Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ ၅ နယ်မြေမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၁ ဦးသေဆုံး

ဆေးရုံ ၊စာသင်ကျောင်း ၊ဘာသာရေးအဆောက်အဦးတွေနဲ့ နေအိမ်တွေလည်းထိခိုက်ပျက်စီးရတယ်လို့ KNU သတင်းရင်းမြစ်အပြင် ကရင်လူမှုအဖွဲ့အစည်းတွေထံက သိရပါတယ်။

၂၀၁၉ ခုနှစ်အတွင်း စစ်ကောင်စီလေတပ်စစ်ရေးလေ့ကျင့်စဉ် ( ဓာတ်ပုံ − AFP)
Two Myanmar military jet fighters fire missiles during combined exercise by Myanmar army and air force near Magway on January 31, 2019. (Photo by AFP) / “The erroneous mention[s] appearing in the metadata of this photo by STR has been modified in AFP systems in the following manner: [2019] instead of [2018]. Please immediately remove the erroneous mention[s] from all your online services and delete it (them) from your servers. If you have been authorized by AFP to distribute it (them) to third parties, pl

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ တပ်မဟာ ၅ နယ်မြေ ထဲ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၁ ဦးအပါအဝင်ဒေသခံပြည်သူ ၁၁ ဦး သေဆုံးခဲ့ရပါတယ်။

ဆေးရုံ ၊စာသင်ကျောင်း ၊ဘာသာရေးအဆောက်အဦးတွေနဲ့ နေအိမ်တွေလည်းထိခိုက်ပျက်စီးရတယ်လို့ KNU သတင်းရင်းမြစ်အပြင် ကရင်လူမှုအဖွဲ့အစည်းတွေထံက သိရပါတယ်။

ဇန်နဝါရီလ ၇ ရက် မနက် ၇ နာရီ ဝန်းကျင်က တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မဲသူကျေးရွာအုပ်စု၊ လယ်ထူဖိုးဒေသထဲ စစ်ကောင်စီက ဗုံးကြဲရာ ဆေးရုံ နဲ့ အဆောက်အဦး ၇ လုံး ပျက်စီးခဲ့ပါတယ်။

အဲဒီနောက် နာရီပိုင်းအကြာ မနက် ၁၀ နာရီခွဲမှာ မဲသူကျေးရွာအုပ်စု၊ ယာဂီထာဈေးထဲကို ဗုံးလေးလုံး ထပ်မံကြဲချခဲ့ရာ ပြည်သူ ၆ ဦး သေဆုံးခဲ့ရတယ်လို့ တပ်မဟာ ၅ ထံကသိရပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က ဇန်နဝါရီလ ၁၂ ရက် နေ့လယ်ပိုင်း ၂ နာရီဝန်းကျင်မှာ တပ်မဟာ ၅ နယ်မြေ လူသောမြို့နယ်၊ ပေကေကျေးရွာအုပ်စု၊ လေးဝါးကျေးရွာကို တိုက်လေယာဉ် ၄ စီး လာရောက်ဗုံးကြဲရာမှာ အသက် ၂ နှစ်အရွယ်ကလေး အပါအဝင် ရွာသား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ဆိုထားပါတယ်။

သေဆုံးသူ တွေအပြင် ဒဏ်ရာရသူ ၂ ဦး ရှိပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ စာသင်ကျောင်းအဆောက်အဦး ၂ လုံး၊ နေအိမ် ၂၁ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KHRG ရဲ့စာရင်းအရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ