Connect with us

Hi, what are you looking for?

သတင်း

မြန်မာကို လက်နက်မရောင်းတာ ကြာပြီလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော

ဇန်နဝါရီ ၁၆ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ စင်ကာပူဟာ မြန်မာစစ်တပ်ရဲ့ စစ်လက်နက် ထုတ်လုပ်ရာ လုပ်ငန်းစုတွေကို သွယ်ဝိုက် ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေရှိရာ နိုင်ငံတွေထဲက တစ်ခုလို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်​ကောင်စီတပ်များကို ၂၀၂၂ မတ်လ ၂၇ ရက်က​တွေ့ရစဥ်၊ ဓာတ်ပုံ - AP
အာဏာသိမ်းစစ်​ကောင်စီတပ်များကို ၂၀၂၂ မတ်လ ၂၇ ရက်က​တွေ့ရစဥ်၊ ဓာတ်ပုံ - AP

မြန်မာနိုင်ငံကို လက်နက်မရောင်းခဲ့တာ အချိန်အတော်ကြာခဲ့ပြီး ဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်က လွှတ်တော်မှာ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလက်ခ်ရစ်ရှ်နန်က အခုလို မှတ်ချက်ပေးသွားခဲ့တာ ဖြစ်ပါတယ်။ စင်ကာပူ အစိုးရဟာ မြန်မာနိုင်ငံကို လက်နက်တွေ တင်ပို့ရောင်းချခြင်း မရှိခဲ့တာ ကာလအတော်ကြာခဲ့ပြီး ဖြစ်သလို လက်နက်တင်ပို့မှုကို တားမြစ်ချက် တစ်ခုကလည်း အသက်ဝင်နေဆဲလို့ ဝန်ကြီးက ဆိုတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီရဲ့ မကြာသေးခင်က ထုတ်ပြန်ချက်မှာ စစ်သုံးလက်နက် ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းတွေ အပါအဝင် ပစ္စည်းအတော်များများ မြန်မာကို တင်သွင်းဖို့ အကူးအပြောင်းတွေမှာ စင်ကာပူဟာ အရေးကြီးတဲ့ မဟာဗျူဟာ ဆုံချက်တစ်ခု ဖြစ်နေတယ်လို့ ဖော်ပြခဲ့တာနဲ့ ပတ်သက်လို့ လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ ဒန်းနစ်တန်က မေးမြန်းခဲ့တဲ့အပေါ် ဘာလက်ခ်ရစ်ရှ်နန်က အခုလို ပြန်ဖြေခဲ့တာပါ။

Public Service Announcement
Public Service Announcement

အာဏာပိုင်တွေ အနေနဲ့ စင်ကာပူ ကုမ္ပဏီတွေဟာ စစ်လက်နက် အလွှဲအပြောင်းတွေမှာ မပတ်သက်ဖို့ ကန့်သတ်ချက်အပေါ် အမှန်တကယ် လေးစားလိုက်နာမှု ရှိမရှိ ဆိုတာကိုရော စစ်ဆေးခဲ့သလားလို့လည်းတန်က မေးခွန်းထုတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဝန်ကြီးက စင်ကာပူအစိုးရဟာ မြန်မာနိုင်ငံဆီ စစ်လက်နက်နဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေ၊ စစ်သုံး ရည်ရွယ်ချက်အတွက် အလားအလာရှိတဲ့ ပစ္စည်းတွေ ပို့ဆောင်မှုကို ခွင့်ပြု မထားဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ အကြံပေး ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ စင်ကာပူနဲ့ ပတ်သက်လို့ ရည်ညွှန်းနေတာတွေ အများစုဟာ ၂၀၂၁ ဖေဖော်ဝါရီက ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ် အာဏာသိမ်းမှု မတိုင်ခင် အခြေအနေတွေနဲ့ ပိုသက်ဆိုင်တယ်လို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖြေရှင်းချက် ပေးခဲ့ပါတယ်။

ဇန်နဝါရီ ၁၆ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ စင်ကာပူဟာ မြန်မာစစ်တပ်ရဲ့ စစ်လက်နက် ထုတ်လုပ်ရာ လုပ်ငန်းစုတွေကို သွယ်ဝိုက် ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေရှိရာ နိုင်ငံတွေထဲက တစ်ခုလို့ ဖော်ပြထားပါတယ်။

ဘာလက်ခ်ရစ်ရှ်နန်က အရင်ကတည်းက မြန်မာနိုင်ငံကို လက်နက် ရောင်းချမှုတွေက အဆက်မပြတ် ရှိနေခဲ့တာ မဟုတ်သလို ပြည်သူလူထုကို အင်အားသုံး ဖြိုခွဲရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကိုလည်း စနစ်တကျ စောင့်ကြည့် ကန့်သတ်ခဲ့ကြောင်း၊ အခုဆိုရင် မြန်မာကို စစ်လက်နက် မရောင်းတာ နှစ်တွေနဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သလို ရှေ့ဆက်ပြီးလည်း စင်ကာပူဟာ ဒီကိစ္စနဲ့ ပတ်သက်ရင် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ရှေ့ဆက် ဆောင်ရွက်နေဦးမယ်လို့လည်း အရင် ကာကွယ်ရေး ဝန်ကြီးဟောင်း ဂျော့ဂျ်ယိုရဲ့ စကားတချို့ကို ကိုးကားပြီး တန်ရဲ့ အမေးကို ဖြေကြားသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

ရသစာတမ်းငယ်

ကျုပ်နာမည် အုတ်ခုံ။ အပြည့်အစုံလား။ လမ်းဘေးအုတ်ခုံတဲ့။ ဂုဏ်တင်ပြီးခေါ်ရင်တော့ လမ်းဘေးထိုင်ခုံပေါ့ဗျာ။ ကျုပ် ဒီရောက်နေတာလား ဆယ်နှစ်လောက်ပေါ့။ ဒီလောက်ပဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီနားမှာ မြောင်းတွေဖေါ်မှ ကျုပ်ရောက်

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။