Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်ဖာထိမ်းသိမ်း​ရေးစခန်းတွင် မြန်မာစစ်​ရှောင်သုံးဦး အာမခံဖြင့်ပြန်လွတ်

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ-အန္ဒိယနယ်စပ်မှတဆင့်မဏိပူရ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင် သုံးထောင်ကျော် ဝန်းကျင်ခန့်ရှိနေကြောင်း သတင်းရရှိသည်။

(အင်ဖာထိန်းသိမ်း​ရေးစခန်းတွင် ရုတ်တရက်ကွယ်လွန်ခဲ့​သောကိုဒဲမ်ခိုလွန်း၏ နာရေးကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(အင်ဖာထိန်းသိမ်း​ရေးစခန်းတွင် ရုတ်တရက်ကွယ်လွန်ခဲ့​သောကိုဒဲမ်ခိုလွန်း၏ နာရေးကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

▪︎ထိန်းသိမ်း​ရေးစခန်းတွင် ၈၁ ဦးကျန်​နေဆဲ

အိန္ဒိယနိုင်ငံ ၊မဏိပူရ်ပြည်နယ် ၊အင်ဖာထိမ်းသိမ်းရေး စခန်းတွင် ထိန်းသိမ်းခံထားရသောမြန်မာစစ်ဘေးရှောင်၈၀ကျော်အနက်သုံးဦးမှာအာမခံဖြင့်ပြန်လည်လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

ထိန်းသိမ်းခံထားရသူများအနက်မှ အသက် ၂၀နှင့် ၂၃နှစ်အရွယ် လူငယ်နှစ်ဦး၊ အသက်(၇၀)နှစ်အရွယ်တဦးတို့သည် မတ်လ (၃) နေ့တွင် လွတ်မြောက်လာခဲ့ခြင်းဟု ထိန်းသိမ်းခံထားရသူများအရေး ‌ဆောင်ရွက်ပေးနေသော Burma Refugee Committee Kabaw Valley၏ နာယက ဦးထန်ဆေးကပြောသည်။

“အသက်ကြီးပြီးကျန်းမာရေးမကောင်းလို့ရှေ့နေကအာမခံလျှောက်ပေးတာပါ။ နောက်ပြီးအသက်ငယ်ကျောင်းသားမို့အာမခံပေးတာမျိုးပါ”ဟု ဦးထန်ဆေးကပြောသည်။

အင်ဖာမြို့တွင် လူငယ်ထိန်းသိမ်းရေးစခန်း၌ မြန်မာနိုင်ငံသားစစ်ဘေးရှောင်လူငယ်ကိုးဦးနှင့် လူကြီးထိန်းသိမ်းရေးစခန်းတွင် ၇၂ ဦး ရှိနေဆဲဖြစ်သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ကျန်ရှိနေသူများကိုလည်း လူသားချင်းစာနာထောက်ထားမှုအရ ပြန်လွှတ်ပေးရန် Burma Refugee Committee Kabaw Valleyက တောင်းဆိုသည်။

” အသက်မပြည့်သေးတဲ့လူငယ်တွေ၊ကျောင်းသားအရွယ်တွေ၊ အသက်ကြီးပြီးကျန်းမာရေးမကောင်းသူတွေကိုအာမခံပေးပြီးလွှတ်ပေးစေလိုပါတယ်”ဟုဦးထန်ဆေးကပြောသည်။

အင်ဖာထိန်းသိမ်းရေးစခန်းတွင်ရှိနေသူများမှာမြန်မာနိုင်ငံ တမူးမြို့နှင့်နယ်စပ် မိုးရေးမြို့တွင်ဇန်နဝါရီလ ၂၆ရက်နှင့် ၃၀ရက် နေ့က အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးသွားသူများဖြစ်သည်။ တရားမဝင် ဝင်ရောက်လာသည်ဟုဆိုကာ နိုင်ငံခြားသားဥပဒေ ပုဒ်မ (၁၄) ဖြင့်ဖမ်းဆီးတရားစွဲပြီး ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခံထားရခြင်းဖြစ်သည်။

ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသူများအနက် အသက် (၃၂)နှစ်အရွယ် ကိုဒဲမ်ခိုလွန်းသည်ဖေဖော်ဝါရီလ ၂၅ရက် ညပိုင်းတွင်ရုတ်တရက်သေဆုံးသွားခဲ့သည်။နှလုံးရောဂါကြောင့်သေဆုံးခြင်းဟု ထိန်းသိမ်းရေးစခန်းတာ

ဝန်ရှိသူများကပြောထားသည်။ ကိုဒဲမ်ခိုလွန်း၏ မိသားစုဝင်များကမူ နှလုံး​ရောဂါဖြင့်​သေဆုံးသည်ဆိုခြင်းအ​ပေါ် မယုံကြည်နိုင်ဘဲ မဏိပူရ်ပြည်နယ်အစိုးရအနေဖြင့် ဥပဒေအတိုင်း ဖြေရှင်းထောက်ပံ့ ပေးရန်တောင်းဆိုထားသည်။

အင်ဖာထိမ်းသိမ်းရေးစခန်းတွင်ဖမ်းဆီးခံထားရသူများ ပြန်လည်လွှတ်ပေးရေးနှင့် မဏိပူရ်ပြည်နယ်မှ မြန်မာများအား ယာယီခိုလှုံခွင့်ပြုရန်မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ Burma Refugee Committee Kabaw Valley က ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စာရေးသားတောင်းဆိုခဲ့သည်။Burma Refugee Committee Kabaw Valley အဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ CDM ဝန်ထမ်းများပါဝင်ပြီး စစ်ဘေးရှောင်များအရေး ကူညီလုပ်ဆောင်နေသည့် အရပ်ဘက်အဖွဲ့ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ-အန္ဒိယနယ်စပ်မှတဆင့်မဏိပူရ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင် သုံးထောင်ကျော် ဝန်းကျင်ခန့်ရှိနေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အချက်အလက်တွေအရ ကြိုတင်မဲပေးဖို့ ဆန္ဒပြုထားသူတွေထဲက ၉၁.၈၃ ရာခိုင်နှုန်းထိ မဲရုံတွေဆီ ရောက်ရှိခဲ့ကြကြောင်း သိရပါတယ်။ ကောက်ယူထားတဲ့ ကြိုတင်မဲတွေကို ချိပ်ပိတ် သိမ်းဆည်းပြီး သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီးဆီ မေလ ၁၂ ရက်မှာ ပို့ဆောင်သွားမှာပါ။

သတင်း

တမူးမြို့ခံတစ်ဦးဖြစ်ပြီး အင်ဖာမြို့ ထိန်းသိမ်းရေးစခန်းတွင် အကျဉ်းချခံထားရသော ကိုဒင်းခိုကျွန်း(အသက် ၃၂နှစ်)သည် ဖေဖော်ဝါရီလ ၂၅ရက် ညတွင်ရုတ်တရက် သေဆုံးသွားခြင်းဖြစ်ကြောင်း အင်ဖာမြို့ရောက် မြန်မာအချို့က People's Spring သို့ပြောသည်။

သတင်း

မြန်မာနိုင်ငံတွင် ပြည်တွင်းအာမခံကုမ္ပဏီ ၁၂ခုရှိပြီး ၎င်းတို့ကို စစ်ကောင်စီထိန်းချုပ်ထားသည့် အာမခံလုပ်ငန်းဘုတ်အဖွဲ့က ထိန်းချုပ်ထားခြင်းဖြစ်သည်။

News

ဖမ်းဆီးခံထားရတဲ့ ဦးစိုးဝင်းဟာ အသက် ၈၃ နှစ်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလကတည်းက အူမကြီးကင်ဆာဝေဒနာကြောင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံမှာ ကုသမှုခံယူနေရသူဖြစ်ပါတယ်။