Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (ဇန်နဝါရီ ၂၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ခုခံတော်လှန်စစ်ကို အခုထက်ပိုမိုအောင်မြင်အောင်ကြိုးပမ်းလုပ်ဆောင်မယ်လို့ ယာယီသမ္မတ ပြော

စစ်ခေါင်းဆောင်တွေ တွန်းပို့ခဲ့တဲ့ လက်နက်ကိုင်ခုခံတွန်းလှန်စစ်ကို အဆုံးတိုင်လုပ်ဆောင်ရမှာဖြစ်ပြီး စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အဆုံးသတ် အပြုတ်တိုက်ပွဲအတွက် စနစ်တကျ ပြင်ဆင်ထားရမယ်လို့ NUG ယာယီသမ္မတက ပြောပါတယ်။

အဆုံးသတ်အပြုတ်တိုက်ပွဲအတွက် စနစ်တကျပြင်ဆင်ထားရမည်ဖြစ်ပြီး အရှုံးခံ၍မရဟု ယာယီသမ္မတ ပြော
အဆုံးသတ်အပြုတ်တိုက်ပွဲအတွက် စနစ်တကျပြင်ဆင်ထားရမည်ဖြစ်ပြီး အရှုံးခံ၍မရဟု ယာယီသမ္မတ ပြော

ဒီနေ့ ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ခုခံတော်လှန်စစ်ကို အခုထက် အောင်မြင်အောင် ကြိုးပမ်းလုပ်ဆောင်ရမယ်လို့ ယာယီသမ္မတဒူဝါလရှီးလက တိုက်တွန်းလမ်းညွှန်ပါတယ်။ အဆုံးသတ်တိုက်ပွဲအတွက် တော်လှန်ရေး သက်လုံတွေကို မြှင့်ထားကြဖို့နဲ့ ခုခံတော်လှန်စစ်မှ အဆုံးသတ်တိုက်ပွဲဆီကို ဦးတည်နိုင်မှသာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို မျှော်လင့်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ခိုင်မာတဲ့ မဟာမိတ်ဆက်ဆံရေးကိုလည်း စနစ်တကျ တည်ဆောက်နေပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် ဘုံသဘောတူညီချက်များ၊ ဘုံရည်မှန်းချက်များ လိုအပ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။

အဆုံးသတ်အပြုတ်တိုက်ပွဲအတွက် စနစ်တကျပြင်ဆင်ထားရမည်ဖြစ်ပြီး အရှုံးခံ၍မရဟု ယာယီသမ္မတ ပြော
အဆုံးသတ်အပြုတ်တိုက်ပွဲအတွက် စနစ်တကျပြင်ဆင်ထားရမည်ဖြစ်ပြီး အရှုံးခံ၍မရဟု ယာယီသမ္မတ ပြော

▪︎မြန်မာစစ်တပ်ရဲ့ ပြစ်မှုတွေကို လူ့အခွင့်အရေး အဖွဲ့တစ်ခု ဦးဆောင်ပြီး ဂျာမနီမှာ အမှုဖွင့်

လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ မြန်မာအစိုးရအပေါ် လူ့အခွင့်အရေး အဖွဲ့တစ်ခုက ဦးဆောင်ပြီး ဂျာမနီ နိုင်ငံမှာ အရေးဆို အမှုဖွင့်လိုက်ပါတယ်။ Fortify Rights အဖွဲ့နဲ့ ဂျာမနီ နိုင်ငံရောက် လူပုဂ္ဂိုလ် ၁၆ ဦးတို့ဟာ မြန်မာစစ်တပ်ရဲ့ ၂၀၁၇ တုန်းက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် အကြမ်းဖက်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ ၂၀၂၁ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အခုလို တိုင်ချက်ဖွင့်ခဲ့တာပါ။ ဂျာမနီမှာ မြန်မာစစ်တပ်ကို တရားစွဲဆို အမှုဖွင့်ထားတဲ့ အကြောင်းကို Fortify Rightsက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီနေ့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Fortify Rights ပူးတွဲတည်​ထောင်သူနှင့် အမှု​ဆောင်အရာရှိချုပ် Matthew Smith ။ ဓါတ်ပုံ-AP
Fortify Rights ပူးတွဲတည်​ထောင်သူနှင့် အမှု​ဆောင်အရာရှိချုပ် Matthew Smith ။ ဓါတ်ပုံ-AP

▪︎ရေစကြိုနယ်မှာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးလို့ ပြည်သူလူထုနေအိမ် ၂,၀၀၀ ခန့် မီးလောင်ပျက်စီး

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးလို့ ပြည်သူလူထု နေအိမ် ၂,၀၀၀ ခန့် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ရေစကြို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပါတယ်။ အိမ်တစ်လုံးရဲ့ တန်ဖိုးနားမလည်တဲ့ အကြမ်းဖက်အာဏာသိမ်းစစ်တပ်နဲ့ အပေါင်းအပါ ပြည်သူ့စစ်၊ ပျူစောထီးတွေရဲ့ မီးရှို့ဖျက်ဆီးမှုများကြောင့် မြို့နယ်တစ်ဝှမ်းရှိ ပြည်သူတွေရဲ့ နေအိမ် ၁,၉၀၂ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။ ပြည်သူအများမှာလည်း မိမိတို့ ရပ်ရွာအတွင်း မနေနိုင်လို့ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်ပါးစေ ပျူတွေရဲ့ ရန်မှဝေးရာ အရပ်သို့ နေအိမ်များကို စွန့်ခွာနေထိုင်ကြရတယ်လို့ အသိပေးပါတယ်။

▪︎မင်းတပ်နယ် စစ်ရှောင်ကူညီရေးအဖွဲ့ နေထိုင်ရာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ

ချင်းပြည်နယ် မင်းတပ်မြို့နယ် ပလိပ်ထွီကျေးရွာကို စစ်ကောင်စီတပ်က မနေ့ မနက်ပိုင်းမှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားများထိခိုက်မှုရှိခဲ့တယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မင်းတပ်မြို့နယ်၊ တိုက်နယ်(၂)အတွင်းရှိ ပလိပ်ထွီကျေးရွာရှိ လူနေအိမ်တွေနဲ့ ကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်မှ တိုက်ပွဲမရှိဘဲ တိုက်လေယာဉ်နဲ့ ပစ်ခတ်ခြင်း၊ ဗုံးကြဲခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။ လေယာဉ်နဲ့ ပစ်ခတ်၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် နှစ်လုံး ၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ သိမ် တစ်လုံးပျက်စီးဆုံးရှုံးခဲ့ပြီး လေယာဉ်ဗုံးဆံကြောင့် ထိခိုက်ဒဏ်ရာရသူများလည်း ရှိတယ်လို့ ဖော်ပြပါတယ်။

▪︎အွန်လိုင်းကျောင်း ၃၃ ကျောင်းကို NUG အသိအမှတ်ပြုကြောင်း ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနဟာ ပညာသင်ယူခွင့်ဆုံးရှုံးနေတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် ကြားကာလ ပြည်သူ့ပညာရေးကျောင်းများ ဖွင့်လှစ်ကာ စဉ်ဆက်မပြတ် ပညာသင်ကြားရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေရာ ၃၃ ကျောင်းကို အသိအမှတ်ပြုကြောင်း ထုတ်ပြန်ပါတယ်။ ပြည်သူ့ပညာရေးကျောင်း အသိအမှတ်ပြုမူဝါဒ (၁၁)ချက်နဲ့ Information and Technology Security Guideline များကို လိုက်နာဆောင်ရွက်ပါမယ်လို့ ဝန်ခံကတိပြုထားတဲ့ Online ကျောင်း ၃၃ ကျောင်းကို “ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်း” အဖြစ် အသိအမှတ်ပြုခဲ့တာပါ။ စိစစ်ဆဲ Online ကျောင်းများကိုလည်း အသိအမှတ်ပြုကြောင်း ဆက်လက်ထုတ်ပြန် ကြေညာဖို့ လုပ်ဆောင်နေပြီး မြေပြင်ပြည်သူ့ပညာရေးကျောင်းတွေကိုလည်း အသိအမှတ်ပြုလက်မှတ်ပေးသွားမယ်လို့ ဆိုပါတယ်။

▪︎မိုးကုတ်ရှိ NUG တပ်ရင်း ရှေ့တန်းစခန်းကို စစ်ကောင်စီတပ် လေကြောင်းနဲ့ မြေပြင် တပြိုင်နက်တိုက်ခိုက်

မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တပ်ရင်း (၁၂၂၂)ရဲ့ ရှေ့တန်းစခန်းနေရာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ သုံးစီးအပါအဝင် လေကြောင်းနဲ့ မြေပြင်က တပြိုင်နက်တိုက်ခိုက်ရာ ပြည်သူ့ကာကွယ်ရေးတပ် စစ်ကြောင်းမှူးတစ်ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်ကလည်း တိုက်မိုင်းထိခဲ့လို့ အများအပြားသေဆုံးတယ်လို့ (၁၂၂၂)တပ်ရင်း​ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုမှာ ဝေဟင်မှ ဂျက်ဖိုက်တာ သုံးစီးနဲ့ ဗုံးသီး (၃၀)လုံးခန့် ကြဲချကာ စက်လက်တွေနဲ့လည်း ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရဲဘော်တစ်ဦးအား သယ်ထုတ်နေစဥ်၊ ဓာတ်ပုံ-NUG တပ်ရင်း(၁၂၂၂)
ဒဏ်ရာရရဲဘော်တစ်ဦးအား သယ်ထုတ်နေစဥ်၊ ဓာတ်ပုံ-NUG တပ်ရင်း(၁၂၂၂)

▪︎ရှေ့ပြေးစစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ အများအပြားသေ

မကွေးတိုင်း၊ ပခုက္ကူမြို့မှ မြိုင်မြို့နယ် Well-2 ရေနံမြေစခန်းသို့ ရိက္ခာလာပို့တဲ့ စစ်ကောင်စီယာဥ်တန်းရဲ့ ရှေ့ပြေးခြေလျင်တပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ အများအပြား သေဆုံးတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောပါတယ်။ မနေ့ ညနေပိုင်းက ပခုက္ကူမြို့မှ စစ်ကောင်စီယာဥ်တန်းဟာ မြိုင်မြို့နယ်၊ Well-2 စခန်းသို့ ရိက္ခာပို့ထွက်လာခဲ့ရာ ယာဥ်တန်းရဲ့ ရှေ့ပြေး ခြေလျင်တပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ ဦးခန့် သေဆုံးနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြိုင်(ပကဖ)အဖွဲ့က ထုတ်ပြန်ပါတယ်။

▪︎စစ်ကောင်စီနဲ့ ပတ်သက်ခြင်းမပြုဖို့ PDFဖယ်ခုံ သတိပေး

စစ်ကောင်စီနဲ့အတူ ချီတက်လိုက်ပါလာခြင်း၊ လမ်းပြခေါ်ဆောင်လာပေးခြင်း အပါအဝင် လက်နက်ခဲယမ်း၊ ရိက္ခာများ သယ်ယူပို့ဆောင်ခြင်းမပြုလုပ်ဖို့ PDFဖယ်ခုံက ဒီနေ့ သတိပေးထုတ်ပြန်ပါတယ်။ လိုက်နာခြင်းမရှိဘဲ အတူတကွလှုပ်ရှားသွားလာပါက စစ်ကောင်စီကို ပစ်ခတ်ရှင်းလင်းတိုက်ခိုက်ရာမှာ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲထိခိုက်မှုများဟာ ပြည်သူ့ကာကွယ်ရေးတပ်များနဲ့ လုံးဝသက်ဆိုင်မှု မရှိကြောင်း အသိပေးပါတယ်။ လက်ရှိ ဖယ်ခုံမြို့နယ်ရှိ ဖယ်ခုံ-မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် PDFများနဲ့ စစ်ကောင်စီတပ် တို့ဟာ အချိန်၊ နေရာကန့်သတ်မှုမရှိဘဲ တိုက်ပွဲများ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

▪︎မြိုင်နယ် ကိုင်းတောမရွာတိုက်ပွဲ စစ်ကောင်စီတပ် ရှစ်ဦးသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကိုင်းတောမကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်က မြိုင်မြို့နယ်၊ ကိုင်းတောမရှိ စစ်ကောင်စီတပ်ကို မဟာမိတ်အဖွဲ့တွေက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၄၅ မိနစ်ခန့်ကြာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

(ပြည်သူ့အားမာန်အဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)
(ပြည်သူ့အားမာန်အဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)

▪︎ရွှေဘိုနယ်ရှိ စစ်အုပ်စုကင်းစခန်းလေးခုကို တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ပျူစောထီးကင်းစခန်း လေးခုကို အလစ်ဝင်တိုက်ရာ စစ်အုပ်စုဝင် အများအပြားသေဆုံးခဲ့တယ်လို့ ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပျူတွေရဲ့ ကင်းစခန်းလေးခုအား အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ရာ တိုက်ခိုက်မှုအတွင်း ပျူစောထီးအဖွဲ့ဝင် ၂၀ သေဆုံးပြီး ၁၅‌ ဦးခန့် ဒဏ်ရာအပြင်းထန်ရရှိသွားတယ်လို့ ဆိုပါတယ်။ တစ်ရက်တည်းမှာပဲ ရွှေဘိုမြို့နယ်၊ ရွာသာကျေးရွာရှိ ပျူစောထီးစခန်းနဲ့ ပျူအဖွဲ့ဝင်များကို နှစ်ကြိမ်တိုက်ခိုက်ရာ ထိခိုက်မှုများရှိတယ်လို့ လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဒင်က ပြောပါတယ်။

ဆက်စပ်သတင်းများ