Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကြိုတင်မဲနေ့က အမှားအယွင်းတွေ ရွေးကောက်ပွဲနေ့မှာ မဖြစ်စေရဘူးလို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင် အာမခံ

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အချက်အလက်တွေအရ ကြိုတင်မဲပေးဖို့ ဆန္ဒပြုထားသူတွေထဲက ၉၁.၈၃ ရာခိုင်နှုန်းထိ မဲရုံတွေဆီ ရောက်ရှိခဲ့ကြကြောင်း သိရပါတယ်။ ကောက်ယူထားတဲ့ ကြိုတင်မဲတွေကို ချိပ်ပိတ် သိမ်းဆည်းပြီး သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီးဆီ မေလ ၁၂ ရက်မှာ ပို့ဆောင်သွားမှာပါ။

ကြိုတင်မဲနေ့က အမှားအယွင်းတွေ ရွေးကောက်ပွဲနေ့မှာ မဖြစ်စေရဘူးလို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင် အာမခံ
ကြိုတင်မဲနေ့က အမှားအယွင်းတွေ ရွေးကောက်ပွဲနေ့မှာ မဖြစ်စေရဘူးလို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင် အာမခံ

ကြိုတင်မဲ ကောက်ယူမှုတွေမှာ အမှားအယွင်းနဲ့ ကြန့်ကြာမှုတွေ ရှိခဲ့တဲ့တိုင် ရွေးကောက်ပွဲနေ့မှာ အမှားကင်းစင်အောင် စီမံထားကြောင်း ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းရွေးကောက်ပွဲကို မေလ ၁၄ ရက်မှာ ကျင်းပမှာဖြစ်ပြီး မေလ ၈ ရက်မှာတော့ တစ်ပတ်ကြိုပြီး ကြိုတင်မဲ ကောက်ယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကြိုတင်မဲပေးဖို့ ထိုင်းပြည်သူ ၂ သန်းလောက်က စာရင်းသွင်းထားခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဆိုပါတယ်။

ကြိုတင်မဲပေးဖို့ မဲရုံတွေကို သွားရောက်ခဲ့သူတွေက ပုံစံမျိုးစုံနဲ့ အမှားအယွင်းတွေ၊ နှောင့်နှေးမှုတွေ ကြုံခဲ့ကြောင်း လူမှုကွန်ရက် မီဒီယာတွေမှာ ရေးသား မျှဝေခဲ့တဲ့နောက် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးချုပ် ဆာဝမ်ဘွန်မီးက ပြည်သူ တစ်ဦးချင်းစီရဲ့ ရွေးချယ်မှုတွေမှာ အမှားအယွင်း မရှိစေဖို့ ဘက်ပေါင်းစုံ ထောင့်စေ့အောင် စီမံထားမယ်လို့ ပြောကြားခဲ့ပါတယ်။

သူက ထိုင်းရဲ့ ဒေသအသီးသီးမှာ ကြိုတင်မဲ ကောက်ယူတဲ့နေ့က ကြုံခဲ့တဲ့ ကိစ္စတွေကို မှတ်တမ်းပြုစုပြီး သေချာ ပြန်လည် စိစစ် ပြင်ဆင်ထားဖို့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေဆီ တိုက်တွန်းထားတယ်လို့လည်း ဆာဝမ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၁၄ ရက်ကျရင်တော့ အမှားသေးသေးလေးတွေတောင် မဖြစ်အောင် အစွမ်းကုန် ကြပ်မတ် လုပ်ဆောင်ရမယ်လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အချက်အလက်တွေအရ ကြိုတင်မဲပေးဖို့ ဆန္ဒပြုထားသူတွေထဲက ၉၁.၈၃ ရာခိုင်နှုန်းထိ မဲရုံတွေဆီ ရောက်ရှိခဲ့ကြကြောင်း သိရပါတယ်။ ကောက်ယူထားတဲ့ ကြိုတင်မဲတွေကို ချိပ်ပိတ် သိမ်းဆည်းပြီး သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီးဆီ မေလ ၁၂ ရက်မှာ ပို့ဆောင်သွားမှာပါ။

မဲတွေထည့်ထားတဲ့ ချိပ်ပိတ် စာအိတ်တွေကို လုံခြုံတဲ့ နေရာတွေမှာ သေချာ သိမ်းဆည်းထားပြီး ရွေးကောက်ပွဲစမယ့် မေလ ၁၄ ရက် မနက်အစောပိုင်းကျမှ သက်ဆိုင်ရာ မဲရုံ တာဝန်ခံတွေက လွှဲယူမှာဖြစ်ကြောင်း၊ အဲဒီနောက် ရွေးကောက်ပွဲနေ့မှာ ရလာမယ့် မဲတွေနဲ့ ပူးပေါင်း ရေတွက်စေမှာဖြစ်ကြောင်း ဆာဝမ်က ရှင်းပြပါတယ်။

ထိုင်းမှာ မဲပေးခွင့်ရှိတဲ့ အသက် ၁၈ နှစ်အထက်အရွယ် ၅၂ သန်းကျော် ရှိပြီး အောက်လွှတ်တော် အမတ် ၅၀၀ နေရာအတွက် မဲပေး ရွေးချယ်ကြရမှာပါ။ အဲဒီထဲက ၄၀၀ ဟာ မဲဆန္ဒနယ်အလိုက် ရွေးကောက်ခံရမှာဖြစ်ပြီး ၁၀၀ ကတော့ နိုင်ငံရဲ့ ပါတီတွေ စာရင်းထဲကနေ အချိုးကျ ကိုယ်စားပြု စနစ်နဲ့ လွှတ်တော်ကို ရောက်ရှိကြမှာပါ။ အဲဒီ အောက်လွှတ်တော် ကိုယ်စားလှယ် ၅၀၀ ဟာ ရှိရင်းစွဲ အထက်လွှတ်တော် ကိုယ်စားလှယ် ၂၅၀ နဲ့ ပူးပေါင်းပြီး ဝန်ကြီးချုပ်သစ် နေရာအတွက် လွှတ်တော်ထဲမှာ မဲပေး ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ ၊ချင်းမိုင်မြို့ ၊မဲရင်ခရိုင်ထဲက မယ်စ​ရေတံခွန်မှာ ဒီ​​နေ့ည​နေပိုင်းမှာ ရုတ်တရက်​တောင်ကျ​ရေကြီးတာ​ကြောင့် ခရီးသွားအချို့​ရေထဲ​မျောပါခဲ့​ပေမယ့် ရေတံခွန်က ဥယာဥ်ဝန်ထမ်း​​တွေကအချိန်မိ​ကယ်တင်နိုင်ခဲ့ပါတယ်။

သတင်း

မင်း​အောင်လှိုင်က အာဆီယံဘုံသ​ဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီးထိုင်းကိုဘာကတိမှ မ​ပေးဟုဆို

နိုင်ငံတကာ

ထိုင်းနိုင်ငံက အခမ်းအနား တစ်ခုမှာ လက်ရှိ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ဟောင်း ၃ ဦးတို့ တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြီးတော့ လက်ရှိ မြန်မာစစ်တပ် အကြီးအကဲကိုပါ ထိုင်းနိုင်ငံ လာရောက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး လူသိများတဲ့ ထိုင်းအတိုက်အခံ အမတ်တစ်ဦးက ထိုင်းအစိုးရကို မေးခွန်းထုတ်လိုက်ပါတယ်။