Connect with us

Hi, what are you looking for?

သတင်း

ရက်ကန်းစင်၁၀၀ ခန့်မီးရှို့ဖျက်ဆီးခံရ​သော​ရွှေဘို၊ ထူးကြီးရွာမှပြည်သူများအတွက်လက်ရက်ကန်းစင်များစတင်လှူဒါန်း

လက်ရက်ကန်းစင်တစ်စင်လျှင် ​မြန်မာငွေကျပ် ၆ သိန်းနှင့် သယ်ပို့ခ ငါးသောင်းကုန်ကျကြောင်း၊ S&C အဖွဲ့မှတဆင့် ဆက်သွယ်ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

(လှူဒါန်းထားသော လက်ရက်ကန်းစင်များအား တွေ့ရစဉ်။ ဓာတ်ပုံ-S&C)
(လှူဒါန်းထားသော လက်ရက်ကန်းစင်များအား တွေ့ရစဉ်။ ဓာတ်ပုံ-S&C)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရက်ကန်းစင် တစ်ရာဝန်းကျင်မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ထူးကြီးကျေးရွာရှိ ပြည်သူများအတွက် လက်ရက်ကန်းစင် အစင် ၂၀ စတင်လှူဒါန်းပေးထားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ရွှေဘိုမြို့နယ်၊ ထူးကြီးကျေးရွာရှိ နေအိမ်ပေါင်း ၂၀၀ ကျော်နှင့် စက်ရက်ကန်း၊ လက်ရက်ကန်းစင်တစ်ရာဝန်းကျင် မီးလောင်ကျွမ်းပျက်စီးခဲ့သည်။

ထိုရွာရှိ လက်ရက်ကန်းစင်ဆုံးရှုံးသွားသော ပြည်သူများအတွက် စင်ငါးဆယ်ခန့် လိုအပ်ပြီး လက်တလော ပြင်ပအလှူရှင်များက ၁၅ စင်၊S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ၅ စင် စုစုပေါင်း အစင်၂၀ လှူဒါန်းထားကြောင်း ပါဝင်ကူညီနေသူတစ်ဦးက ပြောသည်။

(လှူဒါန်းထားသော လက်ရက်ကန်းစင်များအား တွေ့ရစဉ်။ ဓာတ်ပုံ-S&C)
(လှူဒါန်းထားသော လက်ရက်ကန်းစင်များအား တွေ့ရစဉ်။ ဓာတ်ပုံ-S&C)

” ရက်ကန်းစင်လေးတွေ စပေးနေပြီ။ လောလောဆယ် ရတဲ့ စင် ၂၀ ကို မဲဖောက်ပေးမှာ။ ဝမ်းသာလွန်းလို့ ငိုကြတယ်တဲ့။”ဟု ပါဝင်ကူညီခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လက်ရက်ကန်းစင်တစ်စင်လျှင် ​မြန်မာငွေကျပ် ၆ သိန်းနှင့် သယ်ပို့ခ ငါးသောင်းကုန်ကျကြောင်း၊ S&C အဖွဲ့မှတဆင့် ဆက်သွယ်ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်အတွင်းဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)ကနေဆောက်လုပ်ပေးဖို့စီစဥ်ခဲ့ပေမယ့် အစီအစဥ်ပျက်သွားတဲ့တံတားကိုဒေသခံပြည်သူတွေကိုယ်ထူကိုယ်ထစနစ်နဲ့ အကောင်အထည်ဖော်တည်ဆောက်နေ​ပါတယ်။