Connect with us

Hi, what are you looking for?

သတင်း

CNFဌာနချုပ် လေကြောင်းတိုက်ခိုက်မှု ချင်းလူမျိုးများ၏တော်လှန်ရေးစိတ်အားထန်သန်မှု ပိုမို ခိုင်မာစေဟု မင်းတပ်CDF ထုတ်ပြန်

လက်ရှိတွင်လည်း မင်းတပ် CDF ရှိရာနယ်မြေသို့ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာ၍ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal၊ CJ
စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal၊ CJ

စစ်အာဏာရှင်ဖြုတ်ချရေး အားသွန်ခွန်စိုက်လုပ်မည်ဟု ဖော်ပြ

ချင်းတော်လှန်ရေးအဖွဲ့အစည်းတစ်ခု ၏ ရုံးစိုက်ရာဌာနချုပ်ကို လေကြောင်းမှ တိုက်ခိုက်ခြင်းမှာ ချင်းပြည်သူတစ်ရပ်လုံးကို မထီမဲ့မြင်ပြုရာ‌ရောက်ပြီး ချင်းပြည်သူအားလုံး၏ စစ်ကောင်စီ အပေါ် နာကြည်းမှုများတိုးပွားလာစေကာ ချင်းလူမျိုးများ၏တော်လှန်ရေး စိတ်အားထက်သန်မှုကို ပိုမိုခိုင်မာစေသောလုပ်ရပ်ဖြစ်ကြောင်း မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီက ယမန်နေ့(ဇန်နဝါရီ ၁၀ရက်) ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) ဌာနချုပ်တည်ရှိရာ ဝိတိုရိယစခန်းကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ရဲဘော် ငါးဦးကျဆုံးပြီး ဒဏ်ရာရသူ ၁၀ခန့်ရှိခဲ့သည်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal၊ CJ
စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – The Chin Journal၊ CJ

စစ်ကောင်စီ လေတပ်မှ CNF/ CNA ဌာနချုပ်တည်ရှိရာ ဝိတိုရိယစခန်းကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီသည် ချင်းပြည်အနှံ့တွင် ဝေဟင်/မြေပြင် စစ်ကြောင်းများဖြင့် ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိပြီး မင်းတပ် CDF သည် CNF/CNA အပါအဝင် ချင်းတော်လှန်‌ရေး အင်အားစုများ ၊ နိုင်ငံအနှံ့ရှိ ဘုံရည်မှန်းချက်တူညီသည့် တော်လှန်ရေး အင်အားစုများနှင့် ပိုမို ပူးပေါင်း၍ စစ်အာဏာရှင်ဖြုတ်ချရေး ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းများတွင် ဆက်လက်ပြီးအားသွန်ခွန်စိုက် ဆောင်ရွက်သွား မည်ဟု ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင်လည်း မင်းတပ် CDF ရှိရာနယ်မြေသို့ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာ၍ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။