Connect with us

Hi, what are you looking for?

သတင်း

ဟိုပုံးမြို့နယ်အတွင်း လက်နက် အလက် ၅၀၀ နီးပါး ဖမ်းမိတယ်လို့စစ်ကောင်စီသတင်းထုတ်

ဒီလက်နက်တွေဟာ စစ်ကိုင်းတိုင်းက PDF တွေ ဆီ ပို့မယ့် လက်နက်တွေဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် လူမှုကွန်ရက်အချို့မှာ ဖြန့်ဝေနေကြပါတယ်။

ဟိုပုံးမြို့နယ်အတွင်း လက်နက် အလက် ၅၀၀ နီးပါး ဖမ်းမိတယ်လို့စစ်ကောင်စီသတင်းထုတ်
ဟိုပုံးမြို့နယ်အတွင်း လက်နက် အလက် ၅၀၀ နီးပါး ဖမ်းမိတယ်လို့စစ်ကောင်စီသတင်းထုတ်

ရှမ်းပြည်နယ်တောင်ပိုင်း ၊ဟိုပုံးမြို့နယ်အတွင်း လက်နက်သယ်ဆောင်လာတဲ့ ၆ ဘီးကားကို ဖမ်းဆီးရာကနေ သေနတ် အလက် ၅၀၀ နီးပါး ဖမ်းမိတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်လာပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ ဒီဇင်ဘာလ၁၇ ရက်က ဟိုပုံးမြို့နယ် ၊မိုင်းပျဉ်းကျေးရွာအုပ်စု အနီးမှာ ၆ ဘီးကားတစ်စီးကို မသင်္ကာလို့ရပ်တန့်စေရာမှာ မရပ်ဘဲ မောင်းပြေးသွားပြီး လိုက်လံဖမ်းဆီးရာမှာ ကားကိုရခဲ့တယ်လို့စစ်ကောင်စီက ဆိုထားပါတယ်။

အဲဒီကားပေါ်ကနေ Type -81 အမျိုးအစား သေနတ်အလက် ၄၉၉ လက် နဲ့ ကျည်အိမ် ၄၉၈ ခု ကိုသိမ်းဆည်းရမိတယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပါတယ်။

ဒီလက်နက်တွေဟာ စစ်ကိုင်းတိုင်းက PDF တွေ ဆီ ပို့မယ့် လက်နက်တွေဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် လူမှုကွန်ရက်အချို့မှာ ဖြန့်ဝေနေကြပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။