Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းရွာစခန်းမှ ရဲတပ်သားတစ်ဦး ဂန့်ဂေါခရိုင်တပ်ရင်း(၁၄)ထံ လက်နက်နှင့်အတူ အလင်းဝင်

အဆိုပါရဲတပ်သားသည် ခရိုင်တပ်ရင်းသို့ အလင်းဝင်ရောက်လာသည့် လေးဦးမြောက် ရဲတပ်သားဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက်က ဝင်ရောက်လာခြင်းဟု ၎င်းက ဆိုသည်။

(အလင်းဝင်ရောက်လာသည့် ရဲတပ်သားအား ဆုငွေပေးအပ်နေစဥ်။ ဓာတ်ပုံ - ပေးပို့)
(အလင်းဝင်ရောက်လာသည့် ရဲတပ်သားအား ဆုငွေပေးအပ်နေစဥ်။ ဓာတ်ပုံ - ပေးပို့)

မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်အတူ အလင်းဝင်လာကြောင်း ဂန့်ဂေါခရိုင်တပ်ရင်း အမှတ်(၁၄) ဒုတပ်ရင်းမှူး မျိုးသူရက ပြောသည်။

အဆိုပါရဲတပ်သားသည် ခရိုင်တပ်ရင်းသို့ အလင်းဝင်ရောက်လာသည့် လေးဦးမြောက် ရဲတပ်သားဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက်က ဝင်ရောက်လာခြင်းဟု ၎င်းက ဆိုသည်။

အဆိုပါ အလင်းဝင်ရောက်လာသူ လေးယောက်အနက် နှစ်ဦးမှာလက်နက်ဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး ဆုကြေးပေးရန်လည်း တပ်ရင်းက စီစဉ်နေသည်ဟု ဒုတပ်ရင်းမှူး မျိုးသူရက ပြောသည်။

Public Service Announcement
Public Service Announcement

“ CDMဝင်ဖို့သေချာပြီဆိုရင် ကျွန်တော်တို့ဘက်က အစစအရာရာကူညီပေးမှာပါ” ဟု ၎င်းက ပြောသည်။

ဂန့်ဂေါခရိုင်တပ်ရင်း (၁၄)သည် အနောက်တိုင်းတပ်မဟာ (၇)လက်အောက်ခံတပ်ရင်း (၇၀၄)မှ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၂ နိုဝင်ဘာတွင် ပြောင်းလဲတာဝန်ပေးခဲ့ခြင်းဖြစ်သည်။

You May Also Like

သတင်း

မတ်လ ၁၅ရက် တောင်ဖီလာကွေ့ မိုင်းဆွဲတိုက်ခိုက်မှု၌ စစ်ကောင်စီတပ်သား ၃ဦး သေဆုံးပြီး ဒဏ်ရာရသူများ ရှိနိုင်ကြောင်း၊ ယင်းနေ့ နေ့လည်ပိုင်း၌ ရွှေခုံတိုင်ရွာအနီး တိုက်ခိုက်မှု တွင်လည်း စစ်ကောင်စီတပ်မှ ၃ဦးထက်မနည်းသေဆုံးနိုင်ကြောင်း ဖော်ပြသည်။

နိုင်ငံတကာ

SIPRIဟာ ၁၉၉၁ ခုနှစ်ကစပြီး နှစ်အလိုက် နိုင်ငံတကာ လက်နက် တင်ပို့ရောင်းချမှု စျေးကွက် အခြေအနေတွေကို စနစ်တကျ သုတေသနပြု စာရင်းထုတ်ပြန်နေခဲ့တာ ဖြစ်ပါတယ်။

သတင်း

အခမ်းအနားသို့ ကြာအင်းဆိပ်ကြီးမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်၊ KNU/KNLA တပ်ရင်း(၁၇) ၊တပ်ခွဲ - ၂ မှ ဒုတိယတပ်ခွဲမှူး၊ နဂါးနီစစ်ကြောင်းမှူးနှင့် စစ်ကြောင်းတပ်ခွဲမှူးများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲဘော်များနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်သည်။

သတင်း

ထန်တလန်အခြေစိုက် ခလရ (၂၆၉)တပ်မှ စစ်ကောင်စီတပ်သား နှစ်ဦးသည်လည်း လက်နက် ၂လက်၊ ကျည်၊ လက်ပစ်ဗုံး၊ ဗုံးသီးများနှင့်အတူ ဟားခါး CDFထံအလင်းဝင်လာကြောင်း ဟားခါး CDFက ဖေဖော်ဝါရီ ၂၀ရက်တွင် ထုတ်ပြန်ထားသည်။