Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ်တွင် ပျူအသွင်ယူနေသူကကင်းတာဝန်ကျချိန်လက်နက်ယူဆောင်ကာပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံအပ်နှံ

လက်နက်အပ်ခဲ့သည့် မောင်မင်းမင်းစိုးအပါ အဝင်မိသားစုဝင်များကို ဘေးကင်းလုံးခြုံစွာ စောင့်ရှောက်ကူညီပေးထားကြောင်းလည်း အသိပေးသည်။

ရွှေဘိုမြို့နယ်တွင် ပျူအသွင်ယူနေသူကကင်းတာဝန်ကျချိန်လက်နက်ယူဆောင်ကာပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံအပ်နှံ
ရွှေဘိုမြို့နယ်တွင် ပျူအသွင်ယူနေသူကကင်းတာဝန်ကျချိန်လက်နက်ယူဆောင်ကာပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံအပ်နှံ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၌ ပျူစောထီးအသွင်ယူဆောင်နေသူတစ်ဦးက စစ်ကောင်စီတပ်နှင့် ပျူစောထီးများနှင့်အတူ ကင်းတာဝန်ကျချိန်တွင် လက်နက်ယူဆောင်ကာ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း C&T SHWE BOက ယနေ့(ဇန်နဝါရီ ၁၁ ရက်) ထုတ်ပြန်သည်။

ရွှေဘိုခရိုင် ရွှေဘိုမြိုနယ် သီလုံးကျေးရွာ၌ စစ်အုပ်စုက ကျေးရွာနေ ပြည်သူများကို အနိုင်ကျင့်နေသောကြောင့် ယခုလက်နက်လာရောက်အပ်နှံခဲ့သည့် မောင်မင်းမင်းစိုး၏မိသားစုဝင် ခုနစ်ဦးအားဦးစွာ ကယ်ထုတ်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် စစ်ကောင်စီ၊ပျူစောထီးများနှင့် တာဝန်ကျချိန်တွင် ကာကွယ်ရေးအဖွဲ့နှင့် ချိတ်ဆက်ပြီး လက်နက်ယူ‌ဆောင်ကာ ပ.လ.ဖ ဒုတာဝန်ခံ၊ C&T SHWE BO.အဖွဲ့ထံသို့ လက်နက်အပ်ခဲ့ကြောင်း ဖော်ပြသည်။ ၎င်းသည် ပျူစောထီးအသွင်းယူပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ သတင်းပေးနေဟု ဆိုသည်။

“အတွင်းသတင်းယူပြီး တော်လှန်ရေးအင်အားစုဆီသို့ သတင်းပေးပို့နေထိုင်နေတာ။လုံခြုံမှုမရှိတော့တာကြောင့် တော်လှန်ရေးအင်အားစုကို အသိပေးလာတဲ့အတွက် မိသားစုဝင် ခုနစ်ဦးအား အရင်ကယ်ထုတ်ခဲ့တယ်”ဟု C&T SHWE BO က ပြောသည်။

Public Service Announcement

Public Service Announcement

လက်နက်အပ်ခဲ့သည့် မောင်မင်းမင်းစိုးအပါ အဝင်မိသားစုဝင်များကို ဘေးကင်းလုံးခြုံစွာ စောင့်ရှောက်ကူညီပေးထားကြောင်းလည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ် အနောက်ခြမ်းက ချီပါကျေးရွာအနီးကို စစ်တပ်က လေကြောင်းက ‌ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သက်ကြီး အမျိုးသား ၁ဦး သေဆုံးပြီး ပြည်သူ ၈ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

နိုင်ငံတကာ

ကျူးဘားနိုင်ငံဟာ အမေရိကန်အတွက် အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။ သူက ကျူးဘားနဲ့ အမေရိကန်ကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သဘောတူညီမှုတွေ ရယူနိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ လက်နက် ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ တရုတ် နိုင်ငံသားဟာ မူလ ယူဆထားသလို ထိုင်းပိုင်နက်ထဲမှာ အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့တာ မဟုတ်ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။ အသက် ၃၁ နှစ်အရွယ် ဆွန်မန်ချန်းရဲ့ ပစ်မှတ်ဟာ ကမ္ဘောဒီးယား နိုင်ငံ ပိုင်နက်ထဲက ပြိုင်ဘက်...

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်သား တစ်ဦးဟာ လက်နက်နဲ့ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(ကလေး-ကဘော်-ဂန့်ဂေါ)-(CDF-KKG)က မေလ ၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။