Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာအကျဥ်းထောင်သစ်နှင့် အရာတော်နယ်ရှိ စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်

ယမန်နေ့ (မတ်လ ၁၅ ရက်) ည၁၂ နာရီခန့်ကစတင်ပြီး မုံရွာမြို့နယ်၊ သာစည်အကျဥ်းထောင်အတွင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား (၆၀) မမ ခြောက်လုံး၊ (၁၂၀) မမ နှစ်လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

(မုံရွာအကျဥ်းထောင်ရှေ့ရှိ စစ်ကောင်စီလက်ပါးစေရဲများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မုံရွာအကျဥ်းထောင်ရှေ့ရှိ စစ်ကောင်စီလက်ပါးစေရဲများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ သာစည်အကျဥ်းထောင်နှင့် အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာတပ်စွဲထားသော စစ်ကောင်စီတပ်အား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (မတ်လ ၁၅ ရက်) ည၁၂ နာရီခန့်ကစတင်ပြီး မုံရွာမြို့နယ်၊ သာစည်အကျဥ်းထောင်အတွင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား (၆၀) မမ ခြောက်လုံး၊ (၁၂၀) မမ နှစ်လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

အလားတူ ယမန်နေ့ နံနက် ၅ နာရီခန့်ကလည်း အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား (၆ဝ) မမ လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း Chindwin Attack Force၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သာစည်ထောင်အသစ်က အကျဥ်းသားတွေစထားပြီလား၊ မထားသေးဘူးလား သတင်းသေချာမရသေးဘူး။ သစ်ကျင်းကြီးက ပျူရွာပုံစံပဲ။ တပ်စွဲထားတာတော့ကြာပြီ။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

သာစည်အကျဥ်းထောင်သစ်ကို အာဏာသိမ်းကာလအတွင်း တည်ဆောက်ခဲ့ပြီး မကြာခဏလည်း တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၄ တပ်ခွဲ – ၂ ခွေးသတ်မုဆိုး PDFအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မတ်လ ၁၄ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်ကလည်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အား လက်နက်ကြီးများဖြင့် ၄၅မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကြောင်း Chindwin Attack Force က ထုတ်ပြန်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။