Connect with us

Hi, what are you looking for?

သတင်း

မုံရွာ ခမရ(၁၆)အရာရှိအိမ်ရာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ရွှေတြိဂံ(GTF)နှင့် မဟာမိတ်အဖွဲ့များသည် နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်းကလည်း ယင်းမာပင်မြို့အတွင်း စစ်တပ် တပ်စွဲထားသော နေရာအချို့အား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခဲ့သေးသည်။

မုံရွာ ခမရ(၁၆) တပ် ဝင်ပေါက်တစ်နေရာအားတွေ့ရစဥ်၊ဓာတ်ပုံ-RNA
မုံရွာ ခမရ(၁၆) တပ် ဝင်ပေါက်တစ်နေရာအားတွေ့ရစဥ်၊ဓာတ်ပုံ-RNA

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ခမရ(၁၆)အရာရှိအိမ် ရာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Golden Triangle Force အဖွဲ့၏ တာဝန် ခံ ကိုမင်းခေါင်က ပြောသည်။

နိုဝင်ဘာ ၇ ရက် ည ၇ နာရီ ၄၅မိနစ်ခန့်က မုံရွာ မြို့ ခမရ(၁၆)အရာရှိအိမ်ရာကို PDF နှစ်ဖွဲ့ပေါင်းကာ (၄၀)မမ လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရွှေတြိဂံ(GTF)အဖွဲ့ တာဝန်ခံ ကိုမင်းခေါင်က ပြောသည်။

“လေးလုံးပစ်တာ နှစ်လုံးက ပစ်မှတ်ကို အောင် အောင်မြင်မြင် ကျ‌ကွဲခဲ့ပါတယ်။ တစ်ယောက်ထိပြီး ခြေထောက်ဖြတ်ပစ်ရမယ်လို့ သိရတယ်။”ဟု ကိုမင်းခေါင်က ပြောသည်။

အဆိုပါစစ်ဆင်ရေးအား ရွှေတြိဂံ(GTF)နှင့် Chindwin attact Force တပ်ရင်း ၂ တပ်ခွဲ ၄ Fight For People တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ရွှေတြိဂံ(GTF)နှင့် မဟာမိတ်အဖွဲ့များသည် နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်းကလည်း ယင်းမာပင်မြို့အတွင်း စစ်တပ် တပ်စွဲထားသော နေရာအချို့အား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook