Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို လက်နက်မရောင်းတာ ကြာပြီလို့ စင်ကာပူဆို

စင်ကာပူဟာ ယခင်စစ်အစိုးရ လက်ထက်တွေမှာ စစ်ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ဆက်ဆံရေး ရှိခဲ့ပေမယ့် တကျော့ပြန် အာဏာသိမ်းတဲ့စစ်ကောင်စီအပေါ်မှာ တင်းမာတဲ့သဘောထားရှိနေပါတယ်။

ဓာတ်ပုံ − ရိုက်တာ
ဓာတ်ပုံ − ရိုက်တာ

အာဏာသိမ်း မြန်မာစစ်ကောင်စီ လက်နက်မရောင်းချတာ ကာလကြာနေပြီလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ထပ်မံအတည်ပြုပြောဆိုလိုက်ပါတယ်။

မနေ့က စင်ကာပူ ပါလီမန်မှာ လွှတ်တော်အမတ်တစ်ဦးက စင်ကာပူဟာ မြန်မာစစ်တပ် လက်နက်ထုတ်ဖို့အထောက်အပံ့ဖြစ်စေတဲ့ ကုန်ကြမ်းတွေကို သယ်ယူရာမှာ အရေးပါတဲ့ကြားခံ နိုင်ငံဖြစ်နေတယ်လို့ဖော်ပြထားတဲ့အစီရင်ခံစာတစ်စောင်နဲ့ ပတ်သက်ပြီး မေးမြန်းမှုကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဖြေကြားခဲ့ရတာပါ။

အဲဒီအစီရင်ခံဟာကို ကုလအရေးကျွမ်းကျင်သူ တွေစုဖွဲ့ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီက ပြီးခဲ့ဲ့ဇန်နဝါရီလလယ်ပိုင်းကထုတ်ပြန်ခဲ့တာပါ။

အစီရင်ခံစာထွက်လာပြီး ရက်ပိုင်းအတွင်းမှာတင်ပဲ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာစစ်တပ်ထံ စစ်လက်နက် ဒါမှမဟုတ် စစ်လက်နက်ဆက်စပ်ပစ္စည်းတွေကို လွဲပြောင်းပေးပို့တာမရှိဘူးလို့ တုံ့ပြန်ခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

စင်ကာပူဟာ ယခင်စစ်အစိုးရ လက်ထက်တွေမှာ စစ်ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ဆက်ဆံရေး ရှိခဲ့ပေမယ့် တကျော့ပြန် အာဏာသိမ်းတဲ့စစ်ကောင်စီအပေါ်မှာ တင်းမာတဲ့သဘောထားရှိနေပါတယ်။

ကိုးကား − CNA

ဆက်စပ်သတင်းများ

အတွေးအမြင်

"စင်ကာပူကအလုပ်သမားရှားတယ်၊ဒါပေမယ့်လူတွေကို ပိုပြီးခေါ်မယ့်အစားAI ကို အသုံးချပြီးထုတ်လုပ်မှုစွမ်းအားမြှင့်တင်မယ်"

သတင်း

စင်ကာပူအစိုးရက မပယ်ဖျက်ရ​သေးတဲ့ ကုမ္ပဏီ၁၃ ခုထဲမှာလက်နက်ပွဲစားကွန်ယက်ကုမ္ပဏီ​တွေပါ​နေပြီအ​ရေးယူ​​ပေးဖို့တိုက်တွန်း

နိုင်ငံတကာ

စင်ကာပူ နိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်း ပိုရှည်လာကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။