Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ လက်ကျန်အမှု သက်သေတွေစစ်ဆေးတာပြီးပြတ်

လက်ရှိအချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဟာ အမှု ၁၄ မှုနဲ့ ထောင်ဒဏ် ၂၆ နှစ် ချပြီး နေပြည်တော်အချုပ်ထောင်မှာအကျဉ်းချထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်လေဆိပ်မှာ ခရီးဦးကြိုပြုနေတဲ့ စစ်ကောင်စီခေါင်းဆောင် (ပုံဟောင်း)
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်လေဆိပ်မှာ ခရီးဦးကြိုပြုနေတဲ့ စစ်ကောင်စီခေါင်းဆောင် (ပုံဟောင်း)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်ကောင်စီစွဲဆိုထားတဲ့ အမှုတွေထဲက နောက်ဆုံးလက်ကျန် ၅ မှု မှာ သက်သေတွေအားလုံးကို စစ်ဆေးပြီးပြီဖြစ်လို့ လာမယ့် တနင်္လာနေ့ ( ဒီဇင်ဘာလ ၂၆ ) အပြီးသတ်လျှောက်လဲချက်ပေးပါတော့မယ်။

လက်ကျန် ၅ မှုဟာ အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်စီချလို့ရတဲ့ အဂတိအမှုတွေဖြစ်ပြီး NLD အစိုးရ လက်ထက် သဘာဝဘေးမှာ သုံးဖို့ ရဟတ်ယာဉ် ဌားရမ်းတာ ၊ဝယ်ယူတာတွေမှာ နိုင်ငံဘဏ္ဍာငွေ နစ်နာလို့ဆိုပြီး စစ်ကောင်စီက တရားစွဲဆိုထားတာပါ။

ဒီအမှုတွေအတွက် ပြီးခဲ့တဲ့ ရက်ပိုင်းက NLD အစိုးရ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ၊ အစိုးရအဖွဲ့ ရုံးဝန်ကြီး ဦးမင်းသူတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်သေအဖြစ် နေပြည်တော်အချုပ်ထောင်ကစစ်ကောင်စီတရားရုံးမှာ သက်သေထွက်ဆိုခဲ့ပါတယ်။

သူတို့ ၂ ဦး ထွက်ဆိုရာမှာ NLD အစိုးရဟာ ရဟတ်ယာဉ်ကိစ္စ လုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်ခဲ့တာလို့ ထွက်ဆိုကြောင်း တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က တော့ အမှုအတွက် သက်သေတွေအားလုံးကိုစစ်ဆေးပြီးပြီဖြစ်လို့ လာမယ့် တနင်္လာနေ့မှာအပြီးသတ် လျှောက်လဲချက်ပေးဖို့ စစ်ကောင်စီတရားရုံးက ချိန်းဆိုလိုက်ပါတယ်။

ဒါကြောင့် မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ လက်ကျန်အမှုတွေကို အပြီးဖြတ်ဖို့ ရှိနေပါတယ်။

လက်ရှိအချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဟာ အမှု ၁၄ မှုနဲ့ ထောင်ဒဏ် ၂၆ နှစ် ချပြီး နေပြည်တော်အချုပ်ထောင်မှာအကျဉ်းချထားပါတယ်။

ဓာတ်ပုံ − AP

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

မြန်မာပြည်သူပြည်သားများ မတရားသဖြင့် ဥပဒေမဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်းမှ ကာကွယ်တားဆီးနိုင်ရန်အတွက် အထက်ဖော်ပြပါ ညွှန်ကြားချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးက သိရှိ လိုက်နာဆောင်ရွက်သွားကြရန် အကြောင်း ကြားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သတင်း

ဒေသတွင်း၌ စစ်တပ်ထုတ်ကုန်များ မသုံးစွဲရေး၊ မသယ်ဆောင်ရေးတို့ကို ပညာပေးစည်းရုံးနေသော်လည်း တခြားဒေသမှရောက်လာသော ကုန်တင်ယာဥ်များသည် လိုက်နာမှုအားနည်းသည့်အခြေအနေများကို ရံဖန်ရံခါ တွေ့ရှိ‌နေရသေးသည်ဟု ဆိုသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ