Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့သို့ထွက်လာသည့် တပ်မ(၃၃)မှယာဥ်တန်း မိုင်းထိပြီး တစ်စီးပျက်စီး

ယနေ့(ဇန်နဝါရီ ၈ရက်)နံနက် ၆နာရီ ၄၇မိနစ်ခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကိုင်းတပ်မ (၃၃)မှ တစ်စီးလျှင် လူဦးရေ ၃၀ခန့်ပါသည့် စစ်ကားနှစ်စီး မုံရွာမြို့ဘက်သို့ ထွက်ခွာလာခဲ့သည်။

မုံရွာမြို့သို့ထွက်လာသည့် တပ်မ(၃၃)မှယာဥ်တန်း မိုင်းထိပြီး တစ်စီးပျက်စီး
မုံရွာမြို့သို့ထွက်လာသည့် တပ်မ(၃၃)မှယာဥ်တန်း မိုင်းထိပြီး တစ်စီးပျက်စီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ(၃၃)မှ မုံရွာမြို့သို့ ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်းအား ပြင်းအားမြင့် မိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ယာဉ်တစ်စီးပျက်စီးပြီး စစ်အုပ်စုထိခိုက်သေဆုံးမှုရှိကြောင်း People’s Army To Fight Dictatorship (PAFD)က သတင်းထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၈ရက်)နံနက် ၆နာရီ ၄၇မိနစ်ခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကိုင်းတပ်မ (၃၃)မှ တစ်စီးလျှင် လူဦးရေ ၃၀ခန့်ပါသည့် စစ်ကားနှစ်စီး မုံရွာမြို့ဘက်သို့ ထွက်ခွာလာခဲ့သည်။

အဆိုပါ နှစ်စီးအနက် ဒုတိယမြောက်တစ်စီးအား မြင်းမူမြို့နှင့် ဝမ်းပြည့်ကျေးရွာကြားတွင် အထူးပြုလုပ်ထားသော ပြင်းအား​​မြင့်မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PAFD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ကားတစ်စီး ပျက်စီးသွားပြီးဆက်မမောင်းနိုင်တော့ဘဲ ထိုးရပ်သွားခဲ့သည်ဟု PAFDက ဆိုသည်။

Public Service Announcement

Public Service Announcement

ပျက်စီးနေသော ယာဉ်နှင့် သေဆုံးဒဏ်ရာရနေသော စစ်သားများကို မြင်းမူမြို့ရှိ စစ်အုပ်စုကကားတစ်စီးဖြင့် မိုးကာအုပ်၍ လာရောက်သယ်ယူသွားကြောင်း၊ မိုင်းထိသွားသောကားပေါ်မှ စစ်သား ၁၀ဦးခန့်သာ ဆင်းလာနိုင်တော့ကြောင်း မြင်တွေ့သိရှိရသည်ဟု PAFDက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကိုPeople’s Army To Fight Dictatorship(PAFD)၊တပ်ခွဲDKPDF(MMU)၊ People’s Knight Defense Force၊Myinmu(PKDF.MMU)၊TAUNGTHA People Defense Force(TTAPDF)၊ D.B.B.F.MMU မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ PAFD အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ (ဇန်နဝါရီ ၇ ရက်) နံနက်ပိုင်းကလည်း မန္တလေးမှ မုံရွာမြို့သို့လာသော စစ်ကောင်စီယာဥ်ကြီး နှစ်စီးအား မုံရွာ – မန္တလေးလမ်းမကြီးပေါ်၊ ဂွေးပင်တောနှင့်ရေပိုးစားရွာကြားတွင် ပဒေသာမိုင်း ငါးလုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF- South Monywa က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ဗိုလ် ၂ ဦး​သေဆုံး​ကြောင်း​​စစ်​ရေးသတင်းရင်းမြစ်အချို့က ​​ပြော​သော်လည်း​ဒေသခံ အချို့က ၁ ဦး​သေ​ကြောင်း​ပြောသည်။

သတင်း

ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၄၀ခန့်က မုံရွာမြို့စက်မှု (၁)၊ အေးရိပ်သာလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အရပ်ဝတ်ဖြင့် ထိုင်နေသည့် အမှတ်(၂)ရဲစခန်းမှ ဒုရဲအုပ်ကျော်ဇင်ဦးဆိုသူ ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးခဲ့သည်။

သတင်း

နိုဝင်ဘာ ၂၉ ရက်ကလည်း တောင်သာမြို့နယ်၊ တစ်မိုက်သာကျေးရွာရှိ ပျူစောထီးခေါင်းဆောင်နေအိမ်အား မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းနှင့် မဟာမိတ်အဖွဲ့များက ဝင်တိုက်ရာ ပျူတစ်ဦးသေဆုံးပြီး သေနတ်၅ လက်နှင့် ခဲယမ်းများရရှိခဲ့သေးသည်။

သတင်း

Depeyin Local Mobile Team အဖွဲ့သည် ဒီပဲယင်းနှင့် ဘုတလင်နယ်များရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များအား ၅ ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများရှိပြီး လက်နက် ၇ လက်နှင့် ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း အဖွဲ့ဝင်ရဲဘော်များက ပြောသည်။