Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီစစ်ကြောင်း နှစ်ခု မင်းတပ်နယ်အတွင်း စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားမှုရှိနိုင်ဟု CDF အသိပေး

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း လေကြောင်းကင်းထောက်မှု၊ တိုက်လေယာဉ် ပျံသန်းမှုများ ဆက်တိုက်ပြုလုပ်နေပြီး မြို့နယ်အတွင်း တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း မင်းတပ်CDFက ဆိုသည်။

(မင်းတပ်CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CDF-Mindat)
(မင်းတပ်CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CDF-Mindat)

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ခုဖြင့် စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားမှုရှိနိုင်ပြီး တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလာနိုင်ကြောင်း မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

မင်းတပ်အခြေစိုက် ခလရ (၂၇၄)တပ်နှင့်ပူးပေါင်း စစ်ကြောင်းအင်အား (၁၀၀)ခန့်သည် မင်းတပ်မြို့နယ် အနောက်ဘက် လီလောင်းကျေးရွာမှတဆင့် တောင်ကျောများအတိုင်း စစ်ကြောင်းနှစ်ပိုင်းခွဲ၍ ဆက်လက်ထွက်ခွာသွားကြောင်း၊ အခြား စစ်ကောင်စီတပ် စစ်ကြောင်း တစ်ခုသည်လည်း မင်းတပ်မြို့နယ် တိုက်နယ်အမှတ်(၁)ရှိ ဝီလူးရွာသစ်နှင့် ပိန်ရိန်းရွာကြားတွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားသည်။

(မင်းတပ်CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CDF-Mindat)
(မင်းတပ်CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – CDF-Mindat)

ထို့ကြောင့် ပြည်သူများအနေဖြင့် ၎င်းပတ်ဝန်းကျင်များတွင် သွားလာခြင်း၊တောင်ယာ လုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း ခေတ္တရပ်ဆိုင်းထားရန် CDFက အသိပေးထားသည်။

စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုကြောင့် CDF-Mindat နှင့် စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေနိုင်ပြီး တိုက်ပွဲများဆက်လက် ပိုမိုပြင်းထန်လာနိုင်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

(မင်းတပ်CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CDF-Mindat)
(မင်းတပ်CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – CDF-Mindat)

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း လေကြောင်းကင်းထောက်မှု၊ တိုက်လေယာဉ် ပျံသန်းမှုများ ဆက်တိုက်ပြုလုပ်နေပြီး မြို့နယ်အတွင်း တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း မင်းတပ်CDFက ဆိုသည်။

ထို့ပြင် ပြည်သူများရှိရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းစသည့် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။