ။ အတိအကျတော့ မသိသေးဘူး။ သူတို့ ပြောတာတော့လက်နက်လာချတာပဲ။ လူ ၃၀ ။ စခန်းမသိမ်းဘူး သူတို့ဘာသာသူတို့ လက်နက်လာချတာ။ ပြောမယ်ဆိုရင် လာပူးပေါင်းတာပေါ့”ဟု ပြောကြားသည်။

သတင်းရင်းမြစ်ကပေးပို့သည့်ဓာတ်ပုံ၌ လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၄၀ကျော်ပါရှိသည်ကိုတွေ့ရပြီးခဲယမ်း၊ ဗုံးသီး၊ ကျည်အများအပြားကိုလည်းတွေ့ရသည်။

Public Service Announcement

Public Service Announcement

မည်သည့်အခြေအနေကြောင့် လာရောက်ပူးပေါင်းသည်ကို မသိရသေးသော်လည်း စစ်ကောင်စီ၏ ခမရ (၅၆၁)တပ်နှင့် နယ်ခြားစောင့်တပ်(BGF)မှ တပ်သားများ ပူးပေါင်းပြီး လာရောက်ခြင်းဖြစ်သည်ဟုသိရသည်။

Public Service Announcement
Public Service Announcement

ယခင်က စစ်ကောင်စီတပ်မှ လက်နက်ချခြင်း၊ CDM ပြုလုပ်ပြီး ပြည်သူလူထုနှင့်ရပ်တည်ခြင်းများ စွာရှိသော်လည်း ယခု ကဲ့သို့ အရေအတွက်များစွာ လက်နက်နှင့်အတူ ပူးပေါင်းလာခြင်းမျိုးမတွေ့ရသေးပေ။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ အချို့ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီတပ်က ကချင်ပြည်နယ် ဖားကန့် အနန့်ပါဒေသ၌ အရပ်သားပြည်သူများကိုပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့၍ အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများ ၊ KIO/KIA ဝန်ထမ်းများ စုစုပေါင်း ၆၀ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ၆၀ကျော် ဒဏ်ရာရခဲ့သည့် ထူးခြားဖြစ်စဉ်အပြီး စစ်ကောင်စီတပ်က အစုလိုက် လက်နက်ချသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။