Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ လက်ကျန်အမှု သက်သေတွေစစ်ဆေးတာပြီးပြတ်

လက်ရှိအချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဟာ အမှု ၁၄ မှုနဲ့ ထောင်ဒဏ် ၂၆ နှစ် ချပြီး နေပြည်တော်အချုပ်ထောင်မှာအကျဉ်းချထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်လေဆိပ်မှာ ခရီးဦးကြိုပြုနေတဲ့ စစ်ကောင်စီခေါင်းဆောင် (ပုံဟောင်း)
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်လေဆိပ်မှာ ခရီးဦးကြိုပြုနေတဲ့ စစ်ကောင်စီခေါင်းဆောင် (ပုံဟောင်း)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်ကောင်စီစွဲဆိုထားတဲ့ အမှုတွေထဲက နောက်ဆုံးလက်ကျန် ၅ မှု မှာ သက်သေတွေအားလုံးကို စစ်ဆေးပြီးပြီဖြစ်လို့ လာမယ့် တနင်္လာနေ့ ( ဒီဇင်ဘာလ ၂၆ ) အပြီးသတ်လျှောက်လဲချက်ပေးပါတော့မယ်။

လက်ကျန် ၅ မှုဟာ အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်စီချလို့ရတဲ့ အဂတိအမှုတွေဖြစ်ပြီး NLD အစိုးရ လက်ထက် သဘာဝဘေးမှာ သုံးဖို့ ရဟတ်ယာဉ် ဌားရမ်းတာ ၊ဝယ်ယူတာတွေမှာ နိုင်ငံဘဏ္ဍာငွေ နစ်နာလို့ဆိုပြီး စစ်ကောင်စီက တရားစွဲဆိုထားတာပါ။

ဒီအမှုတွေအတွက် ပြီးခဲ့တဲ့ ရက်ပိုင်းက NLD အစိုးရ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ၊ အစိုးရအဖွဲ့ ရုံးဝန်ကြီး ဦးမင်းသူတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်သေအဖြစ် နေပြည်တော်အချုပ်ထောင်ကစစ်ကောင်စီတရားရုံးမှာ သက်သေထွက်ဆိုခဲ့ပါတယ်။

သူတို့ ၂ ဦး ထွက်ဆိုရာမှာ NLD အစိုးရဟာ ရဟတ်ယာဉ်ကိစ္စ လုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်ခဲ့တာလို့ ထွက်ဆိုကြောင်း တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က တော့ အမှုအတွက် သက်သေတွေအားလုံးကိုစစ်ဆေးပြီးပြီဖြစ်လို့ လာမယ့် တနင်္လာနေ့မှာအပြီးသတ် လျှောက်လဲချက်ပေးဖို့ စစ်ကောင်စီတရားရုံးက ချိန်းဆိုလိုက်ပါတယ်။

ဒါကြောင့် မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ လက်ကျန်အမှုတွေကို အပြီးဖြတ်ဖို့ ရှိနေပါတယ်။

လက်ရှိအချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဟာ အမှု ၁၄ မှုနဲ့ ထောင်ဒဏ် ၂၆ နှစ် ချပြီး နေပြည်တော်အချုပ်ထောင်မှာအကျဉ်းချထားပါတယ်။

ဓာတ်ပုံ − AP

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။