Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါးမြို့မှစစ်သားနှစ်ဦးပြည်သူ့ရင်ခွင်ခိုလှုံလာ

လက်ရှိတွင် CDF-Senthang ထံမှတစ်ဆင့် ရဲတစ်ဦးအပါအဝင်စစ်ကောင်စီတပ်သား ၁၅ ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာ​ကြောင်း၎င်းကဆက်​ပြောသည်။

(ပြည်သူ့ရင်ခွင်ခိုလှုံ့လာ​သော စစ်သားနှစ်ဦး။ ဓါတ်ပုံ-CDF-Senthang)
(ပြည်သူ့ရင်ခွင်ခိုလှုံ့လာ​သော စစ်သားနှစ်ဦး။ ဓါတ်ပုံ-CDF-Senthang)

▪︎”ဝင်လာတဲ့ စစ်သားတွေကို နွေးနွေးထွေးထွေးကြိုဆိုပါတယ်၊ ကျွန်တော်တို့က စစ်တပ်ကို တိုက်နေတာ မဟုတ်ဘူး၊ အာဏာရှင်တိုက်နေတာလို အသိပေးချင်ပါတယ်”

CDF-Senthangတာဝန်ရှိသူ

ချင်းပြည်နယ်၊ ဟားခါးမြို့ အခြေစိုက် ၂၆၆ တပ်ရင်းမှ စစ်သားနှစ်ဦးသည် လက်နက်များနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း CDF-Senthang က သတင်းထုတ်ပြန်သည်။

လာရောက်ပူးပေါင်းသည့် ပြည်သူ့စစ်သားများကို CDF-Senthangက နွေးထွေးကြိုဆိုကြောင်းနှင့်ထိုက်တန်သော ဆုကြေးများကိုချီးမြှင့်ပြီး လုံခြုံသည့်နေရပ်သို့ ပို့ဆောင်ထားပြီးဖြစ်သည်ဟုအသိ​ပေးထားသည်။

Public Service Announcement
Public Service Announcement

အဆိုပါစစ်သားနှစ်ဦးသည် MA2 တစ်လက်၊ ကျည် ၊ဗုံးသီး၊ နင်းမိုင်းနှင့် ထောင်မိုင်းများဖြင့် လာရောက်ပူးပေါင်းခြင်းဖြစ်သည်ဟု သိရသည်။

“ဝင်လာတဲ့ စစ်သားတွေကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်၊ ကျွန်တော်တို့က စစ်တပ်ကို တိုက်နေတာ မဟုတ်ဘူး၊ အာဏာရှင်တိုက်နေတာလို အသိပေးချင်ပါတယ်”ဟု CDF-Senthangတာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် CDF-Senthang ထံမှတစ်ဆင့် ရဲတစ်ဦးအပါအဝင်စစ်ကောင်စီတပ်သား ၁၅ ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာ​ကြောင်း၎င်းကဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ခလရ (၂၇၅) ကစစ်​ကောင်စီတပ်ဟာ KNLA ၊ KNDO ၊ PDF ပူး​ပေါင်းတပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့် ဧပြီ ၁၀ ရက်ညကတည်းက နယ်စပ်မှာရှိတဲ့ အမှတ် (၂) တံတားနားကိုထွက်​ပြေးလာခဲ့ကြတာပါ။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

မတ်လ ၉ ရက်ကလည်း စစ်ကိုင်းမြို့နယ်တွင် ကားတစ်စီးဖြင့်ထွက်လာသော ရွာသစ်ကြီးရဲစခန်းမှ ရဲများအား ဒေသတွင်း PDFများက ပစ်ခတ်တိုက်ခိုက်ရာ ရဲလေးဦး သေဆုံးပြီး သေနတ်(၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းခံခဲ့ရသေးသည်။

သတင်း

၁၀၂၇ စစ်ဆင်ရေးမှ အစပြုခဲ့သည့် စခန်းသိမ်းတိုက်ပွဲများ ကြိုဆိုထောက်ခံသည့် အနေဖြင့် CDF ဟားခါး ကလည်း Rung Operation ပထမအဆင့် မြို့သိမ်းအကြို တိုက်ပွဲကို နိုဝင်ဘာ ၂၆ရက်တွင် စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။