Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့သို့ထွက်လာသည့် တပ်မ(၃၃)မှယာဥ်တန်း မိုင်းထိပြီး တစ်စီးပျက်စီး

ယနေ့(ဇန်နဝါရီ ၈ရက်)နံနက် ၆နာရီ ၄၇မိနစ်ခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကိုင်းတပ်မ (၃၃)မှ တစ်စီးလျှင် လူဦးရေ ၃၀ခန့်ပါသည့် စစ်ကားနှစ်စီး မုံရွာမြို့ဘက်သို့ ထွက်ခွာလာခဲ့သည်။

မုံရွာမြို့သို့ထွက်လာသည့် တပ်မ(၃၃)မှယာဥ်တန်း မိုင်းထိပြီး တစ်စီးပျက်စီး
မုံရွာမြို့သို့ထွက်လာသည့် တပ်မ(၃၃)မှယာဥ်တန်း မိုင်းထိပြီး တစ်စီးပျက်စီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ(၃၃)မှ မုံရွာမြို့သို့ ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်းအား ပြင်းအားမြင့် မိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ယာဉ်တစ်စီးပျက်စီးပြီး စစ်အုပ်စုထိခိုက်သေဆုံးမှုရှိကြောင်း People’s Army To Fight Dictatorship (PAFD)က သတင်းထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၈ရက်)နံနက် ၆နာရီ ၄၇မိနစ်ခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကိုင်းတပ်မ (၃၃)မှ တစ်စီးလျှင် လူဦးရေ ၃၀ခန့်ပါသည့် စစ်ကားနှစ်စီး မုံရွာမြို့ဘက်သို့ ထွက်ခွာလာခဲ့သည်။

အဆိုပါ နှစ်စီးအနက် ဒုတိယမြောက်တစ်စီးအား မြင်းမူမြို့နှင့် ဝမ်းပြည့်ကျေးရွာကြားတွင် အထူးပြုလုပ်ထားသော ပြင်းအား​​မြင့်မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PAFD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ကားတစ်စီး ပျက်စီးသွားပြီးဆက်မမောင်းနိုင်တော့ဘဲ ထိုးရပ်သွားခဲ့သည်ဟု PAFDက ဆိုသည်။

Public Service Announcement

Public Service Announcement

ပျက်စီးနေသော ယာဉ်နှင့် သေဆုံးဒဏ်ရာရနေသော စစ်သားများကို မြင်းမူမြို့ရှိ စစ်အုပ်စုကကားတစ်စီးဖြင့် မိုးကာအုပ်၍ လာရောက်သယ်ယူသွားကြောင်း၊ မိုင်းထိသွားသောကားပေါ်မှ စစ်သား ၁၀ဦးခန့်သာ ဆင်းလာနိုင်တော့ကြောင်း မြင်တွေ့သိရှိရသည်ဟု PAFDက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကိုPeople’s Army To Fight Dictatorship(PAFD)၊တပ်ခွဲDKPDF(MMU)၊ People’s Knight Defense Force၊Myinmu(PKDF.MMU)၊TAUNGTHA People Defense Force(TTAPDF)၊ D.B.B.F.MMU မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ PAFD အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ (ဇန်နဝါရီ ၇ ရက်) နံနက်ပိုင်းကလည်း မန္တလေးမှ မုံရွာမြို့သို့လာသော စစ်ကောင်စီယာဥ်ကြီး နှစ်စီးအား မုံရွာ – မန္တလေးလမ်းမကြီးပေါ်၊ ဂွေးပင်တောနှင့်ရေပိုးစားရွာကြားတွင် ပဒေသာမိုင်း ငါးလုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF- South Monywa က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှုးကား မိုင်းထိသွားတာကြောင့် စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ မြို့ပြစစ်ဆင်ရေးစစ်ကြောင်း(U.O.C)က ဒီနေ့ မတ်လ ၈ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။