Connect with us

Hi, what are you looking for?

သတင်း

မင်းရွာစခန်းမှ ရဲတပ်သားတစ်ဦး ဂန့်ဂေါခရိုင်တပ်ရင်း(၁၄)ထံ လက်နက်နှင့်အတူ အလင်းဝင်

အဆိုပါရဲတပ်သားသည် ခရိုင်တပ်ရင်းသို့ အလင်းဝင်ရောက်လာသည့် လေးဦးမြောက် ရဲတပ်သားဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက်က ဝင်ရောက်လာခြင်းဟု ၎င်းက ဆိုသည်။

(အလင်းဝင်ရောက်လာသည့် ရဲတပ်သားအား ဆုငွေပေးအပ်နေစဥ်။ ဓာတ်ပုံ - ပေးပို့)
(အလင်းဝင်ရောက်လာသည့် ရဲတပ်သားအား ဆုငွေပေးအပ်နေစဥ်။ ဓာတ်ပုံ - ပေးပို့)

မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်အတူ အလင်းဝင်လာကြောင်း ဂန့်ဂေါခရိုင်တပ်ရင်း အမှတ်(၁၄) ဒုတပ်ရင်းမှူး မျိုးသူရက ပြောသည်။

အဆိုပါရဲတပ်သားသည် ခရိုင်တပ်ရင်းသို့ အလင်းဝင်ရောက်လာသည့် လေးဦးမြောက် ရဲတပ်သားဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက်က ဝင်ရောက်လာခြင်းဟု ၎င်းက ဆိုသည်။

အဆိုပါ အလင်းဝင်ရောက်လာသူ လေးယောက်အနက် နှစ်ဦးမှာလက်နက်ဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး ဆုကြေးပေးရန်လည်း တပ်ရင်းက စီစဉ်နေသည်ဟု ဒုတပ်ရင်းမှူး မျိုးသူရက ပြောသည်။

Public Service Announcement
Public Service Announcement

“CDMဝင်ဖို့သေချာပြီဆိုရင် ကျွန်တော်တို့ဘက်က အစစအရာရာကူညီပေးမှာပါ”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဂန့်ဂေါခရိုင်တပ်ရင်း (၁၄)သည် အနောက်တိုင်းတပ်မဟာ (၇)လက်အောက်ခံတပ်ရင်း (၇၀၄)မှ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၂ နိုဝင်ဘာတွင် ပြောင်းလဲတာဝန်ပေးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။

သတင်း

စစ်ဆိုင်ထားတဲ့နေရာတွေကနေ စစ်ကောင်စီတပ်သား ၄ဦး အလင်း၀င်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က တာ၀န်ရှိသူက ပြောပါတယ်။