Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်တွင် နေအိမ်များဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊အမြောက်အများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အထက်ပါ စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေ မသိရသေးဘဲ ရဲဘော်များမှာမူ ထိခိုက်မှုမရှိကြောင်း Black Wolf-ARMYက အသိပေးထားသည်။

(စစ်ကိုင်းတံတားပေါ် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားတချို့ကို ၂၀၂၁ အောက်တိုဘာ ၁၀ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - အေအက်ပီ)
(စစ်ကိုင်းတံတားပေါ် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားတချို့ကို ၂၀၂၁ အောက်တိုဘာ ၁၀ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - အေအက်ပီ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဒေသခံပြည်သူများ၏နေအိမ်များအား မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – ARMY ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (မတ်လ ၁၁ ရက်) မွန်းလွဲ ၁နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ ဟန်လင်းရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ပြည်သူများ၏နေအိမ်တစ်လုံးအား ဖျက်ဆီးနေစဉ် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – ARMY ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

အလားတူ ညပိုင်းတွင်လည်း စစ်အုပ်စုက နေအိမ်များအား ဖျက်ဆီးနေသည်ဟု သတင်းရ၍ ည ၇ နာရီ ၁၀ မိနစ်ခန့်တွင်လက်နက်ကြီးကျည် (၁၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – ARMY၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊အမြောက်အများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အထက်ပါ စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေ မသိရသေးဘဲ ရဲဘော်များမှာမူ ထိခိုက်မှုမရှိကြောင်း Black Wolf-ARMYက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဟန်လင်းရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သည် ဝက်လက်နှင့်ရွှေဘိုနယ်အတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူများအားဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။