Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့နယ်ကန်တော်ရွာရှိ စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်၊ သေနတ်တစ်လက်သိမ်းဆည်းရမိ

ပခုက္ကူမြိူ့နယ်တွင် စစ်ကောင်စီတပ်သည် ဒေသတွင်းပြည်သူများအား ဆိုင်ကယ်နှစ်ယောက်မစီးရန်နှင့် ကန့်သတ်ချိန်အတွင်းသာမောင်းနှင်ရန် အဓမ္မထုတ်ပြန်ထားသည်။

(သိမ်းဆည်းခဲ့သော MA1 သေနတ်တစ်လက်အားတွေ့ရစဥ်၊ ဓာတ်ပုံ-မြိုင် (ပကဖ))
(သိမ်းဆည်းခဲ့သော MA1 သေနတ်တစ်လက်အားတွေ့ရစဥ်၊ ဓာတ်ပုံ-မြိုင် (ပကဖ))

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာရှိစစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ထိခိုက်သေဆုံးမှုရှိပြီး သေနတ်တစ်လက်နှင့် ကျည်များသိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။

ဇန်နဝါရီ၁၃ ရက်က ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာရှိ စစ်ကောင်စီတပ်အား မြိုင်(ပကဖ) အဖွဲ့က နံနက် ၈ နာရီခန့်မှ ညနေ ၃နာရီခွဲအတွင်း အီနာဂါ ၁၀လုံးချကာ တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေ​ဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ထို့အပြင် MA1သေနတ်တစ်လက်နှင့်ကျည် ၂၅ တောင့်ဘောက်တစ်ခု သိမ်းဆည်းနိုင်ခဲ့ကြောင်း ကိုလယျာ်က ပြောသည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

“ကန်တော်ကျေးရွာလမ်းဆုံမှာချပြီးတော့ ထိခိုက်မှုရှိမရှိ ရှင်းလင်းစဉ်တွေ့ရှိခဲ့တာပါ။”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ပခုက္ကူမြိူ့နယ်တွင် စစ်ကောင်စီတပ်သည် ဒေသတွင်းပြည်သူများအား ဆိုင်ကယ်နှစ်ယောက်မစီးရန်နှင့် ကန့်သတ်ချိန်အတွင်းသာမောင်းနှင်ရန် အဓမ္မထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်