Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ကိုရီးယားရောက် One Day Challenge အဖွဲ့သားများ NUGကို ကန်ဒေါ်လာတစ်သိန်း ထပ်မံလှူဒါန်း၊ ဒေါ်လာ ၁၁သိန်းပေးပို့ပြီးဖြစ်

NUG က One Day Challenge အဖွဲ့ဝင်များ၏ လစဉ် ထည့်ဝင်ငွေကို အခွန်ငွေ အဖြစ် သတ်မှတ်ကာ ၆လ တစ်ကြိမ် အခွန်လက်မှတ်များ ထုတ်ပေးခြင်းနှင့် ၁၂လတစ်ကြိမ် ယာယီသမ္မတ၏ မှတ်တမ်းတင် ဂုဏ်ပြုလွှာကို ချီးမြှင့်ခြင်း တို့ကို ပြုလုပ်ပေးသည်ဟု ဆိုသည်။

တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများစုပေါင်းထည့်ဝင်မှုဖြင့် NUG အစိုးရကို အမေရိကန် ဒေါ်လာ တစ်သိန်း ထပ်မံလှူဒါန်းခဲ့ရာ စုစုပေါင်း ဒေါ်လာ ၁၁ သိန်းပေးပို့နိုင်ခဲ့ပြီဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)က One Day Challenge လှုပ်ရှားမှုကို သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး One Day Challenge အဖွဲ့သားများက ၎င်းတို့ လုပ်ခလစာ၏ တစ်ရက်စာကို စစ်အာဏာရှင်တော်လှန်ရေးအတွက် NUG ကို လစဉ် လှူဒါန်းနေခြင်းဖြစ်သည်။

တောင်ကိုရီးယားရောက် One Day Challenge အဖွဲ့သားများ NUGကို ကန်ဒေါ်လာတစ်သိန်း ထပ်မံလှူဒါန်း၊ ဒေါ်လာ ၁၁သိန်းပေးပို့ပြီးဖြစ်
တောင်ကိုရီးယားရောက် One Day Challenge အဖွဲ့သားများ NUGကို ကန်ဒေါ်လာတစ်သိန်း ထပ်မံလှူဒါန်း၊ ဒေါ်လာ ၁၁သိန်းပေးပို့ပြီးဖြစ်

အဆိုပါ ထောက်ပံ့ငွေကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ဒေသန္တရအုပ်ချုပ်ရေး အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် နယ်မြေစိုးမိုးရေး ကိစ္စရပ်များအတွက် သုံးစွဲနေကြောင်း NUG က ထုတ်ပြန်ကြေညာထားသည်။

ထို့အပြင် One Day Challenge ထောက်ပံ့ငွေဖြင့် အကြမ်းဖက်စစ်တပ်ကို ရှေ့တန်းမှ ဖိအားကောင်းစွာပေးကာ တော်လှန်တိုက်ပွဲဝင်နေသော တပ်ဦးခံတပ်ဖြစ်သည့် အထူးတပ်ဖွဲ့သို့ အမေရိကန် ဒေါ်လာ၃သောင်း (၅၉၄သိန်းကျပ်)တန်ဖိုးရှိ ကျည်အရေအတွက် (၁၃,၅၀၀)‌အား ထောက်ပံ့ခဲ့ပြီး ဥကရစ်ထ စခန်းသိမ်း တိုက်ပွဲအတွက် ဘတ်တစ်သန်းနှင့် မြေပြင်PDF,LPDF,UG အဖွဲ့ (၁၀၂)ဖွဲ့သို့ ကျပ်(၁,၉၃၅)သိန်းကိုလည်း “NUGအစိုးရ၏ ထောက်ပံ့ ကူညီငွေ”အဖြစ် ထောက်ပံ့ပေးခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

NUG က One Day Challenge အဖွဲ့ဝင်များ၏ လစဉ် ထည့်ဝင်ငွေကို အခွန်ငွေ အဖြစ် သတ်မှတ်ကာ ၆လ တစ်ကြိမ် အခွန်လက်မှတ်များ ထုတ်ပေးခြင်းနှင့် ၁၂လတစ်ကြိမ် ယာယီသမ္မတ၏ မှတ်တမ်းတင် ဂုဏ်ပြုလွှာကို ချီးမြှင့်ခြင်း တို့ကို ပြုလုပ်ပေးသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။