Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ထင်းဝင်းရပ်ကွက်ရုံးရှေ့ တိုက်ခိုက်ခံရပြီးနောက် ဖြတ်သန်းသွားလာခွင့်ပိတ်

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မှာ ရပ်ကွက်ရုံးရှေ့ကိုအသွားအလာပိတ်လိုက်တယ်လို့ ရပ်ကွက်မှာနေထိုင်သူ အမျိုးသားတစ်ဦးကပြောပြပါတယ်။

မန္တလေးမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီယာဉ်တန်း (ပုံဟောင်း)
မန္တလေးမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီယာဉ်တန်း (ပုံဟောင်း)

မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ်၊ ထင်းဝင်း ရပ်ကွက်ရုံးရှေ့မှာ စစ်ကောင်စီတပ်သားတွေ ဗုံးနဲ့တိုက်ခိုက်ခံရပြီးနောက် ရပ်ကွက်ရုံးရှေ့ကို အသွားအလာပိတ်ပင်လိုက်ပါတယ်။

ထင်းဝင်းရပ်ကွက်ရုံးရှေ့မှာ ခြင်းခတ်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ဟာ ဒီဇင်ဘာလ၅ ရက်ညနေပိုင်း ၅ နာရီခန့်မှာ ဗုံးနဲ့တိုက်ခိုက်ခံရတာပါ။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မှာ ရပ်ကွက်ရုံးရှေ့ကိုအသွားအလာပိတ်လိုက်တယ်လို့ ရပ်ကွက်မှာနေထိုင်သူ အမျိုးသားတစ်ဦးကပြောပြပါတယ်။

“မနက်က အဲဘက်ကိုသွားဖို့ကိစ္စရှိတာ အစစ်ဆေးကြမ်းနေလို့ မသွားဖြစ်လိုက်ဘူး။ စစ်သားတွေ၊ ရဲတွေကောအပြည့်ချထားတာ” လို့ အဲဒီအမျိုးသားကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာလ ၅ ရက်ညနေပိုင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ တိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့တဲ့ မန္တလေးမြို့ပြပြောက်ကြားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ခံရတဲ့ ရပ်ကွက်ရုံးဟာဆိုရင် အမှတ် ၇ ရဲစခန်းနဲ့ မဟာအောင်မြေမြို့နယ် တရားရုံးကြားမှာ ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာအိမ်ထောင်စုတစ်စုကိုခွဲတမ်းအနေနဲ့တစ်လစားအုန်းဆီနှစ်ပိဿာခွဲရောင်းချပေးဖို့ဆီဝယ်ယူခွင့်စာအုပ်တွေကိုအာဏာသိမ်းစစ်တပ်ရဲ့ အောက်ခြေအုပ်ချုပ်ရေးပိုင်းကရပ်ကွက်အလိုက်လုပ်ပေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။