Connect with us

Hi, what are you looking for?

သတင်း

ပုသိမ် – မုံရွာလမ်းအပါအဝင် ဆားလင်းကြီးနယ်ရှိ လမ်းပိုင်းလေးခု ယာယီပိတ်

ဆားလင်းကြီးမြို့နယ်တွင် မြန်မာဝမ်ပေါင်လုပ်ငန်းရှိ စစ်ကောင်စီတပ်က အနီးတဝိုက်ကျေးရွာများအား စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

ပုသိမ်မုံရွာလမ်းပိုင်းတစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj
ပုသိမ်မုံရွာလမ်းပိုင်းတစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေ၍ ပုသိမ် -မုံရွာလမ်းအပါအဝင် လမ်းပိုင်း လေးခုအား ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက သတိပေးကြေညာသည်။

ယနေ့ (ဖေဖော်ဝါရီ၃ ရက်)တွင် ဆားလင်းကြီးမြို့ပေါ်ရောက်ရှိနေသော အင်အား ၂၀ဝခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် လမ်းသွားလမ်းလာများအား ရမ်းသမ်းပစ်ခတ်ခြင်း ၊ပစ္စည်းများလုယက်ခြင်းများ လုပ်ဆောင်နေကြောင်း ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့် ပုသိမ်-မုံရွာလမ်း၊ ဆားလင်းကြီး-ညောင်ပင်ကြီးလမ်း၊ ဆားလင်းကြီး-ကျားတက် လမ်း၊ ဆားလင်းကြီး-ပေါင်းဝလမ်းများအား ယနေ့မွန်းလွဲ ၂ နာရီမှစ၍ အရေးပေါ်ပိတ်သိမ်းလိုက်ကြောင်း၊ ပြန်လည်အသုံးပြုနိုင်မည့်အချိန်အား ကြေညာပေးမည်ဟု ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဆားလင်းကြီးမြို့နယ်တွင် မြန်မာဝမ်ပေါင်လုပ်ငန်းရှိ စစ်ကောင်စီတပ်က အနီးတဝိုက်ကျေးရွာများအား စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မုံရွာမြို့မှာ ဩဂုတ်၃၀ရက် ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး နေအိမ်အတွင်းပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။