Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က မတ္တရာနယ် ဧရာဝတီမြစ်ဘေးကျေးရွာများအား မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်နှင့် မြစ်တစ်ဖက်ကမ်းတွင်ရှိသော မတ္တရာမြို့နယ်ရှိ ကျေးရွာအများအပြားအား စစ်ကြောင်းထိုး ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

စိန်ပန်းကုန်းကျေးရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ-Cj
စိန်ပန်းကုန်းကျေးရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ-Cj

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ဘေးရှိ စိန်ပန်းကုန်းကျေးရွာအား စစ်ကောင်စီတပ်က ညအချိန် ဝင်ရောက်ဖျက်ဆီးမီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ (ဒီဇင်ဘာ ၂၄ ရက်) ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က မတ္တရာမြို့နယ် ဧရာဝတီမြစ်ဘေးရှိ စိန်ပန်းကုန်းကျေးရွာအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ အိမ်ခြေအများအပြား မီးလောင် ကျွမ်းပျက်စီးနိုင်ကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ၂၃ ရက် ညနေ ၃နာရီခန့်က ဧရာဝတီမြစ်ကြောင်းအတွင်း မန္တလေးမြို့မှဆန်တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသော ရေယာဉ်တစ်စီးအား စိန်ပန်းကုန်းကျေးရွာအနီး၌

ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့နောက် နောက်တစ်ရက် ဒီဇင်ဘာ၂၄ ရက်တွင် စစ်အုပ်စုက အနီးရှိ စိန်ပန်းကုန်းရွာအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ဒေသခံတစ်ဦးကိုလည်း ဒရုန်းဖြင့်တိုက်ခဲ့သည့် ဖြစ်စဥ်ပါဝင်သော PDFဟုဆိုကာ ဖမ်းဆီးထားကြောင်း ဒေသခံက ပြောသည်။

“ထိခိုက်မှု အတိအကျမသိရလို့သာ။ အဲဒီနားက ရွာလည်းမီးပတ်ရှို့နေတာ။ စိတ်ဆိုးနေကြတာ။ ဖမ်းထားတဲ့တစ်ယောက်ကလည်း အဖွဲ့ထဲက မဟုတ်ဘဲ ပြည်သူတွေထဲကလည်း ဖြစ်နိုင်တယ်။”ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်နှင့် မြစ်တစ်ဖက်ကမ်းတွင်ရှိသော မတ္တရာမြို့နယ်ရှိ ကျေးရွာအများအပြားအား စစ်ကြောင်းထိုး ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။