Connect with us

Hi, what are you looking for?

သတင်း

တံတားဦးတွင်​နောက်ဆက်တွဲငလျင်ငယ်လှုပ်

“မနက် ၆နာရီ ၄၅မိနစ်မှာလှုပ်သွားတာ။ဒီမနက်လည်းတော်တော်လေးသိသာတယ်။အိပ်ယာကလန့်နိုးသွားတယ်”ဟုမန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။

(ဒီဇင်ဘာ ၁၅ ရက်ကလှုပ်ခတ်ခဲ့​သောငလျင်​ကြောင့် ​နေအိမ်ပျက်စီးမှုအချို့ ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ဒီဇင်ဘာ ၁၅ ရက်ကလှုပ်ခတ်ခဲ့​သောငလျင်​ကြောင့် ​နေအိမ်ပျက်စီးမှုအချို့ ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

တံတားဦးမြို့နယ်တွင် ယမန်နေ့ကပြင်းအားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်ပြီး​နောက် ယနေ့ နံနက်အစောပိုင်းတွင် ​နောက်ဆက်တွဲငလျင်ငယ်တစ်ခုထပ်မံလှုပ်ရှားသွားကြောင်း ဒေသခံများကပြောသည်။

“မနက် ၆နာရီ ၄၅မိနစ်မှာလှုပ်သွားတာ။ဒီမနက်လည်းတော်တော်လေးသိသာတယ်။အိပ်ယာကလန့်နိုးသွားတယ်”ဟုမန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။

မန္တလေးမြို့၊အောင်မြေသာဇံမြို့နယ်တွင်နေထိုင်သူတစ်ဦးကလည်း “ငလျင်ကထပ်လှုပ်တယ်။စက္ကန့်ပိုင်းပဲကြာတယ်။ ဒါပေမယ့်ပြင်းတယ်။ခဏခဏလှုပ်နေတာကြောက်တယ်”ဟုပြောသည်။

မန္တလေးတွင် ယနေ့(ဒီဇင်ဘာလ ၁၆ရက်)နံနက် လှုပ်ခတ်ခဲ့သော ငလျင်နှင့်ပတ်သက်၍အမေရိကန်ဘူမိလေ့လာရေးဌာန USGSက ထုတ်ပြန်ထားခြင်းမရှိသေးပေ။စစ်ကောင်စီ၏ မိုး​လေဝသနှင့်ဇလ​​ဗေဒညွန်ကြားမှုဦးစီးဌာနကမူ ပြည်ကြီးတံခွန်မြို့နယ်အနီးတွင်ရစ်ချ်တာစကေး ၃ဒဿမ ၆ အဆင့်ငလျင်တစ်ခု နံနက် ၆နာရီ ၄၅မိနစ်တွင် လှုပ်ခတ်သွားကြောင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

တံတားဦးမြို့တွင် ယမန်နေ့ နံနက်အစောပိုင်းက ရစ်ချ်တာစကေး ၅အဆင့်ငလျင်လှုပ်ခဲ့ရာ မန္တလေး၊ စစ်ကိုင်းနှင့် မင်းကွန်းတွင် ​ရှေး​ဟောင်း​စေတီ ပုထိုးအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ စစ်ကိုင်းပြတ်ရွေ့လှုပ်ရှားခြင်းဖြစ်ပြီးငလျင်ဘေးသတ်ိပြုနေထိုင်ကြရန် ဘူမိဗေဒပညာရှင်အချို့က သတိပေး ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။