Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်တွင်တပ်ကူလာပို့သည့် စစ်ကားတစ်စီးကို ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

ယမန်နေ့(ဒီဇင်ဘာ ၉)နံနက် ၉ နာရီခွဲခန့်က အထက်တ ကောင်းနှင့် ထီးချိုင့်ဘက်သို့ တပ်ကူလွှတ်ရန်လာသည့် အင်အား (၂၀)ခန့်ပါ လိုက်ထရပ်တစ်စီးကို ဆယ်ဇင်းကုန်းနှင့် မင်းကုန်းရွာကြားတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

(သပိတ်ကျင်းမြို့နယ်သို့ဖြတ်သန်းသွားသည့် စစ်ကောင်စီတပ်ယာဥ်တန်းအား၂၀၂၁ ခုနှစ်တွင်တွေ့ရစဥ်။ဓါတ်ပုံ- CJ)
(သပိတ်ကျင်းမြို့နယ်သို့ဖြတ်သန်းသွားသည့် စစ်ကောင်စီတပ်ယာဥ်တန်းအား၂၀၂၁ ခုနှစ်တွင်တွေ့ရစဥ်။ဓါတ်ပုံ- CJ)

သပိတ်ကျင်းမြို့နယ်အားဖြတ်သန်း၍ အထက်တကောင်းနှင့် ထီးချိုင့်ဘက် တပ်ကူသွားပို့မည့် စစ်​ကောင်စီတပ်ယာဥ်တစ်စီးကို ရှေ့ ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ကြာညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၉)နံနက် ၉ နာရီခွဲခန့်က အထက်တ ကောင်းနှင့် ထီးချိုင့်ဘက်သို့ တပ်ကူလွှတ်ရန်လာသည့် အင်အား (၂၀)ခန့်ပါ လိုက်ထရပ်တစ်စီးကို ဆယ်ဇင်းကုန်းနှင့် မင်းကုန်းရွာကြားတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

“ဒီနေ့(ဒီဇင်ဘာ ၁၀)မှ သိရတာက (၂)ယောက်တော့ထိ ခိုက်သေဆုံးတယ်လို့ သိရပါတယ်ဗျ။ (၁)နာရီလောက်ကြာမှ နာရေးကားတစ်စီးမြောက်ဘက်လိုက်သွားပြီး ပြန်လာတော့ ​ေ-သေတွေပါလာတယ်လို့သိရပါတယ်”ဟု ကြာညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့နောက် ယမန်နေ့ညနေ ၃ နာရီခန့်တွင် မင်းကုန်းရွာမှ စစ်ကောင်စီသတင်းပေးဒလန်ဟုဆိုသူ ထွန်းထွန်းအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကြာညှပ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ဒီဇင်ဘာ ၈ ရက်နေ့ကလည်း သပိတ်ကျင်းမြို့ နယ်မှ စစ်ကောင်စီခန့်ရာအိမ်မှူး မောင်မြင့်ဆိုသူကို ​ကြာညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်း၏နေအိမ်သို့သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၁၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို စစ်ကောင်စီက ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၁၀ဦးထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

သတင်း

ဒဏ်ရာရသူ ၄၅ဦးအတွက် တစ်ဦး ကျပ် ၁၅သိန်းစီ၊ ပျက်စီးခဲ့သည့် နေအိမ် ၄၂လုံးအတွက် တစ်လုံးလျင် ကျပ်သိန်း ၂၀ ပေးအပ်

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ကျေးရွာသုံးရွာကို စစ်ကောင်စီတပ်က ‌‌‌‌‌‌‌‌‌‌‌‌‌ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းတာဝန်ခံဆီက ပြောပါတယ်။

Facebook