Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း၊ မကွေးအပါအဝင် တိုင်းနှင့်ပြည်နယ် ၈ ခုသို့ ခရီးသွားလာခြင်းမပြုရန် ဗြိတိန် တားမြစ်

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းချိန်မှ စ၍ ပစ်ခတ်မှုများ၊ ဖောက်ခွဲတိုက်ခိုက်မှုများအပါအဝင် နိုင်ငံတဝန်း၌ ပဋိပက္ခများ၊ ပြင်းထန အကြမ်းဖက်မှုများဖြစ်ပေါ်နေခဲ့ကြောင်း ဆက်လက်ဖော်ပြ သည်။

(အနီ​ရောင်ပြထား​သော ​ဒေသများမှာ ခရီသွားလာခွင့်မပြုရန်တားမြစ်ထား​သော​ဒေသများဖြစ်သည်။အဝါ​ရောင်းပြထား​သော​ဒေသများမှာ ခရီးသွားလာခြင်းမပြုရန်တားမြစ်ထား​သော်လည်း မဖြစ်မ​နေသွားရမည်ဆိုပါကသွားလာနိုင်​ကြောင်းအသိ​ပေးထားသည်။အစိမ်း​ရောင်​ဒေသများမှာခရီးမသွားခင် FCDO ထံမှအကြံပြုချက်ကိုဖတ်ရှု၍ သွားလာနိုင်​ကြောင်းအသိ​ပေးထား​​သော​ဒေသများဖြစ်သည်)

ဗြိတိန်သည် ၎င်း၏ နိုင်ငံသားများကို မွန်၊ ကချင်၊ ချင်း၊ ကယား၊ ကရင်၊ စစ်ကိုင်း၊ မကွေးနှင့် ရခိုင်ပြည် နယ်မြောက်ပိုင်း သွားရောက်ခြင်းမပြုရန် ယမန်နေ့(မတ် ၆ ရက်)တွင် တားမြစ်ထုတ်ပြန်သည်။

ဗြိတိ၏ နိုင်ငံခြားရေး၊ ဓနဿဟာရနှင့် ဖွံ့ဖြိုးမှုဌာန(FCDO)က အထက်ပါဒေသများသို့ ခရီးသွားလာ ခြင်းမပြုရန် တားမြစ်ထားပြီး မဖြစ်မနေခရီးသွားလာရမည်ဆိုပါက ရှမ်းပြည်နယ်၊ မန္တလေးနှင့် တနသ်ာရီတိုင်း၊ ရခိုင်ပြည်နယ် အလယ်ပိုင်းတို့ကို ခွင့်ပြုထားသည်။

ကချင်၊ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်၊ ကရင်နီ(ကယား) ဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDF)၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲများ ကျယ်ပြန့်စွာ နေ့စဥ်ရက်ဆက်ဖြစ်ပွားနေသည်။

မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေသည် ခန့်မှန်းနိုင်ခြင်းမရှိဘဲ ကြိုတင်အသိပေးချက်မရှိ ပြောင်းလဲ ထုတ်ပြန်မှုများရှိကြောင်း FCDO က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းချိန်မှ စ၍ ပစ်ခတ်မှုများ၊ ဖောက်ခွဲတိုက်ခိုက်မှုများအပါအဝင် နိုင်ငံတဝန်း၌ ပဋိပက္ခများ၊ ပြင်းထန အကြမ်းဖက်မှုများဖြစ်ပေါ်နေခဲ့ကြောင်း ဆက်လက်ဖော်ပြ သည်။

ရန်ကုန်နှင့် နေပြည်တော်အပါအဝင် အစိုးရရုံး၊ စစ်ဆေးရေးဂိတ်နှင့် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများ ကဲ့သို့သော စစ်တပ် သို့မဟုတ် စစ်တပ်လက်အောက်ခံနေရာများကို တိုက်ခိုက်မှုများလည်း ဖြစ်ပေါ်နေ သည်ဟု FCDO က ဆိုသည်။

သို့သော် နိုင်ငံခြားသားများသွားလာလေ့ရှိသော ဟိုတယ်၊ စားသောက်ဆိုင်၊ စျေးဝယ်စင်တာ၊ လူနေအိမ် ယာဝင်းများအပါအဝင် အရပ်သားများကိုလည်း တိုက်ခိုက်မှုများက သက်ရောက်မှုရှိနိုင်ကြောင်း အသိပေးသည်။

နိုင်ငံတဝန်း၌ အရေးပေါ် အခြေပေါ်အခြေအနေပြဋ္ဌာန်းချက်မှာ ဆက်လက်ရှိနေဆဲဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ မိုင်းထောင်မှုများ၊ လက်နက်ကိုင်တိုက်ပွဲများအပါအဝင် နိုင်ငံတဝန်း ပဋိပက္ခနှင့် အကြမ်းဖက်မှုမှာ သိသာစွာမြင့်တက်နေသည်ဟု FCDO က ဆိုသည်။

(အနီ​ရောင်ပြထား​သော ​ဒေသများမှာ ခရီသွားလာခွင့်မပြုရန်တားမြစ်ထား​သော​ဒေသများဖြစ်သည်။အဝါ​ရောင်းပြထား​သော​ဒေသများမှာ ခရီးသွားလာခြင်းမပြုရန်တားမြစ်ထား​သော်လည်း မဖြစ်မ​နေသွားရမည်ဆိုပါကသွားလာနိုင်​ကြောင်းအသိ​ပေးထားသည်။အစိမ်း​ရောင်​ဒေသများမှာခရီးမသွားခင် FCDO ထံမှအကြံပြုချက်ကိုဖတ်ရှု၍ သွားလာနိုင်​ကြောင်းအသိ​ပေးထား​​သော​ဒေသများဖြစ်သည်)

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။