Connect with us

Hi, what are you looking for?

သတင်း

ချင်းရွှေဟော်ရှိ MNDAAတပ်စခန်းကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် အရာရှိအပါအဝင် ၁၀ဦးထက်မနည်းထပ်မံသေဆုံးဟုဆို

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ MNDAA​၏ အတည်ပြုချက်မရရှိသလို စစ်ကောင်စီတပ် သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

မြန်မာ – တရုတ်နယ်စပ် ချင်းရွှေဟော်ရှိ ကိုးကန့် တပ်မတော်(MNDAA)တပ်စခန်းကို အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့်အနီးကပ် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု MNDAAက အသိပေးသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ သည် ချင်းရွှေဟော်နယ်စပ်ရှိ MNDAA တပ်ရှိရာသို့ နိုဝင်ဘာ ၂၈ရက်မှစတင် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ယမန်နေ့(နိုဝင်ဘာ ၂၉ရက်)တွင်လည်း အင်အား ၅၀၀ကျော်ဖြင့် ထပ်မံတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

နံနက် ၉နာရီ ၁၅မိနစ်တွင် အနီးကပ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ညနေပိုင်း၌ စစ်ကောင်စီတပ်သည် MNDAA၏ ရှေ့တန်းနေရာများမှ မီတာ ၂၀၀ အကွာသို့ ဆုတ်ခွာသွားသည်ဟု MNDAAက ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ တပ်ရင်းမှူးဒဏ်ရာရခဲ့ပြီး တပ်ခွဲမှူးနှစ်ဦးအပါအဝင် ၁၀ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အလောင်းအချို့ကို စွန့်ပစ်ခဲ့ကြောင်းလည်း ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ MNDAA​၏ အတည်ပြုချက်မရရှိသလို စစ်ကောင်စီတပ် သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။