Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်ရှိစာသင်ကျောင်းကိုစစ်ရဟတ်ယာဉ်ဖြင့်လာပစ်

စစ်ကောင်စီရဟတ်ယာဉ်သည် မန်ကျည်းကန်၊ ရွာသစ်ကုန်းရွာနှင့် အုတ်ဖိုရွာတို့ကိုလည်း ရမ်းသမ်းပစ်ခတ်သွားသည်ဟု အောင်ဆန်းသွေးပြောက်ကျားတပ်ဖွဲ့က​ပြောသည်။

(စစ်​ကောင်စီရဟတ်ယာဥ်​ပေါ်မှ ပစ်ခတ်မှု​ကြောင့် ကျည်ဆံအစိတ်အပိုင်းများနှင့် အပျက်အစီးအချို့ ။ဓါတ်ပုံ-​နွေဦး​တော်လှန်​ရေး(မြိုင်မြို့ )၊ CJ)
(စစ်​ကောင်စီရဟတ်ယာဥ်​ပေါ်မှ ပစ်ခတ်မှု​ကြောင့် ကျည်ဆံအစိတ်အပိုင်းများနှင့် အပျက်အစီးအချို့ ။ဓါတ်ပုံ-​နွေဦး​တော်လှန်​ရေး(မြိုင်မြို့ )၊ CJ)

မြိုင်မြို့နယ်၊ မကျည်းကန်အနီးရှိ ကိုယ်ထူကိုယ်ထစာသင်ကျောင်းကို စစ်ကောင်စီတပ်က ယနေ့ မနက် ၁၁နာရီခန့်တွင်တိုက်ခိုက်​ရေးရဟတ်ယာဥ် Mi35ဖြင့်လာရောက်ပစ်ခတ်သွားကြောင်းဒေသခံများနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက​ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကျေးရွာကဖွင့်လှစ်ထားသည့် ကိုယ်ထူကိုယ်ထစာသင်ကျောင်းကိုစစ်ကောင်စီတပ်ရဟတ်ယာဉ်က ၁၅မိနစ်ကြာလာ​ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု​ဒေသခံတစ်ဦးကပြောသည်။

(စစ်​ကောင်စီရဟတ်ယာဥ်​ပေါ်မှ ပစ်ခတ်မှု​ကြောင့် ကျည်ဆံအစိတ်အပိုင်းများနှင့် အပျက်အစီးအချို့ ။ဓါတ်ပုံ-​နွေဦး​တော်လှန်​ရေး(မြိုင်မြို့ )၊ CJ)
(စစ်​ကောင်စီရဟတ်ယာဥ်​ပေါ်မှ ပစ်ခတ်မှု​ကြောင့် ကျည်ဆံအစိတ်အပိုင်းများနှင့် အပျက်အစီးအချို့ ။ဓါတ်ပုံ-​နွေဦး​တော်လှန်​ရေး(မြိုင်မြို့ )၊ CJ)

စစ်ကောင်စီရဟတ်ယာဉ်ပစ်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်အချို့ပျက်စီးခဲ့ပြီး ကလေးငယ်များ အချိန်မှီပုန်းခိုနိုင်ခြင်းကြောင့် ထိခိုက်မှုမရှိကြောင်း ဒေသခံများကပြောသည်။စစ်ရဟတ်ယာဥ်ဖြင့်ပစ်ခတ်မှုကြောင့်စာသင်ကျောင်းဆောင် အရှေ့ပိုင်းပျက်စီးသွားသည်ဟုလည်း ဒေသခံများကပြောသည်။

Public Service Announcement
Public Service Announcement

ကလေးငယ်များ စာသင်ဆောင်အနောက်ဘက် စာရေးခုံများတွင် ပုန်းအောင်နေခြင်းကြောင့်အသက်ဘေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်ဟု အခြား ဒေသခံတစ်ဦးကလည်းပြောသည်။

Public Service Announcement

Public Service Announcement

ပခုက္ကူခရိုင်တပ်ရင်း(၁၄)မှ တပ်ခွဲမှူးကလည်း“ဒီအတိုင်းရမ်းသမ်းပစ်သွားတာ နွားတကောင်သေတယ်။ကျန်တာတော့ အထိအခိုက်မရှိဘူး”ဟုပြောသည်။

စစ်ကောင်စီတပ်ရဟတ်ယာဉ်က ပစ်ခတ်မှုကြောင့် အနီးနားရှိ ဆေးရုံမှ လူနာများကိုလည်း အချိန်မှီရွှေ့ပြောင်း​ပေးခဲ့ရသည်ဟုတပ်ခွဲမှူးကဆက်ပြောသည်။

စစ်ကောင်စီရဟတ်ယာဉ်သည် မန်ကျည်းကန်၊ ရွာသစ်ကုန်းရွာနှင့် အုတ်ဖိုရွာတို့ကိုလည်း ရမ်းသမ်းပစ်ခတ်သွားသည်ဟု အောင်ဆန်းသွေးပြောက်ကျားတပ်ဖွဲ့က​ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။