Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်တွင်တပ်ကူလာပို့သည့် စစ်ကားတစ်စီးကို ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

ယမန်နေ့(ဒီဇင်ဘာ ၉)နံနက် ၉ နာရီခွဲခန့်က အထက်တ ကောင်းနှင့် ထီးချိုင့်ဘက်သို့ တပ်ကူလွှတ်ရန်လာသည့် အင်အား (၂၀)ခန့်ပါ လိုက်ထရပ်တစ်စီးကို ဆယ်ဇင်းကုန်းနှင့် မင်းကုန်းရွာကြားတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

(သပိတ်ကျင်းမြို့နယ်သို့ဖြတ်သန်းသွားသည့် စစ်ကောင်စီတပ်ယာဥ်တန်းအား၂၀၂၁ ခုနှစ်တွင်တွေ့ရစဥ်။ဓါတ်ပုံ- CJ)
(သပိတ်ကျင်းမြို့နယ်သို့ဖြတ်သန်းသွားသည့် စစ်ကောင်စီတပ်ယာဥ်တန်းအား၂၀၂၁ ခုနှစ်တွင်တွေ့ရစဥ်။ဓါတ်ပုံ- CJ)

သပိတ်ကျင်းမြို့နယ်အားဖြတ်သန်း၍ အထက်တကောင်းနှင့် ထီးချိုင့်ဘက် တပ်ကူသွားပို့မည့် စစ်​ကောင်စီတပ်ယာဥ်တစ်စီးကို ရှေ့ ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ကြာညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၉)နံနက် ၉ နာရီခွဲခန့်က အထက်တ ကောင်းနှင့် ထီးချိုင့်ဘက်သို့ တပ်ကူလွှတ်ရန်လာသည့် အင်အား (၂၀)ခန့်ပါ လိုက်ထရပ်တစ်စီးကို ဆယ်ဇင်းကုန်းနှင့် မင်းကုန်းရွာကြားတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

“ဒီနေ့(ဒီဇင်ဘာ ၁၀)မှ သိရတာက (၂)ယောက်တော့ထိ ခိုက်သေဆုံးတယ်လို့ သိရပါတယ်ဗျ။ (၁)နာရီလောက်ကြာမှ နာရေးကားတစ်စီးမြောက်ဘက်လိုက်သွားပြီး ပြန်လာတော့ ​ေ-သေတွေပါလာတယ်လို့သိရပါတယ်”ဟု ကြာညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့နောက် ယမန်နေ့ညနေ ၃ နာရီခန့်တွင် မင်းကုန်းရွာမှ စစ်ကောင်စီသတင်းပေးဒလန်ဟုဆိုသူ ထွန်းထွန်းအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကြာညှပ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ဒီဇင်ဘာ ၈ ရက်နေ့ကလည်း သပိတ်ကျင်းမြို့ နယ်မှ စစ်ကောင်စီခန့်ရာအိမ်မှူး မောင်မြင့်ဆိုသူကို ​ကြာညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်း၏နေအိမ်သို့သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ဘက်ကို အာဏာသိမ်းစစ်တပ်ဘက်က စစ်အင်အားတွေဖြည့်တင်းနေသလို ပြည်နယ်နေရာအများအပြားကို စစ်ကြောင်းထိုးနေလို့ စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် သီးကုန်းရွာနဲ့ ပေါက်တပင်ကြားကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမို့ စစ်ဘေးရှောင်ပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ခင်ဦးမြို့နယ်အစပ်က ဧရာဝတီမြစ်ဘေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မိုးကုတ်မြို့ဘက်ကိုဦးတည်ပြီး စစ်ကြောင်းထိုးနေတယ်လို့ အဲဒီဒေသက တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။