Connect with us

Hi, what are you looking for?

သတင်း

မန္တလေး နဂါးနန်းတော် ရွှေဆိုင် ကို ဓားပြဝင်တိုက်တဲ့အမျိုးသားဖမ်းခံရ

မနေ့က နေ့ခင်းပိုင်း ၂ နာရီဝန်းကျင်မှာ ဆိုင်ထဲ ဝင်လာတဲ့အမျိုးသား ၁ဦးက သေနတ်ပြပြီး ဓားပြဝင်တိုက်တာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ပါတယ်။

မန္တလေး နဂါးနန်းတော် ရွှေဆိုင် ကို ဓားပြဝင်တိုက်တဲ့အမျိုးသားဖမ်းခံရ
မန္တလေး နဂါးနန်းတော် ရွှေဆိုင် ကို ဓားပြဝင်တိုက်တဲ့အမျိုးသားဖမ်းခံရ

မန္တလေး ၊ချမ်းအေးသာစံမြို့နယ်ထဲက နဂါးနန်းတော် ရွှေဆိုင် ကို ဓားပြတိုက်ဖို့ ကြိုးပမ်းမှု မနေ့က ဒီဇင်ဘာလ ၂၅ ရက် နေ့ခင်ပိုင်းမှာဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေဆီကစုံစမ်းသိရပါတယ်။

အဲဒီရွှေဆိုင်ဟာ ချမ်းအေးသာစံမြို့နယ် ၊ကဉ္စနမဟီရပ်ကွက်၊ ၇၇ လမ်း၊ ၃၂ လမ်း နဲ့ ၃၃ လမ်းကြားမှာရှိပါတယ်။

မနေ့က နေ့ခင်းပိုင်း ၂ နာရီဝန်းကျင်မှာ ဆိုင်ထဲ ဝင်လာတဲ့အမျိုးသား ၁ဦးက သေနတ်ပြပြီး ဓားပြဝင်တိုက်တာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ပါတယ်။

ဒီအချိန်မှာဆိုင်ဝန်ထမ်းတွေက အော်ဟစ်အကူအညီတောင်းပြီး လုံးထွေးဖမ်းဆီးလို့ ဓားပြတိုက်ဖို့ကြိုးပမ်းတဲ့အမျိုးသား ဖမ်းခံလိုက်ရတယ်လို့လည်း စစ်ကောင်စီက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေဆိုင်တွေအပြင်နေအိမ်တွေမှာပါ ဓားပြတိုက် လုယက်တာတွေ မကြာခဏဆို ဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ ၅ ရက်ခန့်က မောသစ်ရွှေဆိုင်ပိုင်ရှင် နေအိမ်က အထွက်မှာတင် ဓားပြတိုက်ခံရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မုဆိုးခြုံရွာမ ရွာမှာ စပါးရောင်းလာတဲ့ လင်မယားနှစ်ဦး နေအိမ်ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း၂၅၀နဲ့ဖုန်းတွေပါယူသွားခံရကာ အမျိုးသားဖြစ်သူကိုပါ သတ်ဖြတ်သွားတယ်လို့ ‌‌‌‌ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။