Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်၍ အမျိုးသမီးတစ်ဦးသေဆုံး၊ သားနှင့်သမီးငယ်တို့ ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၈ရက်ညပိုင်းက တပ်မဟာ(၃)၊ မူးမြို့နယ်၊ တုံးတောကျေးရွာတွင် အခြေချတပ်စွဲထားသော စစ်ကောင်စီတပ်က ကျွန်းတောကျေးရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့ရာ နေအိမ် တစ်လုံးသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

▪️ဒဏ်ရာရသည့် သားငယ်ဖြစ်သူ ခြေထောက်ဖြတ်လိုက်ရ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃)နယ်မြေ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) အတွင်း၌ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး ၎င်း၏ ကလေး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၈ရက်ညပိုင်းက တပ်မဟာ(၃)၊ မူးမြို့နယ်၊ တုံးတောကျေးရွာတွင် အခြေချတပ်စွဲထားသော စစ်ကောင်စီတပ်က ကျွန်းတောကျေးရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့ရာ နေအိမ် တစ်လုံးသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ယင်းသို့ ပေါက်ကွဲမှုကြောင့် ထမင်းစားနေသည့် အသက် (၃၈)နှစ်အရွယ် မမြင့်မြင့်ဆန်းနှင့် အသက် (၁၂)နှစ်အရွယ် သမီး၊ အသက် (၅) နှစ်အရွယ် သားငယ်တို့ ထိခိုက်ပြီး မိခင် မမြင့်မြင့်ဆန်းမှာ ပွဲချင်းပြီး အသက်ဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

အသက်(၁၂)နှစ်အရွယ် သမီးမနှင်းမြတ်မွန်မှာ ညာဘက်ခြေထောက် ထိမှန်ကာ အသက်(၅)နှစ် အရွယ် သားဖြစ်သူ မောင်ရန်လင်းထက်မှာ ဘယ်ဘက်ခြေထောက်ကို ဖြတ်ရပြီး ညာဘက်ခြေထောက်မှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိခိုက်ဒဏ်ရာရရှိသည့် ကလေးသူငယ်နှစ်ဦးကို ဖြူးဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့လျက်ရှိပြီး ဆေးကုသရန်နှင့် ၎င်းတို့ ရှေ့ရေးအတွက်အခက်အခဲများစွာ ရှိနေသည်ဟု ဆိုသည် ။

ယင်းနေ့ ညပိုင်း၌ပင် စစ်ကောင်စီတပ် ခမရ-၃၅၁ သည် သစ်ချဆိပ်ကျေးရွာတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်ခဲ့၍ နေအိမ် တစ်လုံးထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန် သည်။

စစ်ကောင်စီတပ်သည် နိုတောတာရွာမှ ညီအကိုနှစ်ဦးကိုလည်း ဖေဖော်ဝါရီ ၁၆ရက်က နတ်သံကွင်း- ကျောက်ကြီး ကားလမ်းရှိဆိတ်ကြီးဂိတ်တွင် ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူ ၂ဦးမှာ ညီအစ်ကို ဖြစ်ပြီး မြို့ပေါ်သို့ ဖုန်းဝယ်ရန် အသွား၌ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဆိတ်ကြီးဂိတ်၌ စစ်ဆေးစဉ် ဖုန်းအတွင်း၌ ကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးအပိုင်းအစများကို ရိုက်ထားသည့် ပုံကိုတွေ့ရှိသောကြောင့် ဖမ်းဆီးရိုက်နှက်စစ်ဆေးခံရခြင်းဖြစ်ပြီး ၎င်းတို့ နှစ်ဦးလုံး ပြန်မလွတ်သေးဟု KNUက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။