Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဂန့်ဂေါမြို့နယ်ရှိ ကြားကာလပညာရေးကျောင်း (၇၇)ကျောင်းမှ အခန်းဆုံးစစ်ဆေးအကဲဖြတ်မှု ကျောင်းသား ၆,၀၀၀ကျော် ဝင်ရောက်ဖြေဆို

လက်ရှိ အခန်းဆုံးစစ်ဆေးမှုကို Grade – 4 မှ Grade – 11 အထိ စစ်ဆေးနေခြင်းဖြစ်ပြီး ကြားကလပညာရေးကျောင်း (၇၇)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၆,၀၀၀ကျော် ဝင်ရောက်ဖြေဆိုနေခြင်း ဖြစ်သည်။

(စာမေးပွဲဝင်ရောက်ဖြေသူနေသူများအား တွေ့ရစဉ်)
(စာမေးပွဲဝင်ရောက်ဖြေသူနေသူများအား တွေ့ရစဉ်)

မကွေးတိုင်း ဂန့်ဂေါနယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပညာရေးဝန်ကြီးဌာနလက်အောက်ခံ ကြားကာလပညာရေးကျောင်း (၇၇)မှ ကျောင်းသူ၊ ကျောင်းသားများအား အခန်းဆုံးစစ်ဆေးအကဲဖြတ်ခြင်းများ လုပ်ဆောင်လျှက်ရှိရာ ကျောင်းသား ၆,၀၀၀ကျော် ဝင်ရောက် ဖြေဆိုလျှက်ရှိကြောင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့(ယာယီ)က ပြောသည်။

အဆိုပါ အခန်းဆုံးစစ်ဆေးမှုများကို စက်တင်ဘာ ၄ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး ကြားကာလပညာရေးအောင်မြင်စေရန် ဘုန်းတော်ကြီးများ၊ CDM ဆရာ၊ ဆရာမများ၊ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စေတနာထားဆောင် ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့က ဆိုသည်။

လက်ရှိ အခန်းဆုံးစစ်ဆေးမှုကို Grade – 4 မှ Grade – 11 အထိ စစ်ဆေးနေခြင်းဖြစ်ပြီး ကြားကလပညာရေးကျောင်း (၇၇)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၆,၀၀၀ကျော် ဝင်ရောက်ဖြေဆိုနေခြင်း ဖြစ်သည်။

ဂန့်ဂေါတစ်မြို့နယ်လုံးတွင် ကြားကာလပညာရေးကျောင်း (၇၇)ကျောင်းရှိရာ အတန်းအားလုံးအတွက် ကျောင်းသား၊ ကျောင်းသူအရေအတွက် (၁၁,၈၂၈)ဦးရှိပြီး CDM ဆရာ၊ ဆရာမများနှင့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ,၁၂၀၉ဦးဖြင့် ပညာသင်ကြားပေးလျှက်ရှိကြောင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့(ယာယီ)ထံမှ သိရသည်။