Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်မှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေ လိုက်လံဝယ်ယူနေ

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

​ ဧပြီ−၁၊ ၂၀၂၆။ဇေအောင်/People’s Spring

​မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

​ဝယ်ယူသူတွေဟာ ကျေးရွာနေပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ ဖုန်းနံပါတ်တွေကို အသုံးပြုကာ ငွေလွှဲအကောင့်သစ်တွေ ဖွင့်ခိုင်းပြီး ဝယ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောပါတယ်။

“အကောင့်လာလုပ်(လာရောင်း)ကြတာ‌ကတော့တရက် တစ်ရာကျော်လောက်လာလုပ်နေကြတာ။ ဝယ်တဲ့သူတွေက အနည်းဆုံး ဆယ်ယောက်လောက်တော့ ရှိမယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့နှစ်အတွင်းကလည်း မန္တလေးမြို့နဲ့အနီးတဝိုက်မှာ “ကျားဖျန့်” ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက အခုလို အကောင့်ဝယ်ယူမှုတွေ ပြုလုပ်ခဲ့ပြီး ဒေသခံအချို့ ဖမ်းဆီးခံခဲ့ရဖူးပါသေးတယ်။ ဒါ့အပြင် မိတ္ထီလာမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်တွေဘက်မှာလည်း အခုလို အကောင့်ဝယ်ယူတာတွေရှိခဲ့ကြောင်း သိရပါတယ်။

အကောင့်ဝယ်ယူသွားသူတွေဟာ အဲဒီအကောင့်ကို အသုံးပြုပြီး ငွေလိမ်လည်တာ၊ အွန်လိုင်းလောင်းကစားပြုလုပ်တာ သို့မဟုတ် တရားမဝင်ငွေကြေးတွေ စီးဆင်းတာတွေ ရှိပါက အကောင့်ပိုင်ရှင် (မှတ်ပုံတင်ပိုင်ရှင်)ဟာ ပထမဆုံး တရားခံအဖြစ် ဖမ်းဆီးအရေးယူခံရမှာဖြစ်ကြောင်း၊ ယခုလို မုံရွာမြို့နယ်အတွင်းက ရွာတွေမှာ ဘဏ်အကောင့်တွေဝယ်ယူတာဟာ အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်ဂိုဏ်းတွေက ငွေကြေးခဝါချဖို့အတွက် အသုံးပြုဖို့ ဖြစ်နိုင်ခြေရှိကြောင်း နည်းပညာကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​သုံးစွဲသူအများဆုံးဖြစ်တဲ့ KBZ Pay (K Pay) မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းဟာ ဒီကနေ့ ဇွန်လ ၉ရက် နေ့လယ်ပိုင်းကစပြီး သုံးလို့မရတော့တာကြောင့် အဆင်မပြေမှုတွေ ကြုံတွေ့နေရပြီး စိုးရိမ်မှုတွေပါ ဖြစ်ပေါ်ခဲ့ပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

အညာဒေသမှာ KPayအကောင့် ဝယ်ယူနေတာတွေဟာ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့ CDM ဘဏ်ဝန်ထမ်းဟောင်း ရဲဘော်တစ်ဦးက ပြောပါတယ်။

ဆောင်းပါး

မုံရွာမြို့နယ်မှာ ကျွတ်ကျွတ်မြည်အောင်ပူနေတဲ့ နွေနေ့လယ်ခင်းရဲ့အပူရှိန်ကိုတောင် မမှုနိုင်ဘဲ ဆိုက်တွဲတစ်စီးပေါ်မှာ လူတွေအစုလိုက် အပြုံလိုက် တက်စီးပြီး လိုက်ပါလာကြတယ်။ ဆိုက်တွဲပေါ်က လူတွေရဲ့လက်ထဲမှာလည်း မှတ်ပုံတင်နဲ့ ဖုန်းကိုယ်စီ ကိုင်ဆောင်ထားကြတယ်။