Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမြို့နယ်တွင် ရိက္ခာတင်ကားလာယူသည့် စစ်ကောင်စီတပ်ကို KNU ပူးပေါင်းတပ်တိုက်ခိုက်၊ စစ်တပ်ဒုရင်းမှူးသေဟုဆို

“(မနေ့)ညပိုင်း စစ်တောင်းတံတားမှာ တစ်ကောင်သေ၊ သုံးကောင်ဒဏ်ရာရသွားတယ်”ဟု PDF တပ်ရင်း(၃၇၀၂) မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ကျောက်ကြီး
ကျောက်ကြီး

ရန်ကင်းပညာရေးကောလိပ်မှ CDM ကျောင်းဆရာရဲဘော်လည်း ကျဆုံးခဲ့ရ

ကျောက်ကြီးမြို့နယ် နတ်သံကွင်း – ကျောက်ကြီးလမ်းပိုင်းတွင် ထားခဲ့ရသော ရိက္ခာတင်ယာဥ် ပြန်လာယူသည့် စစ်ကောင်စီတပ်အား KNU/KNLA ပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးတစ်ဦး သေဆုံးသွားကြောင်း ပဲခူးတိုင်း PDF တပ်ရင်း (၃၇၀၂)က ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၉) နံနက်ပိုင်းက နတ်သံကွင်းနှင့် ကျောက်ကြီးမြို့နယ်ကြား နောင်ကုန်းကျေးရွာအနီးတွင် မယူနိုင်၍ ထားခဲ့ရသော ရိက္ခာတင်ယာဥ်အား ပြန်လာယူသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲတွင် တပ် ရင်း(၃၇၀၂)မှ တပ်ဖွဲ့ဝင်ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

(ရန်ကင်းပညာရေးကောလိပ်ဆင်း CDM ကျောင်းဆရာ စောလဲဘွယ်ထူး)
(ရန်ကင်းပညာရေးကောလိပ်ဆင်း CDM ကျောင်းဆရာ စောလဲဘွယ်ထူး)

ကျဆုံးရဲဘော်မှာ ရန်ကင်းပညာရေးကောလိပ်ဆင်း CDM ကျောင်းဆရာ စောလဲဘွယ်ထူးဖြစ်ပြီး ၎င်းရဲဘော်အတွက် သွေးကြွေးပြန်ယူသည့်အနေဖြင့် ယင်းနေ့(ဇန်နဝါရီ ၉)ညပိုင်းတွင် စစ်တောင်းတံတားရှိ စစ်ကောင်စီတပ်ဂိတ်ကို လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း တပ်ရင်း (၃၇၀၂)က ပြောသည်။

Public Service Announcement
Public Service Announcement

“(မနေ့)ညပိုင်း စစ်တောင်းတံတားမှာ တစ်ကောင်သေ၊ သုံးကောင်ဒဏ်ရာရသွားတယ်”ဟု PDF တပ်ရင်း(၃၇၀၂) မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ နတ်သံကွင်း – ကျောက်ကြီးလမ်းပိုင်းတွင် စစ်ကောင်စီတပ်များ ဇန်နဝါရီ ၇ရက်ကတည်းက တော်လှန်ရေးတပ်ဖွဲ့များထောင်ထားသည့် မိုင်းမိခြင်းအပြင် ဇန်နဝါရီ ၈ရက်ကလည်း KNU/KNLA ၊ PDF ပူးပေါင်းတပ်များ၏ စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၄ဦးခန့် သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။