Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် စစ်ကားတစ်စီးပေါ် လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်

စစ်အာဏာရှင် ဆန့်ကျင်မှုအားကောင်းသည့် မုံရွာမြို့တွင် စစ်ကောင်စီတပ်က နေ့စဥ် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေပြီး ခြိမ်းခြောက်ငွှေညှစ်ခြင်း၊ ရိုက်နှက်ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။

မုံရွာမြို့ပေါ်တွင် တွေ့ရှိရသော စစ်ကောင်စီတပ်သားများ၊ ဓာတ်ပုံ - Cj
မုံရွာမြို့ပေါ်တွင် တွေ့ရှိရသော စစ်ကောင်စီတပ်သားများ၊ ဓာတ်ပုံ - Cj

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီတပ်ယာဥ်တစ်စီးပေါ်သို့ လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်တပ်ခွဲ(MRDA Monywa)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၁၄ ရက်) ညနေ ၅ နာရီ ၄၁မိနစ်ခန့်က မုံရွာမြို့တောင်ဘက်အထွက် ဘိုးဘွားရိပ်သာနှင့် စက်မှုဇုန်အနီး ​မြောက်ဘက်သို့ ခေါင်းတည်ထားသော မိုးကာအုပ်စစ်ကားကြီးတစ်စီးအား လက်ပစ်ဗုံးတစ်လုံး ပစ်ထည့်ကာ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးခန့်သေဆုံးနိုင်ပြီး အများအပြားဒဏ်ရာရရှိနိုင်ကြောင်း MRDA Monywa၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“​ွေး ကား သုံးစီးမှာ စစ်ဆေးမှုကို ၅နာရီ၃၁မိနစ်မှာ စတင်ပြီး မိနစ် ၄၀ခန့်မှာ သူတို့ကားပေါ်အတက် ကျွန်တော်တို့ရဲဘော်တစ်ဦးက သံပုရာသီးတစ်လုံးကို ကွင်းဖြုတ်အပြီး ဆိုင်ကယ်မောင်းနှင်ပြီး ကားအနီးမှာရောက်တော့ Speed လေးလျှော့ပြီး ရော့ဆိုပြီး ပစ်ပေးလိုက်တာ။ သူတို့လက်ဝယ်အရောက်မှာ အုန်းဆိုပြီးပေါက်ကွဲသွားပြီး သုံးလေးစက္ကန့်အကြာမှာ တောက်လျှောက်ပစ်တော့တာပါပဲဗျာ။ ကျွန်တော်တို့ဒီမစ်ရှင်မှာ ​​ွေးတွေဝဲလည်နေတဲ့ကြားထဲမှာ ပြုလုပ်ရတဲ့အတွက် ဗွီဒီယိုရိုက်ဖို့နေရာကောင်းမရှိခဲ့လို့ မရခဲ့ပါဘူး။ သုံးကောင်အထက်သေပါတယ်”ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးအား နွေဦးသစ္စာပြောက်ကျားတပ်ဖွဲ့၊ Nation People Defence Force၊ Monywa Generation အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင် ဆန့်ကျင်မှုအားကောင်းသည့် မုံရွာမြို့တွင် စစ်ကောင်စီတပ်က နေ့စဥ် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေပြီး ခြိမ်းခြောက်ငွှေညှစ်ခြင်း၊ ရိုက်နှက်ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ဘက်ကို အာဏာသိမ်းစစ်တပ်ဘက်က စစ်အင်အားတွေဖြည့်တင်းနေသလို ပြည်နယ်နေရာအများအပြားကို စစ်ကြောင်းထိုးနေလို့ စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။