Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ကျေးရွာ ခြောက်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပစ်ခတ်နေ၍ကျေးရွာ ခြောက်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ပြည်သူများထွက်ပြေးတိမ်းရှောင်နေရစဥ်၊ ဓာတ်ပုံ-ဗိုလ်ထွဋ်ခေါင်

ယနေ့ (ဇန်နဝါရီ ၂၈ ရက်)နံနက်ပိုင်းက စစ်​ကောင်စီတပ်သည် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကံတော ရွာ၊ ရွှေလှေရွာ၊ တုံရွာ၊ ဆည်းတည်းရွာ၊ ဇီးတောရွာနှင့် ဖောင်းကတာရွာတို့ကို ပစ်ခတ် ဝင်ရောက် စီးနင်းလျက်ရှိပြီး ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ပြည်သူများထွက်ပြေးတိမ်းရှောင်နေရစဥ်၊ ဓာတ်ပုံ-ဗိုလ်ထွဋ်ခေါင်
ပြည်သူများထွက်ပြေးတိမ်းရှောင်နေရစဥ်၊ ဓာတ်ပုံ-ဗိုလ်ထွဋ်ခေါင်

“ချင်းတွင်းတံတားဘက်ကနေလာတာ။ လက်ရှိ ဆားလင်းကြီးနယ်ထဲ စစ်ကြောင်းနှစ်ကြောင်းထိုးနေတယ်။”ဟု ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့ပြီး လက်တလောထိခိုက်မှုအခြေအနေမသိရသေးကြောင်း၊ ဖမ်းဆီးခံရသည့်ပြည်သူများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူများထွက်ပြေးတိမ်းရှောင်နေရစဥ်၊ ဓာတ်ပုံ-ဗိုလ်ထွဋ်ခေါင်
ပြည်သူများထွက်ပြေးတိမ်းရှောင်နေရစဥ်၊ ဓာတ်ပုံ-ဗိုလ်ထွဋ်ခေါင်

ယမန်နေ့ညနေပိုင်းက ဆားလင်းကြီးမြို့ပေါ်မှထွက်လာသောစစ်ကြောင်းသည် ညောင်ပင်ကြီးရဲစခန်းတွင် ညအိပ်ခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် စစ်ကြောင်းထိုးခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် ဆားလင်းကြီး – ညောင်ပင်ကြီးလမ်းအားအရေးပေါ်အခြေအနေမှလွဲ၍အသုံးမပြုကြရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊​ရေခါးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့မို့ အမျိုးသမီး ၂ဦး ထိမှန်သေဆုံးပြီး ပြည်သူ ၅ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။