Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့နယ်ရှိ နေအိမ် ၆၀ကျော်ကို စစ်ကောင်စီတပ် မီးတင်ရှို့

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၂၂ ရက်နံနက် ၆ နာရီခန့်က ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၆လုံး မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများက ပြောသည်။

(မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဂဝံလေးတိုင်ကျေးရွာနှင့် မြစ်ဖျားကျေးရွာများအား အဝေးမှမြင်ရစဥ်။ဓာတ်ပုံ-ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
(မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဂဝံလေးတိုင်ကျေးရွာနှင့် မြစ်ဖျားကျေးရွာများအား အဝေးမှမြင်ရစဥ်။ဓာတ်ပုံ-ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

ဆန်အိတ် ၇၀ကိုပါ မီးရှို့ဖျက်ဆီးသွား

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ယောချောင်းအရှေ့ဘက်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့မှုများ ပြုလုပ်ရာ ကျေးရွာနှစ်ရွာရှိ နေအိမ် ၆၀ ကျော်နှင့် ဆန်အိတ်၇၀ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၂၂ ရက်နံနက် ၆ နာရီခန့်က ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၆လုံး မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများက ပြောသည်။

(မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဂဝံလေးတိုင်ကျေးရွာနှင့် မြစ်ဖျားကျေးရွာများအား အဝေးမှမြင်ရစဥ်။ဓာတ်ပုံ-ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
(မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဂဝံလေးတိုင်ကျေးရွာနှင့် မြစ်ဖျားကျေးရွာများအား အဝေးမှမြင်ရစဥ်။ဓာတ်ပုံ-ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

ဂဝံလေးတိုင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီတပ်သားများသည် ယမန်နေ့ (စက်တင်ဘာလ ၂၃ ရက်)ကလည်း ပခုက္ကူမြို့နယ်၊ မြစ်ဖျားကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၄၅လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

မြစ်ဖျားကျေးရွာသည် ဧပြီလအတွင်းက ပထမအကြိမ်မီးရှို့ခံခဲ့ရပြီး ယခုဒုတိယအကြိမ် ထပ်မံမီးရှို့ဖျက်ဆီးခံရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နေအိမ်များအပြင် သုံးဘီးတစ်စီးနှင့် ကားတစ်စီး ထပ်မံမီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကားတစ်စီးပေါ်ရှိ ဆန်အိတ်အလုံးရေ ၇၀နှင့် အခြားပစ္စည်းများလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကာ ကျပ်သိန်း ၅၀၀ ဖိုးခန့်ဆုံးရှုံးခဲ့ကြောင်း မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ပခုက္ကူမြို့နယ်အတွင်းရှိ ယော‌ချောင်းအရှေ့ဘက်ကျေးရွာများအား စက်တင်ဘာ ၁၅ ရက်မှစတင်ကာ ၀င်ရောက်လာပြီး ကျေးရွာရှိ နေအိမ်အဆောက်အအုံများအားဖျက်ဆီးခြင်း၊လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ပြည်သူလူထုပိုင်ပစ္စည်းဥစ္စာများအား သိမ်းယူခြင်းများ ပြုလုပ်သွားခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

ပခုက္ကူမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ အနိုင်ကျင့်ဖိနှိပ်မှုများကြောင့် စစ်ဘေးရှောင်ကျေးရွာများ ပိုမိုများပြားလာပြီဖြစ်ပြီး အကူအညီများလိုအပ်နေကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။