Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယားရောက် One Day Challenge အဖွဲ့သားများ NUGကို ကန်ဒေါ်လာတစ်သိန်း ထပ်မံလှူဒါန်း၊ ဒေါ်လာ ၁၁သိန်းပေးပို့ပြီးဖြစ်

NUG က One Day Challenge အဖွဲ့ဝင်များ၏ လစဉ် ထည့်ဝင်ငွေကို အခွန်ငွေ အဖြစ် သတ်မှတ်ကာ ၆လ တစ်ကြိမ် အခွန်လက်မှတ်များ ထုတ်ပေးခြင်းနှင့် ၁၂လတစ်ကြိမ် ယာယီသမ္မတ၏ မှတ်တမ်းတင် ဂုဏ်ပြုလွှာကို ချီးမြှင့်ခြင်း တို့ကို ပြုလုပ်ပေးသည်ဟု ဆိုသည်။

တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများစုပေါင်းထည့်ဝင်မှုဖြင့် NUG အစိုးရကို အမေရိကန် ဒေါ်လာ တစ်သိန်း ထပ်မံလှူဒါန်းခဲ့ရာ စုစုပေါင်း ဒေါ်လာ ၁၁ သိန်းပေးပို့နိုင်ခဲ့ပြီဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)က One Day Challenge လှုပ်ရှားမှုကို သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး One Day Challenge အဖွဲ့သားများက ၎င်းတို့ လုပ်ခလစာ၏ တစ်ရက်စာကို စစ်အာဏာရှင်တော်လှန်ရေးအတွက် NUG ကို လစဉ် လှူဒါန်းနေခြင်းဖြစ်သည်။

တောင်ကိုရီးယားရောက် One Day Challenge အဖွဲ့သားများ NUGကို ကန်ဒေါ်လာတစ်သိန်း ထပ်မံလှူဒါန်း၊ ဒေါ်လာ ၁၁သိန်းပေးပို့ပြီးဖြစ်
တောင်ကိုရီးယားရောက် One Day Challenge အဖွဲ့သားများ NUGကို ကန်ဒေါ်လာတစ်သိန်း ထပ်မံလှူဒါန်း၊ ဒေါ်လာ ၁၁သိန်းပေးပို့ပြီးဖြစ်

အဆိုပါ ထောက်ပံ့ငွေကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ဒေသန္တရအုပ်ချုပ်ရေး အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် နယ်မြေစိုးမိုးရေး ကိစ္စရပ်များအတွက် သုံးစွဲနေကြောင်း NUG က ထုတ်ပြန်ကြေညာထားသည်။

ထို့အပြင် One Day Challenge ထောက်ပံ့ငွေဖြင့် အကြမ်းဖက်စစ်တပ်ကို ရှေ့တန်းမှ ဖိအားကောင်းစွာပေးကာ တော်လှန်တိုက်ပွဲဝင်နေသော တပ်ဦးခံတပ်ဖြစ်သည့် အထူးတပ်ဖွဲ့သို့ အမေရိကန် ဒေါ်လာ၃သောင်း (၅၉၄သိန်းကျပ်)တန်ဖိုးရှိ ကျည်အရေအတွက် (၁၃,၅၀၀)‌အား ထောက်ပံ့ခဲ့ပြီး ဥကရစ်ထ စခန်းသိမ်း တိုက်ပွဲအတွက် ဘတ်တစ်သန်းနှင့် မြေပြင်PDF,LPDF,UG အဖွဲ့ (၁၀၂)ဖွဲ့သို့ ကျပ်(၁,၉၃၅)သိန်းကိုလည်း “NUGအစိုးရ၏ ထောက်ပံ့ ကူညီငွေ”အဖြစ် ထောက်ပံ့ပေးခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

NUG က One Day Challenge အဖွဲ့ဝင်များ၏ လစဉ် ထည့်ဝင်ငွေကို အခွန်ငွေ အဖြစ် သတ်မှတ်ကာ ၆လ တစ်ကြိမ် အခွန်လက်မှတ်များ ထုတ်ပေးခြင်းနှင့် ၁၂လတစ်ကြိမ် ယာယီသမ္မတ၏ မှတ်တမ်းတင် ဂုဏ်ပြုလွှာကို ချီးမြှင့်ခြင်း တို့ကို ပြုလုပ်ပေးသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။