Connect with us

Hi, what are you looking for?

သတင်း

တရားမဝင်အဖွဲ့နှင့် အချိန်ကုန်ခံဆွေးနွေးခြင်းထက် ခပ်ခွာခွာနေသင့်ဟု KNU တာဝန်ရှိသူ တိုက်တွန်း

စစ်ကောင်စီအနေဖြင့် ပြည်သူလူထုကို နည်းမျိုးစုံဖြင့် အကြမ်းဖက်နေသည်မှာ (၂)နှစ်ကြာရှိပြီဖြစ် သော်လည်း စစ်ကောင်စီနှင့် ဆွေးနွေးမှုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက အတုအယောင်ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေခြင်းအပေါ် KNU တာဝန်ရှိသူအား မေးမြန်းရာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

(အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးသော အဖွဲ့အစည်းများအား တွေ့ရစဉ်)
(အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးသော အဖွဲ့အစည်းများအား တွေ့ရစဉ်)

စစ်ကောင်စီနှင့် အချိန်ကုန်ဆွေးနွေးခြင်းထက် ခပ်ခွာခွာနေသင့်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူလူထုကို နည်းမျိုးစုံဖြင့် အကြမ်းဖက်နေသည်မှာ (၂)နှစ်ကြာရှိပြီဖြစ် သော်လည်း စစ်ကောင်စီနှင့် ဆွေးနွေးမှုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက အတုအယောင်ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေခြင်းအပေါ် KNU တာဝန်ရှိသူအား မေးမြန်းရာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်တပ်သည် အာဏာလုလိုက်ကတည်းက တရားမဝင် အဖွဲ့အစည်းဖြစ်သွားကြောင်း၊တရားမဝင်တဲ့အဖွဲ့အစည်းတစ်ခုအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်ခြင်း၊ ရွေးကောက်ပွဲ လုပ်ခြင်း ပြုလုပ်၍မရကြောင်း၊ အာဏာသိမ်းပြီးကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိတော့ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

(အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးသော အဖွဲ့အစည်းများအား တွေ့ရစဉ်)
(အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးသော အဖွဲ့အစည်းများအား တွေ့ရစဉ်)

“အခုက ရှိသယောင်ယောင်နဲ့ ထပြီးတော့ ဟိုလုပ် ဒီလုပ်နဲ့ လျှောက်ပြနေတာ။ကျွန်တော်တို့နား လည်ရမှာကသူအာဏာသိမ်းပြီးကတည်းက ၂၀၀၈ဆိုတာ လုံး၀ပျက်သွားပြီ။ အဲဒါကြောင့်မို့လို့ အခုလာမယ့် အတုအယောင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရော အတုအယောင် ရွေးကောက်ပွဲတွေရော သူ့မှာ လုပ်ခွင့်မရှိဘူး။ ၂၀၀၈ ဥပဒေအောက်မှာလည်း ဘာမှ လုပ်ခွင့်မရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် ၂၀၀၈က ရှိမှ မရှိတော့တာ။ သူအာဏာသိမ်းတယ်လေ။ အဲဒီလို ရိုးရိုးရှင်းရှင်းနားလည်ပြီဆိုရင် ကျွန်တော်တို့ ရှေ့လုပ်ရမယ့် အလုပ်ကတော့ ခပ်ရှင်းရှင်းပဲ လုပ်ရမယ်။ ဘာလဲဆိုတော့ ဒီစစ်ကောင်စီ တိုက်ဖျက်ရေးပဲ။ အဲဒါကို ဦးစားပေးလုပ်ရမယ်”ဟု ပဒိုစောတောနီးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် စစ်ကောင်စီနှင့် ခပ်ခွာခွာနေခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်ပြောချင်တာက မဖြစ်နိုင်တဲ့ဟာတွေ အင်မတန် အိပ်မက်ဆန်တဲ့ဟာတွေ သွားပြီးတော့ ပြောနေ ဆိုနေသွားပြီးတော့ အချိန်ကုန်ခံပြီး လုပ်တဲ့ဟာတွေက သူနဲ့ တစျေးတည်း ဖြစ်သွားပြီး တစ်နေ့ကျရင် သူတို့နဲ့အတူတူ ပြစ်ဒဏ်တွေအခတ်ခံရမှာလားဆိုတာ ကျနော်မသိဘူးနော် အဲဒါတွေက။ အဲဒါကြောင့်မို့လို့ ခပ်ခွာခွာခပ်ရှင်းရှင်းပဲနေတာ အကောင်းဆုံးပဲ”ဟု ပဒိုစောတောနီးက ပြောသည်။

KNU အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ရေကုန်ရေခမ်းပါဝင်ကြိုးစားခဲ့သော်လည်း စစ်ကောင်စီက ငြိမ်းချမ်းရေး သဘောတူညီချက်များကို မလိုက်နာသည့်အပြင် အာဏာသိမ်းခဲ့သည့်အပေါ် များစွာ ခံပြင်းခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

(အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးသော အဖွဲ့အစည်းများအား တွေ့ရစဉ်)
(အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးသော အဖွဲ့အစည်းများအား တွေ့ရစဉ်)

စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ချက်ချင်းပင်တုံ့ပြန်ကာ အဖွဲ့၏ မူဝါဒ အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း ရှင်းပြသည်။ ယင်းမှာ စစ်တပ်အနေဖြင့် နိုင်ငံရေး မှ စွန့်ခွာပြီးအရပ်သား အုပ်ချုပ်မှုအောက်ရှိရမည်၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဆောင်ရွက်ချက် အပေါ် လက်ခံရမည်၊ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကိုရေးဆွဲရေး၌ သဘောတူညီရမည်၊ နိုင်ငံရေးဆွေးနွေးပွဲများ၌ နိုင်ငံတကာ၏ ပါဝင်ပတ်သက်မှုကိုလက်ခံရမည် စသည့် အချက်များ လက်ခံမှသာ ငြိမ်းချမ်းရေးဆွေးမှု ဖြစ်လာလိမ့်မည်ဟု ဆိုသည်။

“ဒီအချက် လေးချက်ကို သဘောတူညီသလား အဲဒီအချက် လေးချက်ကို သဘောတူညီမှ ကျွန်တော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်မယ်။ ဒါမှ မဟုတ်ရင်တော့ကျွန်တော်တို့ တက်ကို မတက်ဘူး။ လုပ်စရာရှိတာ အခုရည်မှန်းထားတဲ့ စစ်ကောင်စီကို အပြုတ်တိုက်ဖျက်ရေးဆိုတာကျွန်တော်တို့ ပထမဦးစားပေး ရည်မှန်းချက်ဖြစ်တယ်။ ပြီးရင် ဒုတိယ ကာလမှာတော့ အသွင်ကူးပြောင်းရေး ကာလတစ်ခုကို သွားမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခုကို ရအောင်လုပ်မယ်။ အဲဒါပြီးတော့ အတည်ပြုချက်ယူမယ်။ လူထုဆီက ဆန္ဒခံယူပွဲအတည်ပြုချက်ရပြီဆိုရင် နောက် ရွေးကောက်ပွဲလုပ်မယ်။ အဲဒီ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရ ဆီမှာပဲ ကျွန်တော်တို့ အကုန်လုံး ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး စနစ်သစ်ဆီ နောက်ဆုံးအဆင့်ကို ကျွန်တော်တို့ သွားမယ်”ဟု ပဒိုစောတောနီးက ပြောသည်။

(အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးသော အဖွဲ့အစည်းများအား တွေ့ရစဉ်)

ဆက်စပ်သတင်းများ

သတင်း

လူမျိုးများ၊ ပြည်သူလူထုများအားလုံး စည်းလုံးညီညွတ်ကြရမှာ ဖြစ်ပြီး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ကာ လွတ်လပ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာတဲ့အထိ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားကြရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

သတင်း

ကရင့်အမျိုးသားအာဇာနည်နေ့ ဂုဏ်ပြုပွဲအခမ်းအနားကို ဩဂုတ် ၁၂ရက်က ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်မှာ ကျင်းပခဲ့ရာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့တဲ့ ခေါင်းဆောင်တွေနဲ့ ရဲဘော်တွေကို ဂုဏ်ပြုဆုပေးအပ်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က အသိပေးပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။