Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သပိတ်ကျင်းမြို့နယ် တကောင်းရဲကင်းဂိတ်အား ဖောက်ခွဲတိုက်ခိုက်

ယနေ့(နိုင်ဝင်ဘာ ၅)နံနက် ၈ နာရီ ၅၀ခန့်က တကောင်းလမ်းဆုံရှိ စစ်ကောင်စီရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ်အား ပဒေသာမိုင်းများအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သပိတ်ကျင်းမြို့နယ် တကောင်းရဲကင်းဂိတ်အား ဖောက်ခွဲတိုက်ခိုက်
သပိတ်ကျင်းမြို့နယ် တကောင်းရဲကင်းဂိတ်အား ဖောက်ခွဲတိုက်ခိုက်

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် စစ်ကောင်စီလက်အောက်ခံ တကောင်းရဲကင်းဂိတ်အား ပဒေသာမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါမြို့နယ် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်က ပြောသည်။

ယနေ့(နိုင်ဝင်ဘာ ၅)နံနက် ၈ နာရီ ၅၀ခန့်က တကောင်းလမ်းဆုံရှိ စစ်ကောင်စီရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ်အား ပဒေသာမိုင်းများအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီမနက်(၈:၅၀)AMအချိန် တကောင်းရဲကင်းစစ်ဆေးရေးဂိတ်ကို သပိတ်ကျင်းမြို့နယ်(ပကဖ) ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့-ကြာညှပ်မှ ပဒေသာမိုင်း(၂)ဖြင့်ဖောက် ခွဲခဲ့ပါတယ်ဗျ။ အထိခိုက် တော့မရှိခဲ့ပါဘူး” ဟု တိုက်ခိုက်မှုတွင် ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ ရဲကင်းဂိတ်အား ဖောက်ခွဲတိုက်ခိုက်မှုတွင် မဖော်ပြလိုသော အကြောင်းအရာအချို့ကြောင့် ရန်သူ့ဘက်မှ ထိခိုက်မှုမရှိ ဖြစ်ခဲ့ရခြင်းဖြစ်သည်ဟု သပိတ်ကျင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ကြာညှပ်က ဆိုသည်။

Public Service Announcement

Public Service Announcement

သပိတ်ကျင်းမြို့နယ်ရှိ ပြည်သူများအနေဖြင့် တော်လှန် ရေးအဖွဲ့အစည်းများက ထုတ်ပြန်သော စည်းကမ်းချက်များကို လိုက်နာ၍ စစ်ကောင်စီတပ်များနှင့် နီးကပ်စွာ သွားလာနေထိုင်ခြင်းမပြုကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။

သတင်း

မတ်လ ၇ရက်တွင် စစ်ကောင်စီက လေကြောင်းမှ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း PDF ရဲဘော် တစ်ဦးကျဆုံးခဲ့ရကြောင်း အမှတ် (၁)စစ်ဒေသရုံးက ထပ်မံအသိပေးသည်။

သတင်း

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ခဲ့သည်မှာ မှန်ကန်ပြီး လူထိခိုက်မှုမရှိကြောင်း လှိုင်သာယာကင်းထောက်ချန်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ယင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဝေဘာဂီရပ်ကွက်၊ ၆ ကွေ့နှင့် အောင်မင်္ဂလာကားဝင်းအနီးတို့တွင် စစ်ကားများဖြင့် ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။