Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နမ်းနိန်းရွာဘုန်းကြီးကျောင်း၌စစ်တပ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့​သောအ​ထောက်အထားများကို ပအိုဝ်းတပ် PNDF ထုတ်ပြန်

KNDF ကမူ မတ်လ ၁၂ ရက်တွင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူရုပ်အ​လောင်း ၂၈ ​လောင်း​တွေ့ရှိရ​ကြောင်းထုတ်ပြန်ထားသဖြင့် ယခုထုတ်ပြန်ချက်ထက် ၇ ဦးပိုများသည်။ထို​ကြောင့် ကျန် ၇ ဦး၏ ရုပ်အ​လောင်းနှင့် ပတ်သပ်၍ People’s Spring ကစုံစမ်း​နေဆဲဖြစ်ပါသည်။

(စစ်တပ်က ပင်​လောင်းမြို့နယ် နမ်းနိန်းရွာဘုန်းကြီး​ကျောင်းတွင် ရဟန်းပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုနှင့်ညသက်ဆိုင်​သောအ​ထောက်အထားများကို ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်-ခမ်းကောင် (PNDF-KK) ကထုတ်ပြန်ထားမှု)

▪︎လူမျိုးရေးပြသနာဖန်တီးနေသည့်လှည့်ကွက်အားပအိုဝ်းတိုင်းရင်းသားများကိုင်တွယ်ဖြေရှင်းနိုင်ရေး အဖြေရှာ သင့်ဟု PNFC အကြံပြု

▪︎ပအိုဝ်းပြည်သူများကို တော်လှန်ရေးအဖွဲ့များက သတ်ဖြတ်သည်ဟု ကြေညာချက်အတုထွက်ပေါ်၊ ယင်းကြေညာ ချက်မှာ သတင်းအတုဖြစ်​ကြောင်း PNLOရှင်းလင်း

▪︎စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်များ၌ နမ်းနိန်းရွာခံများ၏ အလောင်းပေါ်၌ လက်လုပ်သေနတ်တင်ဓာတ်ပုံရိုက်ပြီးကယား PDFများကိုပစ်သတ်ခဲ့ဟု ဝါဒဖြန့်

စစ်ကောင်စီတပ်က ပင်​လောင်းမြိုနယ်၊နမ်းနိန်းရွာတွင် ရဟန်းရှင်လူပအိုဝ်းပြည်သူများအားအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းအပေါ် မြေပြင်သတင်းစုစည်းအား ထုတ်ပြန်လိုက်ကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်-ခမ်းကောင်(PNDF-KK) က ယနေ့ ထုတ်ပြန်သည်။

မတ်လ (၁၁) ရက်နေ့တွင်ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ နမ်းနိန်း ကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ခိုလှုံနေကြသော ရဟန်းရှင်လူပအိုဝ်းပြည်သူများအားစစ်တပ်က ရက်စက်စွာ အစုလိုက် အပြုံလိုက်တိုက်ခိုက်သတ်ဖြတ်ခဲ့ကြောင်း၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုနှင့် အရပ်သား များကို ပစ်မှတ်ထား တိုက်ခတ်ခဲ့မှုကြောင့် စစ်ရာဇဝတ်မှုမြောက်ကြောင်း တွေ့ရှိချက် များကို ပအိုဝ်းပြည်သူများအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံးနှင့် နိုင်ငံတကာမိသားစုမှ အမှန်အတိုင်းသိရှိနိုင်ရေးအတွက် ပအိုဝ်းအမျိုး သားကာကွယ်ရေး တပ်ဖွဲ့(ခမ်းကောင်) PNDF (KK) မှ မြေပြင်သတင်းများကို စုစည်းတင်ပြအပ်ကြောင်း ဖော်ပြထားသည်။

(စစ်တပ်က ပင်​လောင်းမြို့နယ် နမ်းနိန်းရွာဘုန်းကြီး​ကျောင်းတွင် ရဟန်းပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုနှင့်ညသက်ဆိုင်​သောအ​ထောက်အထားများကို ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်-ခမ်းကောင် (PNDF-KK) ကထုတ်ပြန်ထားမှု)
(စစ်တပ်က ပင်​လောင်းမြို့နယ် နမ်းနိန်းရွာဘုန်းကြီး​ကျောင်းတွင် ရဟန်းပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုနှင့်ညသက်ဆိုင်​သောအ​ထောက်အထားများကို ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်-ခမ်းကောင် (PNDF-KK) ကထုတ်ပြန်ထားမှု)

ပအိုဝ်းအမျိုး သားကာကွယ်ရေး တပ်ဖွဲ့(ခမ်းကောင်) PNDF (KK) သည် ​တော်လှန်​ရေးအင်အားစုများနှင့်လက်တွဲ၍ စစ်​ကောင်စီကို ​တော်လှန်​နေ​သော ပအိုဝ်းတိုင်ရင်းသားများဖြင့်ဖွဲ့စည်းထား​သောကာကွယ်​ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည်။

ဆောင်းပြောင်းဒေသ၊ နမ်းနိန်းကျေးရွာအရှေ့ဘက် ဘုရားတောင်တွင်တပ်စွဲနေသော စစ်ကောင် စီတပ်များက မတ်လ (၁၁) ရက်နေ့၊ နံနက် ၅ နာရီအချိန်ခန့်တွင် နမ်းနိန်းကျေးရွာအတွင်းသို့ လက်နက်ကြီးများ၊ မီးကျည်များဖြင့်ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုကိုအကာအကွယ်ယူ၍ အခြားသော စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် နမ်းနိန်းကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

၎င်းတို့လာရာလမ်း တစ်လျှောက်တွင် စက်သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ် လမ်းရှင်းခဲ့ကြကြောင်း၊ လူနေအိမ်များအတွင်းသို့လည်း မီးကျည် များဖြင့်ပစ်ခတ်၍ မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း ဖော်ပြသည်။

ထို​နောက်စစ်​ကောင်စီတပ်များသည် ဘုန်းတော်ကြီးကျောင်း မြေအောက်တိုက်ခန်းတွင်ပုန်းအောင်းခိုလှုံနေကြသော နမ်းနိန်းကျေးရွာ ကျောင်းထိုင်ဆရာတော်အပါအဝင်သံဃာ

တော်သုံးပါးနှင့် အမျိုးသမီးတစ်ဦးအပါအဝင် ရွာသူရွာသား ၁၈ ဦး၊ စုစုပေါင်း (၂၁) ဦးတို့အား ဘုန်းကြီးကျောင်းမြေအောက် တိုက်ခန်းမှ ခေါ်ထုတ်ခဲ့ပြီး ဘုန်းကြီးကျောင်းနံရံအရှေ့တွင်ပင် ရက်စက်ကြမ်းကြုတ်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

အသတ်ခံရသူများ၏ ရုပ်အလောင်းများကို PNDF – KK (ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်-ခမ်းကောင်) အပါအဝင် KNDF ပူးပေါင်းတပ်ဖွဲ့များမှ သယ်ထုတ်နိုင်ခဲ့ကြောင်း၊ အခြားပစ်ခတ်သတ်ဖြတ် ခံရသူများနှင့်ပတ်သက်၍ ဆက်လက် စုံစမ်းလျက်ရှိကြောင်း ဖော်ပြထားသည်။

ယခုထုတ်ပြန်ချက်နှင့်အတူ နမ်းနိန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနံရံအရှေ့တွင် စစ်ကောင်စီတပ်များက ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရသော ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာတော်သုံးပါး၊ ရွာသူရွာသား ၁၈ ဦး၊ စုစုပေါင်း ၂၁ ဦးတို့၏ မှတ်တမ်းဓာတ်ပုံများကို ဖော်ပြခဲ့သည်။

(စစ်တပ်က ပင်​လောင်းမြို့နယ် နမ်းနိန်းရွာဘုန်းကြီး​ကျောင်းတွင် ရဟန်းပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုနှင့်ညသက်ဆိုင်​သောအ​ထောက်အထားများကို ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်-ခမ်းကောင် (PNDF-KK) ကထုတ်ပြန်ထားမှု)
(စစ်တပ်က ပင်​လောင်းမြို့နယ် နမ်းနိန်းရွာဘုန်းကြီး​ကျောင်းတွင် ရဟန်းပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုနှင့်ညသက်ဆိုင်​သောအ​ထောက်အထားများကို ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်-ခမ်းကောင် (PNDF-KK) ကထုတ်ပြန်ထားမှု)

KNDF ကမူ မတ်လ ၁၂ ရက်တွင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူရုပ်အ​လောင်း ၂၈ ​လောင်း​တွေ့ရှိရ​ကြောင်းထုတ်ပြန်ထားသဖြင့် ယခုထုတ်ပြန်ချက်ထက် ၇ ဦးပိုများသည်။ထို​ကြောင့် ကျန် ၇ ဦး၏ ရုပ်အ​လောင်းနှင့် ပတ်သပ်၍ People’s Spring ကစုံစမ်း​နေဆဲဖြစ်ပါသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များက ပြည်သူများကိုကြိုးတုတ်တန်းစီစေ၍ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ထားသော ရုပ်အလောင်းများကို ဖယ်ရှား ပြီးနောက်ကျောင်းနံရံတွင် တွေ့ရှိရသည့် စစ်ကောင်စီတပ်ဖွဲများ၏ကျည်ဆံရာဓာတ်ပုံမှတ်တမ်းများ၊ သံဃာတော်များနှင့် ရွာသူရွာသားများ ခိုလှုံခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့များက ခေါ်ထုတ်သတ်ဖြတ်ခဲ့ရာ ဘုန်းကြီးကျောင်း မြေအောက် တိုက်ခန်းမှတ်တမ်းဓာတ်ပုံ၊ နမ်းနိန်ကျေးရွာအတွင်းသို့ပစ်ခတ်ခဲ့သည့် စစ်ကောင်စီသုံး MA 5.56 ကျည်ဆံခွံ ကျည်ဘူး ခွံများနှင့် M 79 ကျည်ဆံခွံများ လက်နက်ကြီးစ,များ စသည့်ဓာတ်ပုံမှတ်တမ်း များကိုလည်းဖော်ပြထားသည်။

ကာကွယ်ရေးပစ္စည်းစက်ရုံများတွင်ထုတ်လုပ် သည်ဟူသည့် စာတန်းပါ စစ်ကောင်စီ၏ (ကပစ) ထုတ် ကျည်ဘူးခွံများဓာတ်ပုံမှတ်တမ်း၊ နမ်းနိန်ကျေးရွာရှိ လူနေအိမ် များအား လေယာဉ်များ လက်နက်ကြီးများဖြင့် ဗုံးကြဲတိုက်ခတ်မှုများကြောင့် ပျက်စီးနေသော နေအိမ်ဓာတ်ပုံမှတ်တမ်း များ၊ သန်ခေါင်းစာရင်းနှင့် ဗီဒီယိုရုပ်သံမှတ်တမ်းများကို တတ်နိုင်သမျှစုစည်း၍ ပူးတွဲတင်ပြအပ်ကြောင်း PNDF က ထုတ်ပြန်သည်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)ကလည်း လက်ရှိဖြစ်ပေါ်နေသော ပင်လောင်းအရးကိစ္စတွင် ပအိုဝ်းလူမျိုးများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ကြူးလွန်ခံရမှုနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးအတိုင်းအတာထိ သိရှိနိုင်ရန် သဘောထားများထုတ်ပြန်သင့်ကြောင်း တိုက်တွန်းထားသည်။

“အစုလိုက်အပြုံလိုက်သတ်ဖြတ်ကြူးလွန်ခံရမှုတွင် ကျွန်တော် တို့ ကိုယ်တိုင် ပါဝင်ပတ်သက်ခြင်းမရှိသော်လည်း နှုတ်ပိတ်နေခြင်းသည်လည်း သွယ်ဝိုက်သောနည်းဖြင့် အမှုကို ကျူးလွန်ရာရောက်ပါသည် ဟုယူဆမိပါသည်။ ထိုကဲ့သို့ ပအိုဝ်းဒေသကို လာရောက်ကျူးလွန်သည့်ကိစွတွင် လူမျိုးရေးပြသနာများဖြစ်လာအောင် ရည်ရွယ်ချက်ရှိရှိဖန်တီးနေမှုများ၏ လှည့်ကွက်တွင် ပအိုဝ်းတိုင်းရင်းသားများအားလုံး ပါးနပ်စွာမည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းရမည်ကို ဆွေးနွေးတိုင်ပင် အဖြေရှာသင့်ပြီဖြစ်ပါသည်” ဟု PNFCက အကြံပြုထားသည်။

(စစ်တပ်က ပင်​လောင်းမြို့နယ် နမ်းနိန်းရွာဘုန်းကြီး​ကျောင်းတွင် ရဟန်းပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုနှင့်ညသက်ဆိုင်​သောအ​ထောက်အထားများကို ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်-ခမ်းကောင် (PNDF-KK) ကထုတ်ပြန်ထားမှု)
(စစ်တပ်က ပင်​လောင်းမြို့နယ် နမ်းနိန်းရွာဘုန်းကြီး​ကျောင်းတွင် ရဟန်းပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုနှင့်ညသက်ဆိုင်​သောအ​ထောက်အထားများကို ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်-ခမ်းကောင် (PNDF-KK) ကထုတ်ပြန်ထားမှု)

ထိုအပြင် အခြားသတင်းတစ်ရပ်တွင်နမ်းနိန်းရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး တော်လှန်ရေးအဖွဲ့များ ကျူးလွန်ကြောင်း ဖော်ပြထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ သတင်းထုတ်ပြန်ချက် အတု ထွက်ပေါ်လျက်ရှိရာ ယင်းနှင့်ပတ်သက်ပြီး PNLOက သတင်းမှား၊ သတင်းတု ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းထားသည်။

အလားတူ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသည့် နမ်းနိန်းရွာခံများ၏ လက်လုပ်လက်နက်များ ချထားပြီး ဓာတ်ပုံရိုက်ယူကာ ကယား PDF များကို စနိုက်ပါဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဝါဒဖြန်လျက်ရှိသည်။

“စစ်တပ်ဘက်တော်သား မှိုင်းဝေ၊ Ko Thet တယ်လီဂရမ်ချန်နယ်များတွင် မတ်လ ၁၁ ရက်နေ့မှ စတင်ပြီး ဘုန်းကြီးကျောင်းအတွင်း ကယား PDF တွေ့ရှိ၍ စနိုက်ပါဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ မတ်လ ၁၂ ရက်နေ့တွင်မူ “ကယားပဒက်များရဲ့ နိဂုံး” ဆိုသော ခေါင်းစဉ်ဖြင့် “ဒီမောဆိုး နား၊ မတ် ၁၀ ရက်နေ့က စစ်တပ်ကို ကယားပဒက်တွေက ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေပေါ်ကနေ အကြံပက်စက်စွာပစ်တယ် ..တပ်က ပြန်ပစ်လိုမရဘူး .. ပစ်ရင် ဘာသာရေးအဆောက်အဦတွေ ပျက်စီးမှာစိုးလို့ ဒါနဲ့ စစ်ကြောင်းမှ ကွန်မန်ဒို Sniper အဖွဲထုတ်ပြီး ကိုင်ထည့်လိုက်တာ ပဒက် ၂၄ ကောင် ဂေါင်းတွေထိပြီး ဒွမ်သွားတယ် ။ပုံတွေရရင် ထပ်တင်ပေးဦးမယ်။ စစ်ကြောင်းတွေ နယ်မြေရှင်းနေတုန်းမို့ ” ဟု ဖော်ပြခဲ့ကြောင်း Pa-O Lo Ywel Facebook စာမျက်နှာ၌ စစ်ကောင်စီတပ်၏ ကျူးလွန်မှု နှင့် ဝါဒဖြန့်မှုများကို စိစစ်ဖော်ပြထားသည်။

မတ်လ ၅ရက်က ကျင်းပခဲ့သည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားမှာပင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက စစ်ကောင်စီအနေဖြင့် ပအိုဝ်းဒေသခံများကို လူသားဒိုင်းအဖြစ်၊ လက်ကိုင်တုတ်အဖြစ် အသုံးချနေ၍ ရုန်းထွက်ကြရန် တိုက်တွန်းပန်ကြားခဲ့​သေးသည်။

စစ်ကောင်စီတပ်သည် ၎င်း၏ လက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့ဖြစ်သော PNO/PNA တပ်များကို အသုံးပြုပြီး ကရင်နီ- ရှမ်းနယ်စစ် စစ်ဆင်ရေးများဆောင်ရွက်နေခဲ့သည့်အပြင် ​စစ်အုပ်စုကသေဆုံးဒဏ်ရာရသူများပြီးအထိနာလာ​သောအခါပအိုဝ်းဒေသခံများကို သတ်ဖြတ်ပြီး လူမျိုးရေးမုန်းတီးပြဿနာ ဖြစ်ပေါ်လာစေရန် ဖန်တီးလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ခင်ဦးနယ်အတွင်းရှိ ကျေးရွာ ၁၂ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

သတင်း

ဆီဆိုင်မြို့ကို PNLAက သိမ်းပိုက်ထိန်းချုပ်ထားသည့် အခြေအနေတွင် စစ်ကောင်စီက မြို့ကို ပြန်ဝင်ရောက်နေရာယူရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။