Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်မြို့နယ်ရှိစာသင်ကျောင်းကိုစစ်ရဟတ်ယာဉ်ဖြင့်လာပစ်

စစ်ကောင်စီရဟတ်ယာဉ်သည် မန်ကျည်းကန်၊ ရွာသစ်ကုန်းရွာနှင့် အုတ်ဖိုရွာတို့ကိုလည်း ရမ်းသမ်းပစ်ခတ်သွားသည်ဟု အောင်ဆန်းသွေးပြောက်ကျားတပ်ဖွဲ့က​ပြောသည်။

(စစ်​ကောင်စီရဟတ်ယာဥ်​ပေါ်မှ ပစ်ခတ်မှု​ကြောင့် ကျည်ဆံအစိတ်အပိုင်းများနှင့် အပျက်အစီးအချို့ ။ဓါတ်ပုံ-​နွေဦး​တော်လှန်​ရေး(မြိုင်မြို့ )၊ CJ)
(စစ်​ကောင်စီရဟတ်ယာဥ်​ပေါ်မှ ပစ်ခတ်မှု​ကြောင့် ကျည်ဆံအစိတ်အပိုင်းများနှင့် အပျက်အစီးအချို့ ။ဓါတ်ပုံ-​နွေဦး​တော်လှန်​ရေး(မြိုင်မြို့ )၊ CJ)

မြိုင်မြို့နယ်၊ မကျည်းကန်အနီးရှိ ကိုယ်ထူကိုယ်ထစာသင်ကျောင်းကို စစ်ကောင်စီတပ်က ယနေ့ မနက် ၁၁နာရီခန့်တွင်တိုက်ခိုက်​ရေးရဟတ်ယာဥ် Mi35ဖြင့်လာရောက်ပစ်ခတ်သွားကြောင်းဒေသခံများနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက​ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကျေးရွာကဖွင့်လှစ်ထားသည့် ကိုယ်ထူကိုယ်ထစာသင်ကျောင်းကိုစစ်ကောင်စီတပ်ရဟတ်ယာဉ်က ၁၅မိနစ်ကြာလာ​ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု​ဒေသခံတစ်ဦးကပြောသည်။

(စစ်​ကောင်စီရဟတ်ယာဥ်​ပေါ်မှ ပစ်ခတ်မှု​ကြောင့် ကျည်ဆံအစိတ်အပိုင်းများနှင့် အပျက်အစီးအချို့ ။ဓါတ်ပုံ-​နွေဦး​တော်လှန်​ရေး(မြိုင်မြို့ )၊ CJ)
(စစ်​ကောင်စီရဟတ်ယာဥ်​ပေါ်မှ ပစ်ခတ်မှု​ကြောင့် ကျည်ဆံအစိတ်အပိုင်းများနှင့် အပျက်အစီးအချို့ ။ဓါတ်ပုံ-​နွေဦး​တော်လှန်​ရေး(မြိုင်မြို့ )၊ CJ)

စစ်ကောင်စီရဟတ်ယာဉ်ပစ်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်အချို့ပျက်စီးခဲ့ပြီး ကလေးငယ်များ အချိန်မှီပုန်းခိုနိုင်ခြင်းကြောင့် ထိခိုက်မှုမရှိကြောင်း ဒေသခံများကပြောသည်။စစ်ရဟတ်ယာဥ်ဖြင့်ပစ်ခတ်မှုကြောင့်စာသင်ကျောင်းဆောင် အရှေ့ပိုင်းပျက်စီးသွားသည်ဟုလည်း ဒေသခံများကပြောသည်။

Public Service Announcement
Public Service Announcement

ကလေးငယ်များ စာသင်ဆောင်အနောက်ဘက် စာရေးခုံများတွင် ပုန်းအောင်နေခြင်းကြောင့်အသက်ဘေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်ဟု အခြား ဒေသခံတစ်ဦးကလည်းပြောသည်။

Public Service Announcement

Public Service Announcement

ပခုက္ကူခရိုင်တပ်ရင်း(၁၄)မှ တပ်ခွဲမှူးကလည်း“ဒီအတိုင်းရမ်းသမ်းပစ်သွားတာ နွားတကောင်သေတယ်။ကျန်တာတော့ အထိအခိုက်မရှိဘူး”ဟုပြောသည်။

စစ်ကောင်စီတပ်ရဟတ်ယာဉ်က ပစ်ခတ်မှုကြောင့် အနီးနားရှိ ဆေးရုံမှ လူနာများကိုလည်း အချိန်မှီရွှေ့ပြောင်း​ပေးခဲ့ရသည်ဟုတပ်ခွဲမှူးကဆက်ပြောသည်။

စစ်ကောင်စီရဟတ်ယာဉ်သည် မန်ကျည်းကန်၊ ရွာသစ်ကုန်းရွာနှင့် အုတ်ဖိုရွာတို့ကိုလည်း ရမ်းသမ်းပစ်ခတ်သွားသည်ဟု အောင်ဆန်းသွေးပြောက်ကျားတပ်ဖွဲ့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။