Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်း မိုင်းထိ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းထိပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စက်တင်ဘာ -၁ ၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းထိပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မနေ့က(ဩဂုတ် ၃၁ ရက်) နတ်မောက်မြို့အရှေ့ဘက်ခြမ်း လျှော်ချောင်းလေးရွာကနေ အင်အား ၁၂၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်သား ၁၀ ကျော် သေဆုံးခဲ့ပြီး ၅ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။ စစ်ကြောင်းလည်း ရှေ့ဆက်မထိုးနိုင်တော့ဘဲ ဒဏ်ရာရရှိသူတွေ နဲ့ သေဆုံးသူတွေကို လျှော်ချောင်းလေးရွာကို ပြန်လည်သယ်ဆောင်သွားခဲ့ရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်စစ်ကြောင်းထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

” စစ်ကြောင်းပြန်လည်ထိုးနိုင်တယ်လို့ယူဆရပါတယ် ။မနေ့ကညက သမုန်းကုန်းရွာဘက်ရောက်လာပြီးခုတော့ကမ်းပြိုဘက်ပြန်ရောက်ရှိနေတယ်”လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်တာ၀န်ရှိသူက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာ လဲဘူကျေးရွာကပြည်သူတွေကို မတရားဖမ်းဆီး ရိုက်နှက်နှိပ်စက်တာတွေရှိခဲ့ပြီး လျှော်ချောင်းလေးရွာက ဒေသခံပြည်သူပိုင် နွားလှည်း (၁၃)စီးကို အဓမ္မခေါ်ဆောင်ကာ ကမ်းပြိုရွာကို သယ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

နွားလှည်းတွေ သယ်ဆောင်ရာလမ်းကြောင်းမှာ ထမ်းစင် ၅ခု၊ လူချင်းကျောပိုးသယ်ဆောင်မှုနှစ်ခု ပါရှိခဲ့ပြီး နတ်မောက်မြို့က ကြိုတင်မှာယူထားတဲ့ ကား ၂စီး၊သုံးဘီး ၁စီး နဲ့ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေကို သယ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုင်းကွင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်‌တွေရဲ့ ထိခိုက်သေဆုံးမှု သွေးကွက်တွေ၊ ကျန်ရစ်ခဲ့တဲ့အသုံးအဆောင်ပစ္စည်းတွေကိုလည်း မှတ်တမ်းယူနိုင်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က သီးခြားထုတ်ပြန်ထားပါတယ်။

စစ်တပ်ဟာ နတ်မောက်မြို့နယ်အရှေ့ခြမ်းက ရွာတွေကို အင်အားအလုံးအရင်းနဲ့ အခု ၂၀၂၆ ဧပြီကတည်းက လက်ရှိအချိန်ထိ မကြာခဏစစ်ကြောင်းထိုးနေပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေကလည်း ဖတ်တောရေ၊ကျီးကန်၊ ကန်ဦးကုန်း၊ ရုံးပင်ကွက် ရွာတွေက နေအိမ်တွေကို ဖောက်ထွင်းပြီး မီးရှို့တာ အရပ်သား၃ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့တဲ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုလိုက်သေဆုံးခဲ့ရတာတွေရှိပါတယ်။

အလယ်ရိုးမနဲ့ဆက်စပ်နေပြီး သစ်တောကြိုးဝိုင်းတွေရှိနေတဲ့ နတ်မောက်မြို့အရှေ့ခြမ်းက တော် လှန်ရေးတပ်စခန်းတွေ ကို ရှင်းလင်းရေးနဲ့ နယ်မြေစိုးမိုး ရေးကို စစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

နေပြည်တော်-မကွေး-မန္တလေးတိုင်း သုံးခုဆုံမှတ် သဏ္ဍန်ရှိနေတဲ့ နတ်မောက်မြို့နယ်မှာ စစ်တပ်ရဲ့ ရွာမွန် ပင်မ စစ်လက်နက်ပစ္စည်းတပ်(ပပနတပ်)နဲ့ ဒန့်ဒလွန်ပင် ဆက်သွယ်ရေးတပ် အခြေစိုက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုကို စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သား ၂ဦးကို သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီး စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ အထိနာပြီး နောက်ဆုတ်သွားတယ်လို့ ‌မြေပြင်သတင်းရင်းမြစ်တချို့က လူထုနွေဦး ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူတွေ တိမ်းရှောင်နေရပါတယ်။

သတင်း

မြန်မာနိုင်ငံတောင်ပိုင်းမှာ ရုရှား ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာနိုင်တဲ့ အဓိက စီးပွားရေးဇုန် စီမံကိန်း နေရာကို အပြည့်အဝ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းမြန်မာစစ်တပ်က အင်အား အလုံးအရင်းနဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေပါတယ်။

Facebook