Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့မှစစ်သားနှစ်ဦးပြည်သူ့ရင်ခွင်ခိုလှုံလာ

လက်ရှိတွင် CDF-Senthang ထံမှတစ်ဆင့် ရဲတစ်ဦးအပါအဝင်စစ်ကောင်စီတပ်သား ၁၅ ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာ​ကြောင်း၎င်းကဆက်​ပြောသည်။

(ပြည်သူ့ရင်ခွင်ခိုလှုံ့လာ​သော စစ်သားနှစ်ဦး။ ဓါတ်ပုံ-CDF-Senthang)
(ပြည်သူ့ရင်ခွင်ခိုလှုံ့လာ​သော စစ်သားနှစ်ဦး။ ဓါတ်ပုံ-CDF-Senthang)

▪︎”ဝင်လာတဲ့ စစ်သားတွေကို နွေးနွေးထွေးထွေးကြိုဆိုပါတယ်၊ ကျွန်တော်တို့က စစ်တပ်ကို တိုက်နေတာ မဟုတ်ဘူး၊ အာဏာရှင်တိုက်နေတာလို အသိပေးချင်ပါတယ်”

CDF-Senthangတာဝန်ရှိသူ

ချင်းပြည်နယ်၊ ဟားခါးမြို့ အခြေစိုက် ၂၆၆ တပ်ရင်းမှ စစ်သားနှစ်ဦးသည် လက်နက်များနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း CDF-Senthang က သတင်းထုတ်ပြန်သည်။

လာရောက်ပူးပေါင်းသည့် ပြည်သူ့စစ်သားများကို CDF-Senthangက နွေးထွေးကြိုဆိုကြောင်းနှင့်ထိုက်တန်သော ဆုကြေးများကိုချီးမြှင့်ပြီး လုံခြုံသည့်နေရပ်သို့ ပို့ဆောင်ထားပြီးဖြစ်သည်ဟုအသိ​ပေးထားသည်။

Public Service Announcement
Public Service Announcement

အဆိုပါစစ်သားနှစ်ဦးသည် MA2 တစ်လက်၊ ကျည် ၊ဗုံးသီး၊ နင်းမိုင်းနှင့် ထောင်မိုင်းများဖြင့် လာရောက်ပူးပေါင်းခြင်းဖြစ်သည်ဟု သိရသည်။

“ဝင်လာတဲ့ စစ်သားတွေကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်၊ ကျွန်တော်တို့က စစ်တပ်ကို တိုက်နေတာ မဟုတ်ဘူး၊ အာဏာရှင်တိုက်နေတာလို အသိပေးချင်ပါတယ်”ဟု CDF-Senthangတာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် CDF-Senthang ထံမှတစ်ဆင့် ရဲတစ်ဦးအပါအဝင်စစ်ကောင်စီတပ်သား ၁၅ ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာ​ကြောင်း၎င်းကဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီဦးစီးကျင်းပတဲ့ ချင်းအမျိုးသားနေ့ အခမ်းအနားကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ပွဲပျက်သွားပြီး အခမ်းအနားတက်ရောက်နေတဲ့ စစ်ကောင်စီရဲ့ ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်လည်း ထွက်ပြေးတိမ်းရှောင်ကာ ချက်ချင်းပြန်လှည့်သွားတယ်လို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ထုတ်ပြန်ပါတယ်။

သတင်း

MNDAA-မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မ​တော်က စစ်ကောင်စီစစ်သားစစ်သုံ့ပန်း ၅၀၀ကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုးကန့်တပ်MNDAAက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီထောင်ကထွက်ပြေးသွားသူတချို့ကို ပစ်ခတ်ဖမ်းဆီးရမိထားတယ်လို့ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC တွဲဖက် အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင် ၇၀ဦးနီးပါး စက်တင်ဘာအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။