Connect with us

Hi, what are you looking for?

သတင်း

တပ်မ၄၄ တပ်မမှူးအဖြစ် ဗိုလ်မှူးကြီးညီညီဦးကိုစစ်​ကောင်စီခန့်အပ်

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။

မြဝတီ အမှတ် ၂ တံတားတိုက်ပွဲတွင် ဒဏ်ရာရခဲ့ပြီး ​သေဆုံး​ကြောင်းသတင်းထွက်ခဲ့​သောဗိုလ်မှူးကြီး စိုးမင်းထက်
မြဝတီ အမှတ် ၂ တံတားတိုက်ပွဲတွင် ဒဏ်ရာရခဲ့ပြီး ​သေဆုံး​ကြောင်းသတင်းထွက်ခဲ့​သောဗိုလ်မှူးကြီး စိုးမင်းထက်

▪︎ အာဏာသိမ်းပြီး သုံးနှစ်​ကျော်အတွင်း တပ်မ ၄၄ တပ်မမှူး နေရာကို စစ်ကောင်စီက ၅ ကြိမ်မြောက်​​ပြောင်းခန့်

▪︎ကော်ဘရာစစ်​ကြောင်းတိုက်ခိုက်၍တပ်မမှူး ၂ ဦး​သေပြီး ၁ဦးဒဏ်ရာရထား

ရဲခေါင်၊​​ရွှေပြည်စိုး/People’s Spring

စစ်ကောင်စီက ခြေမြန်တပ်မဌာနချုပ် အမှတ်(၄၄) ၏ တပ်မမှူးနေရာကို စစ်တက္ကသိုလ် အပတ်စဥ် ၄၁ မှ ဗိုလ်မှူးကြီး ညီညီဦး ကို ခန့်အပ်လိုက်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော် က ပြောသည်။

အာဏာသိမ်းပြီး သုံးနှစ်အတွင်း တပ်မ ၄၄ တပ်မမှူး နေရာကို စစ်ကောင်စီက ငါးကြိမ်မြောက်အပြောင်း အလဲ ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိ တပ်မ ၄၄ တပ်မမှူး အသစ်သည် နိုင်ငံ တော်ကာကွယ်ရေးတက္ကသိုလ်၌ နည်းပြ အဖြစ်ဆောင်ရွက်ခဲ့သူဟု ဆိုသည်။

Public Service Announcement

Public Service Announcement

၎င်းမတိုင်မီ တပ်မ ၄၄ တပ်မမှူးဖြစ်ခဲ့သူ ဗိုလ်မှူးကြီး စိုးမင်းထက်သည် ခလရ ၂၇၅ အဖွဲ့ကို ဦးဆောင်စဥ် မြဝတီအမှတ် ၂ တံတား အနီးတိုက်ပွဲ၌ ထိခိုက်ကျဆုံးခဲ့သည်ဟု ကနဦး သတင်းများထွက်ပေါ် ခဲ့သည်။

“ဒဏ်ရာကြောင့်လား ရှုံးနိမ့်မှုကြောင့်လားတော့ မသိရသေးခင်ဗျ”ဟု တပ်မ ၄၄ တပ်မမှူးနေရာ ပြောင်ရွှေ့မှုအပေါ် CDM ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုသည်။

လက်ရှိတပ်မမှူးသစ် ဗိုလ်မှူးကြီးညီညီဦးမတိုင်ခင် တပ်မ ၄၄ တပ်မမှူးများတာဝန်ထမ်း​ဆောင်ခဲ့​သောကာလများ
လက်ရှိတပ်မမှူးသစ် ဗိုလ်မှူးကြီးညီညီဦးမတိုင်ခင် တပ်မ ၄၄ တပ်မမှူးများတာဝန်ထမ်း​ဆောင်ခဲ့​သောကာလများ

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးကြီးစိုးမင်းထက်သည်မြဝတီ အမှတ်(၂) ကုန်သွယ်ရေးတံတားအောက်၌ ပုန်းခိုနေသောစစ်ကောင်စီတပ်သားများကို တော်လှန်ရေးအင်အားစုများကဒရုန်းသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့စဥ်သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ဧပြီလ ၂၁ ရက်နေ့က ဖော်ပြခဲ့သည်။ စစ်ကောင်စီကမူဗိုလ်မှူးကြီးစိုးမင်းထက်နှင့် ပတ်သတ်၍ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

ကရင်ပြည်နယ်မှစစ်ရေးသတင်းရင်းမြစ်တဦးကလည်း”ညီညီဦးကို ၄၄ တပ်မမှူးပေးလိုက်တာ မှန်တယ်။ ဗိုလ်မှူးကြီးစိုးမင်းထက်သတင်းတော့ ဘာမှ မကြားပါ” ဟု ပြောသည်။

KNU က အမှတ် (၂) တံတားအနီးတိုက်ပွဲကို သတင်းထုတ်ပြန်ရာတွင် တပ်မမှူးမှာ ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူ ၃၀ ​ကျော်ရှိပြီး ​သေဆုံးသူလည်း ၃၀ ထက်မနည်း​ကြောင်း​ဖော်ပြထားသည်။

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။

KNU တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်တွင် စစ်​ရေးလှုပ်ရှားခဲ့​သော တပ်မ ၄၄ မှတပ်မမှူးများသည်​တော်လှန်​ရေးအဖွဲ့များတိုက်ခိုက်မှူ​ကြောင့် သုံးနှစ်အတွင်း​ အနည်းဆုံးသေဆုံးသူ ၂ ဦးရှိပြီဖြစ်သည်။ဗိုလ်မှူးကြီးစိုးမင်းထက်ပါ ​သေပါက ​တော်လှန်​ရေးအဖွဲ့များက တိုက်ခိုက်၍ သုံးဦး​မြောက်​သေဆုံး​သော တပ်မမှူးဖြစ်လာမည်ဖြစ်သည်။

၂၀၂၁ ခုနှစ် သြဂုတ်လတွင် တပ်မ ၄၄ တပ်မမှူးအဖြစ် ဗိုလ်မှူးချုပ်တင်မိုးနိုင်၊၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ တွင်ဗိုလ်မှူးချုပ် ဝင်းနောင်စိုး၊၂၀၂၄ နှစ် ဇန်နဝါရီလ တွင် ဗိုလ်မှူးချုပ်အေးမင်းနောင် နှင့် ဖေဖော်ဝါရီလတွင် ဗိုလ်မှူးကြီးစိုးမင်းထက် တို့ကို စစ်ကောင်စီက ခန့်အပ်ခဲ့သည်။

ဗိုလ်မှူးချုပ်ဝင်းနောင်စိုး နှင့် အေးမင်းနောင်တို့ကို နာမည်​ကျော်​ကောဘရာစစ်​ကြောင်းကတိုက်ခိုက်ရှင်းလင်းခဲ့​ကြောင်းထုတ်ပြန်ခဲ့သည်။ဗိုလ်မှူးချုပ်​အေးမင်း​နောင်မှာ တပ်မမှူးဖြစ်ပြီး တာဝန်လွှဲ​ပြောင်းယူရန် ရဟတ်ယာဥ်ဖြင့် ၂၀၂၄ ဇန်နဝါရီ ၂၉ ရက်က သဃ်န်းညီ​နောင်ဗျူဟာလစဥ် ကော်ဘရာစစ်ကြောင်းကတိုက်ခိုက်ခဲ့၍ ​သေဆုံးခဲ့ပြီး ရဟတ်ယာဥ်ပါပျက်ကျခဲ့သည်။

(မြဝတီ အမှတ် ၂ တံတားတိုက်ပွဲတွင် ဒဏ်ရာရခဲ့ပြီး ​သေဆုံး​ကြောင်းသတင်းထွက်ခဲ့​သောဗိုလ်မှူးကြီး စိုးမင်းထက် နှင့် လက်ရှိတပ်မမှူးသစ် ဗိုလ်မှူးကြီးညီညီဦးမတိုင်ခင် တပ်မ ၄၄ တပ်မမှူးများတာဝန်ထမ်း​ဆောင်ခဲ့​သောကာလများ)

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန် − မန္တလေးအမြန်လမ်း တောင်ငူမြို့နယ်လမ်းပိုင်းအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး နေအိမ် ၄၀၀ကျော်ရှိသည့် စပါးကြွယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက် မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့ပေါ် ရှိ မြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို စီးနင်းတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း စလင်းမြို့နယ်ပြည်သူပြည့်ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံ ကိုအောင်ဆန်းက လူထုနွေဦးသို့ ပြောသည်။

သတင်း

အာဏာသိမ်း စစ်ကောင်စီနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကြား တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်ဖို့ သင့်တော်တဲ့ အခြေအနေ ဖြစ်လာပြီလို့ ယုံကြည်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားခဲ့ပါတယ်။

သတင်း

အပစ်ရပ်ထားသည်ဆိုသည့်စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်၊ နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က ထုတ်ပြန်သည်။